ရွေးကောက်ပွဲမတိုင်မီ နယူးဒေလီပြည်နယ်ဝန်ကြီးချုပ်ကို ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး အတိုက်အခံပါတီ နှင့် ၎င်း၏ ထောက်ခံသူများ ဆန္ဒပြ

 432

Pika (NP News) - ဧပြီ ၁

အိန္ဒိယ၏ အတိုက်အခံညွန့်ပေါင်းအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များနှင့် ၎င်းတို့ကိုထောက်ခံသူ လူထောင်ပေါင်း များစွာသည် ရွေးကောက်ပွဲမတိုင်မီ နယူးဒေလီပြည်နယ်ဝန်ကြီးချုပ်ကို ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး မတ်လ(၃၁) ရက်တွင် နယူးဒေလီမြို့မှာ ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဝန်ကြီးချုပ်မိုဒီ၏ အဓိကပြိုင်ဖက်တစ်ဦးဖြစ်သော Arvind Kejriwal သည် ကာလရှည်ကြာ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး မတ်လအစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ နယူးဒေလီပြည်နယ်ဝန်ကြီးချုပ် Arvind Kejriwal နှင့် ဝန်ကြီးများသည် အရက်ဘီယာကုမ္ပဏီများထံမှ လာဘ်လာဘများရယူခဲ့ကြောင်း စွပ်စွဲခံထား ရသည်။

သို့သော်လည်း အဆိုပါစွပ်စွဲချက်များကို အသက်(၅၅)နှစ်အရွယ် Arvind Kejriwal က ငြင်းဆိုထားကြောင်းလည်း သိရသည်။ Shiv Sena ပါတီခေါင်းဆောင် Uddhav Thackeray က “အိန္ဒိယနိုင်ငံဟာ သက်ဦးဆံပိုင်စနစ်ကို ဦးတည်သွားနေတာပါ။ လက်ရှိအစိုးရဟာ အိန္ဒိယနိုင်ငံကို ဖျက်ဆီးပစ်နေတာပါ” ဟု ပြောခဲ့သည်။

လာမည့် ဧပြီလ(၁၉)ရက်တွင် စတင်မည့် သီတင်းပတ်ခြောက်ပတ်ကြာ လွှတ်တော်ရွေးကောက်ပွဲများတွင် အစိုးရ အသစ်ကို ရွေးချယ်ရန်အတွက် အိန္ဒိယနိုင်ငံသားတစ်ဘီလျံနီးပါက မဲပေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။ Arvind Kejriwal ကို ဖမ်းဆီးခဲ့သည့် အိန္ဒိယနိုင်ငံ၏ အဓိကဘဏ္ဍာရေးစုံစမ်းစစ်ဆေးရေးအေဂျင်စီ (ED) သည် အခြားပြည်နယ်ဝန်ကြီးချုပ် အနည်းဆုံး(၄)ဦး (သို့မဟုတ်) ၎င်းတို့၏ မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် အတိုက်အခံခေါင်းဆောင်များကို ခြိမ်းခြောက်ရန်အတွက် ဥပဒေစိုးမိုးရေး အေဂျင်စီများကို အသုံးပြုနေသည်ဟု ဝေဖန်သူများက စွပ်စွဲပြောဆိုထားကြသည်။ အလံများကို ဝှေ့ရမ်းနေသော ဆန္ဒပြသူလူအုပ်ကြီးသည် အချုပ်ကျနေသည့် Arvind Kejriwal ၏ ပုံကို ပြသထားသည့် ပိုစတာများကို ကိုင်ဆောင်ထားကာ ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲမတိုင္မီ နယူးေဒလီျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ဖမ္းဆီးျခင္းႏွင့္ပတ္သက္ၿပီး အတိုက္အခံပါတီ ႏွင့္ ၎၏ ေထာက္ခံသူမ်ား ဆႏၵျပ
Pika (NP News) - ဧၿပီ ၁

