ဂျိုင်းမြစ်ကူးတံတားကိုဖောက်ခွဲမည့် KNLA ချီတက်လမ်း ဖြတ်တောက် တိုက်ပွဲကြောင့် ကျိုက်မရော ဓမ္မသကျေးရွာ ကြားညပ်ပြီး မီးလောင်ပျက်စီးခဲ့ရ

 1766

Iris (NP-News) - ဧပြီ ၂

မော်လမြိုင်-ဘားအံ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဂျိုင်းမြစ်ကူးတံတားကို ချိုးဖျက်၍ လမ်းကြောင်း ဖြတ်တောက်ရန် ကြိုးစားခဲ့သော မွန်ခွဲထွက်အဖွဲ့နှင့် KNLA ပူးပေါင်းတပ်များကို ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအနီးတွင် တပ်မတော်က တားမြစ်ဖြတ်တောက်နိုင်ခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း ဓမ္မသကျေးရွာလည်း ကြားညပ်၍ မီးလောင် ပျက်စီးကာ အထိနာသွားခဲ့ရပြီဖြစ်ကြောင်း နယ်မြေအခြေအနေများကို စုံစမ်းဖော်ထုတ်ချက်အရ သိရသည်။

ပြည်ပြေးသတင်းဌာနမျိုးစုံတွင် ဖော်ပြနေသောသတင်းများ၌ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာ ကြီးကို စစ်တပ် က လက်နက်ကြီးဖြင့် မတ်လ(၂၇) ရက်၌ အကြောင်းမဲ့ပစ်ခတ်သည့်အပြင် မီးလောင်နေမှုကိုပါ ငြှိမ်းသတ်ခွင့်မပြုခဲ့ ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ယင်းပြင် နယ်မြေခံလူမှုကူ ညီရေးအသင်းအဖွဲ့ဝင်ဟုဆိုသော ပုဂ္ဂိုလ်များကို ဖြစ်စေ၊ အရပ်သားအချို့ဆိုသူများကို ဖြစ်စေ ဆက်သွယ်မေးမြန်း၍ ဂျိုင်းမြစ် အတွင်းရှိစစ်သင်္ဘောများဆီမှ လက်နက်ကြီးများဖြင့် အရပ်သားများထံ အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပုံဖော်ရေးသားခဲ့ကြသည်ကိုလည်း တွေ့ရသည်။ စစ်ဘက်သတင်း ရင်းမြစ်ကမူ အကြောင်းမဲ့ပစ်ခတ် ခြင်းမျိုးမဟုတ်ဘဲ လက်နက်ကိုင်အင်အားစု၍ ပြည်သူလူထုသွားလာနေသည့် မော်လမြိုင်-ဘားအံ လမ်းကြောင်းပေါ်မှ တံတားကို ချိုးဖျက်ရန်ပြင်ဆင်နေခြင်းကြောင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။ ‘ဓမ္မသက အဓိက မဟုတ်ဘူး။ ဒီကောင်တွေ ဦးတည်တာက တရနာကနေ မော်လမြိုင်-ဘားအံ လမ်းကြောင်းပေါ် တက်ဖို့ပဲ။ ဂျိုင်းမြစ်ကူးတံတားကြီးရှိတယ်လေ။ ဇာသပြင်က တံတား၊ အဲဒါကို သူတို့က ထိန်းချုပ်ချင်တယ်။ ချိုးပစ်ချင်တဲ့ သဘော။ အဲဒါကို ထိန်းချုပ်နိုင်ရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြားမှာ လွတ်မြောက်နယ်မြေဖြစ်ပြီး ကော့ကရိတ်တို့ ကြာအင်းဆိပ်ကြီးတို့မှာ စစ်ကူမလာနိုင်တော့ဘဲ လုပ်ချင်တိုင်း လုပ်တော့မှာ။ ကံဆိုးချင်တော့ ကော့ဘိန်းကို သူတို့ဝင်ဆောင့်ချိန်ကတည်းက တက်လာနိုင်တဲ့လမ်းကြောင်းကို တပ်တွေက တရနာလောက်မှာ ပိတ်ထားလိုက်တယ်။ တရနာကို တိုးဖို့လာရင်းနဲ့ ဒီကောင်တွေက ဓမ္မသကိုရောက် တော့ ပြည်သူ့စစ်တွေကို ဖမ်းတာတို့ ဝန်ထမ်းတချို့ကို ဖမ်းတာတို့ ဖြစ်သွားရော။ မွန်ခွဲ ထွက်အဖွဲ့လည်း ပါတယ်။ အင်အား (၃၀ဝ)၊ (၄၀ဝ)လောက် ဖြစ်လာတော့ ပစ်ကြခတ်ကြဖြစ်တာပေါ့။ ‘ အဲဒီလိုနဲ့ ဓမ္မသရွာက ကြားညပ်သွား တာပေါ့ ’ ဟု စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က NP News ကို မတ်လ(၂၉)ရက်တွင် အတည်ပြုပြောကြားသည်။

