စစ်ပွဲဖြစ်ပွားရင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ် အမေရိကန်နိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးဖို့ စီစဉ်ထားဟုဆို

 4499

ဂျန်ဇက် (NP News) - ဧပြီ ၁

တရုတ် နဲ ထိုင်ဝမ်တို့ စစ်ပွဲဖြစ်လာမယ်ဆိုရင် ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်ဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ်ထားကြောင်း တရုတ်အခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေမျိုးအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေရာ နှစ်ဖက်တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။

Information Environment Research Center (IORG) အဖွဲ့က ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ရင် ရာထူးကနေ ထွက်ရတော့မယ့် ဆိုင်အမ်ဝမ်ဟာ အမေရိကန်ထွက်ပြေးမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်ကတော့ တရုတ်သတင်းဌာနရဲ့ဖော်ပြချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေပြီး စစ်အင်အား အရှိန်မြင့်တည်ဆောက်နေ တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်စစ်တပ်က တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ၂ဝ၂၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံကို တုံ့ပြန်နိုင်ဖို့ စစ်လက်နက်ပစ္စည်းတွေ အားဖြည့်နေသလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ထိုင်ဝမ်မှာ လာမယ့် မေလအတွင်း သမ္မတအသစ်ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်မှာဖြစ်ပြီး DPP' ပါတီ ခေါင်းဆောင် လိုင်ချန်တေးဟာ မေလ ၂ဝ ရက်နေ့မှာ သမ္မတအသစ်အဖြစ် စတင်တာဝန်ယူမှာဖြစ်ပါတယ်။ ထိုင်ဝမ် သမ္မတအဖြစ် တာဝန်ယူမယ့် လိုင်ချန်တေးဟာလည်း တရုတ်နိုင်ငံလိုလားတဲ့သူမျိုးမဟုတ်ဘဲ ၎င်းလက်ထက်မှာ တင်းမာမှုအရှိန် ပိုမိုဖြစ်လာဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဟာ ထိုင်ဝမ်အစိုးရအပေါ် ယုံကြည်မှုလျော့နည်းအောင် သတင်းအမှားတွေဖြန့်နိုင်ဖို့ နိုင်ငံပိုင်မီဒီယာတွေအပြင် ထိုင်ဝမ်ပြည်တွင်း အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Zawgyi Version;
စစ္ပြဲျဖစ္ပြားရင္ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္ အေမရိကန္ႏိုင္ငံကို ေလယာဥ္နဲ႔ထြက္ေျပးဖို႔ စီစဥ္ထားဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၁

တ႐ုတ္ နဲ ထိုင္ဝမ္တို႔ စစ္ပြဲျဖစ္လာမယ္ဆိုရင္ ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္ဟာ အေမရိကန္ႏိုင္ငံကို ထြက္ေျပးဖို႔ စီစဥ္ထားေၾကာင္း တ႐ုတ္အေျခစိုက္မီဒီယာေတြက ေဖာ္ျပထားပါတယ္။
ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း စစ္ပြဲျဖစ္လာႏိုင္တဲ့အေျခအေနမ်ိဳးအထိ ရွိလာႏိုင္ေၾကာင္း ခန႔္မွန္းမႈေတြလည္း ထြက္ေပၚေနပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကို ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္က ခြဲထြက္ကာ ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းေနရာ ႏွစ္ဖက္တင္းမာမႈေတြ ရွိေနခဲ့ပါတယ္။

Information Environment Research Center (IORG) အဖြဲ႕က ထိုင္ဝမ္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ရင္ ရာထူးကေန ထြက္ရေတာ့မယ့္ ဆိုင္အမ္ဝမ္ဟာ အေမရိကန္ထြက္ေျပးမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္ကေတာ့ တ႐ုတ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္သိမ္းပိုက္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီး စစ္အင္အား အရွိန္ျမင့္တည္ေဆာက္ေန တယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ အေမရိကန္စစ္တပ္က တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္ကို ၂ဝ၂၇ ခုႏွစ္မွာ က်ဴးေက်ာ္သိမ္းပိုက္ဖြယ္ရွိေနတယ္လို႔ ခန႔္မွန္းထားပါတယ္။ ထိုင္ဝမ္ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို တုံ႔ျပန္ႏိုင္ဖို႔ စစ္လက္နက္ပစၥည္းေတြ အားျဖည့္ေနသလို စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ ထိုင္ဝမ္မွာ လာမယ့္ ေမလအတြင္း သမၼတအသစ္က်မ္းသစၥာက်ိန္ဆိုပြဲျပဳလုပ္မွာျဖစ္ၿပီး DPP' ပါတီ ေခါင္းေဆာင္ လိုင္ခ်န္ေတးဟာ ေမလ ၂ဝ ရက္ေန႔မွာ သမၼတအသစ္အျဖစ္ စတင္တာဝန္ယူမွာျဖစ္ပါတယ္။ ထိုင္ဝမ္ သမၼတအျဖစ္ တာဝန္ယူမယ့္ လိုင္ခ်န္ေတးဟာလည္း တ႐ုတ္ႏိုင္ငံလိုလားတဲ့သူမ်ိဳးမဟုတ္ဘဲ ၎လက္ထက္မွာ တင္းမာမႈအရွိန္ ပိုမိုျဖစ္လာဖြယ္ရွိတယ္လို႔ ထင္ေၾကးေပးမႈေတြ ရွိေနပါတယ္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္အစိုးရအေပၚ ယုံၾကည္မႈေလ်ာ့နည္းေအာင္ သတင္းအမွားေတြျဖန႔္ႏိုင္ဖို႔ ႏိုင္ငံပိုင္မီဒီယာေတြအျပင္ ထိုင္ဝမ္ျပည္တြင္း အဖြဲ႕အစည္းအခ်ိဳ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.