အိႏၵိယ၏ အတိုက္အခံၫြန႔္ေပါင္းအဖြဲ႕၏ ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ ၎တို႔ကိုေထာက္ခံသူ လူေထာင္ေပါင္း မ်ားစြာသည္ ေ႐ြးေကာက္ပြဲမတိုင္မီ နယူးေဒလီျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ဖမ္းဆီးျခင္းႏွင့္ပတ္သက္ၿပီး မတ္လ(၃၁) ရက္တြင္ နယူးေဒလီၿမိဳ႕မွာ ဆႏၵျပပြဲမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ဝန္ႀကီးခ်ဳပ္မိုဒီ၏ အဓိကၿပိဳင္ဖက္တစ္ဦးျဖစ္ေသာ Arvind Kejriwal သည္ ကာလရွည္ၾကာ အက်င့္ပ်က္ျခစားမႈႏွင့္ ပတ္သက္ၿပီး မတ္လအေစာပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း သိရသည္။ နယူးေဒလီျပည္နယ္ဝန္ႀကီးခ်ဳပ္ Arvind Kejriwal ႏွင့္ ဝန္ႀကီးမ်ားသည္ အရက္ဘီယာကုမၸဏီမ်ားထံမွ လာဘ္လာဘမ်ားရယူခဲ့ေၾကာင္း စြပ္စြဲခံထား ရသည္။

သို႔ေသာ္လည္း အဆိုပါစြပ္စြဲခ်က္မ်ားကို အသက္(၅၅)ႏွစ္အ႐ြယ္ Arvind Kejriwal က ျငင္းဆိုထားေၾကာင္းလည္း သိရသည္။ Shiv Sena ပါတီေခါင္းေဆာင္ Uddhav Thackeray က “အိႏၵိယႏိုင္ငံဟာ သက္ဦးဆံပိုင္စနစ္ကို ဦးတည္သြားေနတာပါ။ လက္ရွိအစိုးရဟာ အိႏၵိယႏိုင္ငံကို ဖ်က္ဆီးပစ္ေနတာပါ” ဟု ေျပာခဲ့သည္။

လာမည့္ ဧၿပီလ(၁၉)ရက္တြင္ စတင္မည့္ သီတင္းပတ္ေျခာက္ပတ္ၾကာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားတြင္ အစိုးရ အသစ္ကို ေ႐ြးခ်ယ္ရန္အတြက္ အိႏၵိယႏိုင္ငံသားတစ္ဘီလ်ံနီးပါက မဲေပးမႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ Arvind Kejriwal ကို ဖမ္းဆီးခဲ့သည့္ အိႏၵိယႏိုင္ငံ၏ အဓိကဘ႑ာေရးစုံစမ္းစစ္ေဆးေရးေအဂ်င္စီ (ED) သည္ အျခားျပည္နယ္ဝန္ႀကီးခ်ဳပ္ အနည္းဆုံး(၄)ဦး (သို႔မဟုတ္) ၎တို႔၏ မိသားစုဝင္မ်ားကို စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ အတိုက္အခံေခါင္းေဆာင္မ်ားကို ၿခိမ္းေျခာက္ရန္အတြက္ ဥပေဒစိုးမိုးေရး ေအဂ်င္စီမ်ားကို အသုံးျပဳေနသည္ဟု ေဝဖန္သူမ်ားက စြပ္စြဲေျပာဆိုထားၾကသည္။ အလံမ်ားကို ေဝွ႔ရမ္းေနေသာ ဆႏၵျပသူလူအုပ္ႀကီးသည္ အခ်ဳပ္က်ေနသည့္ Arvind Kejriwal ၏ ပုံကို ျပသထားသည့္ ပိုစတာမ်ားကို ကိုင္ေဆာင္ထားကာ ဆႏၵျပခဲ့ၾကေၾကာင္းလည္း သိရသည္။

Picture

L Mone

01/04/2024 19:31

India အတိုက်ခံ.....ငွေကြေးလာဘ်ယူနေပြီ..တရုတ်လက်ချက်လား...ပါကစ္စတန်လက်ချက်လားပဲ

Related news

© 2021. All rights reserved.