ယင်းဖြစ်စဉ်မတိုင်မီ မတ်လ(၂၅)ရက်၌ KNLA ပူး ပေါင်းတပ်များက ဓမ္မသရွာနှင့် နာရီဝက်မျှသာ ကားမောင်းလျှင် ရောက်ရှိနိုင်သည့် မွန်နှင့်ကရင်အစပ်ရှိ ကော့ဘိန်းရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အတိအလင်း ကြေညာထားသည်။

‘မီးလောင်တာက (၄)လမ်းကနေ စပြီးလောင်တယ်။ အခု နောက်ဆုံးအခြေအနေက (၁၂)လမ်းအထိ စုစုပေါင်း (၈)လမ်းလောက် လောင်သွားတယ်။ ဓမ္မသက တကယ့်ကို မွန်စစ်စစ်တွေချည်းပဲနေတဲ့ ရွာအကြီးကြီးပဲ။ မွန် ခွဲထွက် အဖွဲ့တွေက ရွာထဲမှာ လူ စုစု စုစုလုပ်ပြီး အယ်စေးဝါးတို့နဲ့ ပေါင်းဖို့ ပြင်နေတာ။ အခုတော့ မွန်တိုင်းရင်းသားတွေ ဒုက္ခရောက်တာပေါ့ ’ ဟု NP News ၏ နယ်မြေခံစစ်ရေးသတင်း ရင်းမြစ်ကလည်း မတ်လ(၂၉)ရက်တွင် ပြောသည်။

ဓမ္မသကျေးရွာကို ပျက်စီးစေခဲ့သည့် စစ်ပွဲ၏အစမှာ ကရင်နှင့်မွန်အစပ်တွင်ရှိသော ကော့ဘိန်းကျေးရွာကို KNLA နှင့် မွန်ခွဲထွက်အဖွဲ့များက ပူးပေါင်းတိုက်ပွဲ ဖော်ခဲ့ပြီးနောက် (၄) မိုင်ခန့်သာ ကွာဝေးသော ဓမ္မသကျေးရွာအတွင်း၌ အင်အားစုဆောင်းမှုများ ဆက်လက်လုပ်ဆောင်နေခြင်းမှ စတင်ခဲ့ခြင်းဟု ဆိုသည်။

