ယူကရိန်း၏ Su-25 တိုက်လေယာဉ် (၃)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော

 1261

Pika (NP News) - ဧပြီ ၁

ယူကရိန်း၏ Su-25 တိုက်လေယာဉ် (၃)စင်းကို အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ယူကရိန်း၏ တိုက်လေယာဉ်များသည် နိုင်ငံတောင်ပိုင်းရှိ Nikolaev ဒေသ Voznesensk လေယာဉ်ကွင်းတွင် ရှိနေစဉ် ယခုကဲ့သို့ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ အဆိုပါစစ်ဆင်ရေးကို နည်းဗျူဟာမြောက်လေယာဉ်များ၊ဒုံးကျည်တပ်ဖွဲ့များနှင့် အမြောက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်သည့် နောက်ထပ် အသေးစိတ်အချက်အလက်များကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ယူကရိန်း၏ရေဒါတစ်ခု၊ တိုက်ခိုက်ရေးယာဉ်တစ်စီး၊ S-300 ဒုံးကျည်စနစ်(၃)ခုနှင့် ခဲယမ်းမီးကျည်သိုလှောင်ရုံ(၂)ခုတို့ကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ရုရှားသည် ပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ပြီး ယူကရိန်း၏ စစ်လေယာဉ်(၅၈၀)စင်း၊ ရဟတ်ယာဉ်(၂၇၀)စင်းနှင့် ဒရုန်းအစင်းရေ(၁၇၉၅၁)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားသည် ယူကရိန်းကို F-16 တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးမည်ဟု ကတိပြုထားကာ ယူကရိန်းတိုက်လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးမှုများလုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ပေးပို့ခြင်းများကို လုပ်ဆောင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ယူကရိန်းသို့ တိုက်လေယာဉ်များပေးပို့ခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင်လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း ရုရှားက အနောက်အုပ်စုကို သတိပေးပြောဆိုထားသည်။

zawgyi version
ယူကရိန္း၏ Su-25 တိုက္ေလယာဥ္ (၃)စင္းကို ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ေျပာ
Pika (NP News) - ဧၿပီ ၁

ယူကရိန္း၏ Su-25 တိုက္ေလယာဥ္ (၃)စင္းကို ေအာင္ျမင္စြာဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက မတ္လ(၃၁)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

ယူကရိန္း၏ တိုက္ေလယာဥ္မ်ားသည္ ႏိုင္ငံေတာင္ပိုင္းရွိ Nikolaev ေဒသ Voznesensk ေလယာဥ္ကြင္းတြင္ ရွိေနစဥ္ ယခုကဲ့သို႔ဖ်က္ဆီးပစ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ အဆိုပါစစ္ဆင္ေရးကို နည္းဗ်ဴဟာေျမာက္ေလယာဥ္မ်ား၊ဒုံးက်ည္တပ္ဖြဲ႕မ်ားႏွင့္ အေျမာက္မ်ားျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္သည့္ ေနာက္ထပ္ အေသးစိတ္အခ်က္အလက္မ်ားကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ယူကရိန္း၏ေရဒါတစ္ခု၊ တိုက္ခိုက္ေရးယာဥ္တစ္စီး၊ S-300 ဒုံးက်ည္စနစ္(၃)ခုႏွင့္ ခဲယမ္းမီးက်ည္သိုေလွာင္႐ုံ(၂)ခုတို႔ကိုလည္း ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့သည္။ ႐ုရွားသည္ ပဋိပကၡစတင္ျဖစ္ပြားသည့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္ၿပီး ယူကရိန္း၏ စစ္ေလယာဥ္(၅၈၀)စင္း၊ ရဟတ္ယာဥ္(၂၇၀)စင္းႏွင့္ ဒ႐ုန္းအစင္းေရ(၁၇၉၅၁)စင္းကို ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားသည္ ယူကရိန္းကို F-16 တိုက္ေလယာဥ္မ်ား ကူညီပံ့ပိုးေပးမည္ဟု ကတိျပဳထားကာ ယူကရိန္းတိုက္ေလယာဥ္မႉးမ်ားကို ေလ့က်င့္သင္ၾကားေပးမႈမ်ားလုပ္ေဆာင္ေနေသာ္လည္း လက္ရွိအခ်ိန္အထိ ေပးပို႔ျခင္းမ်ားကို လုပ္ေဆာင္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ယူကရိန္းသို႔ တိုက္ေလယာဥ္မ်ားေပးပို႔ျခင္းသည္ ပဋိပကၡကို ပိုမိုရွည္ၾကာေအာင္လုပ္ေဆာင္ေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း ႐ုရွားက အေနာက္အုပ္စုကို သတိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.