အထူးသဖြင့် ကော့ဘိန်း-ဓမ္မသ-သံက လောင်-တရနာ-ကော့ဖပ်-ကော့ဇွဲ ချိတ်ဆက် ရမ္မာ ဝတီလမ်းပေါ်မှတစ်ဆင့် မော်လမြိုင်-ဘားအံလမ်းပေါ်သို့ KNLA နှင့် မွန်ခွဲထွက်အဖွဲ့များက လမ်းကြောင်းရှာ တိုက်ပွဲဖော်ဆောင်လိုနေခြင်း ဖြစ်ကြောင်း မွန်တိုင်းရင်းသား လက်နက်ကိုင်အတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အတွင်းထဲမှာတော့ နည်းနည်းကွဲသလိုလိုဖြစ်သွားတယ်။ ကော့ဘိန်းတိုက်ပွဲမှာ လက်နက်တွေရတော့ မွန် ခွဲထွက် တွေကို မပေးဘဲ အယ်စေးဝါးက အကုန်သိမ်းတယ်။ အဲဒါကို မွန် ခွဲထွက်တွေက မကြိုက်သလို ဓမ္မသထဲက အတွင်းသိအဆင်းသိတွေက မင်းတို့ကြောင့် ငါတို့ရွာပျက်ပြီလို့ ပြောလာကြတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ကော့ဘိန်းဘက်မှ တစ်ဆင့် ဓမ္မသကျေးရွာသို့ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ဝင်ရောက်လာသည့်အချိန်၌ ဒေသခံ ပြည်သူအချို့က မနှစ်သက်ကြသော်လည်း လက်နက်ကိုင်ထားသူများဖြစ်နေခြင်း၊ မနှစ်သက်ကြောင်းပြသမှုသည် အခြား တစ်ဖက်တွင် စစ်တပ်ကိုထောက်ခံသည် ဟု စွပ်စွဲခံရစေခြင်းဆိုသောအချက်များကြောင့် အသံမထွက် ရဲခဲ့ကြကြောင်း၊ သို့သော်လည်း စစ်ဘက် နှင့် အခြားသောသိသင့်သိထိုက်သည့် သတင်းဌာနများထံ အချက်အလက်အချို့ကို ပေးပို့ထားကြကြောင်းလည်း ဆိုသည်။

ပူးပေါင်းအဖွဲ့ဘက်က အကောင်အထည်ဖော်လိုသော လမ်းကြောင်းဖြတ်တောက်မှုလုပ်ငန်းစဉ်မှာ ဓမ္မသကျေးရွာ တွင် အဆုံးသတ်သွားခဲ့သော်လည်း ကျေးရွာမှာမူ စစ်ပွဲ၏ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
“ရွာထဲမှာ အင်အား(၅၀)-(၁၀ဝ)လောက်တော့ ကျန်သေးတယ်။ တခြားသူတွေကတော့ ယူနီဖောင်းပြောင်းဝတ်ပြီး အရပ်သား ဖြစ်သွားပြီ” ဟု သတင်းရင်းမြစ်ကပြောသည်။ ဓမ္မသကျေးရွာ မီးလောင်ပျက်စီးမှုသည် တပ်မတော် ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဖြစ်သော်လည်း ရာသီဥတုအခြေအနေနှင့် စစ်ပွဲဖြစ်နေခြင်း များကလည်း မီးလောင်မှုကို ပိုမိုအားကောင်းစေခဲ့ကြောင်း ဆိုသည်။ ပြည်ပြေးမီဒီယာများတွင်မူ မီးလောင်မှုကို ငြှိမ်းသတ်ပေးမည့်ကားများ သွားရောက်နိုင်ခြင်းမရှိစေရန် စစ်တပ်ဘက်က ဟန့်တားခဲ့ကြသည်ဟု ဖော်ပြထား သည်။

“ကျွန်တော်တို့ ဘက်က တားထားတာမရှိဘူး။ ဒါပေမဲ့ တရနာတို့ သံကလောင်တို့ဘက်က မီးသတ်တွေက သွားကူညီချင်တာတောင် တိုက်ပွဲဖြစ်နေလို့ မသွားရဲကြတာတော့ ဖြစ်နိုင်တယ်။ အခုက ကော့ဘိန်းလည်း ပျက်ပြီ၊ ဓမ္မသတ်ရွာလည်း ပျက်ပြီပေါ့။ သူတို့ဘက်ကလည်း ရှေ့မတိုးနိုင်ဘဲ ဆုတ်သွားပြီ။ တပ်ကလည်း ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပေါ့” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ ဂျိုင်းမြစ်ကူးတံတား(ဇာသပြင်)၏ ထိပ်နှစ်ဖက်တွင် အခြေစိုက်ထားသော တပ်မတော်စစ်ကြောင်းများက တံတားလုံခြုံရေးအပြင် တရနာနှင့် သံကလောင်တို့အထိ ထိုးစစ်များဆင်၍ KNLA အဖွဲ့ကို တားဆီးဖြတ်တောက်ထားနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ကြားညပ်သွားခဲ့သည့် ဓမ္မသကျေးရွာ နှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားသည်။

KNLA မွန်ခွဲထွက်အဖွဲ့တို့နှင့် တပ်မတော်စစ်ကြောင်းများ၏ အားပြိုင်ခဲ့သောတိုက်ပွဲများကြောင့် မီးလောင်ပျက်စီး ခဲ့ရသော ဓမ္မသကျေးရွာသည် မြို့တစ်မြို့အဆင့်မျိုး ကြီးမားပြီး ဂျိုင်းမြစ်ကို မေးတင်ထားသည့် လှပသော ကျေးရွာ ကြီးတစ်ခုဖြစ်သည်။ လက်နက်ကြီးကျရာက်မှုကြောင့် ဓမ္မသကျေးရွာမှ အိမ်ခြေပေါင်း(၃၀ဝ) ကျော် ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင် ပြည်သူပေါင်း(၆၀ဝဝ) ထက် မနည်းရှိခဲ့ရကြောင်း နယ်မြေအခြေစိုက်ပရဟိတအဖွဲ့အစည်းများထံမှ သိရသည်။

Zawgyi Version;
ဂ်ိဳင္းျမစ္ကူးတံတားကိုေဖာက္ခြဲမည့္ KNLA ခ်ီတက္လမ္း ျဖတ္ေတာက္ တိုက္ပြဲေၾကာင့္ က်ိဳက္မေရာ ဓမၼသေက်း႐ြာ ၾကားညပ္ၿပီး မီးေလာင္ပ်က္စီးခဲ့ရ
Iris (NP-News) - ဧၿပီ ၂

ေမာ္လၿမိဳင္-ဘားအံ အေဝးေျပးလမ္းမႀကီးေပၚရွိ ဂ်ိဳင္းျမစ္ကူးတံတားကို ခ်ိဳးဖ်က္၍ လမ္းေၾကာင္း ျဖတ္ေတာက္ရန္ ႀကိဳးစားခဲ့ေသာ မြန္ခြဲထြက္အဖြဲ႕ႏွင့္ KNLA ပူးေပါင္းတပ္မ်ားကို က်ိဳက္မေရာၿမိဳ႕နယ္ ဓမၼသေက်း႐ြာအနီးတြင္ တပ္မေတာ္က တားျမစ္ျဖတ္ေတာက္ႏိုင္ခဲ့ၿပီး ယင္းျဖစ္စဥ္အတြင္း ဓမၼသေက်း႐ြာလည္း ၾကားညပ္၍ မီးေလာင္ ပ်က္စီးကာ အထိနာသြားခဲ့ရၿပီျဖစ္ေၾကာင္း နယ္ေျမအေျခအေနမ်ားကို စုံစမ္းေဖာ္ထုတ္ခ်က္အရ သိရသည္။

ျပည္ေျပးသတင္းဌာနမ်ိဳးစုံတြင္ ေဖာ္ျပေနေသာသတင္းမ်ား၌ က်ိဳက္မေရာၿမိဳ႕နယ္ရွိ ဓမၼသေက်း႐ြာ ႀကီးကို စစ္တပ္ က လက္နက္ႀကီးျဖင့္ မတ္လ(၂၇) ရက္၌ အေၾကာင္းမဲ့ပစ္ခတ္သည့္အျပင္ မီးေလာင္ေနမႈကိုပါ ျငႇိမ္းသတ္ခြင့္မျပဳခဲ့ ေၾကာင္း ေရးသားထားသည္ကို ေတြ႕ရသည္။

ယင္းျပင္ နယ္ေျမခံလူမႈကူ ညီေရးအသင္းအဖြဲ႕ဝင္ဟုဆိုေသာ ပုဂၢိဳလ္မ်ားကို ျဖစ္ေစ၊ အရပ္သားအခ်ိဳ႕ဆိုသူမ်ားကို ျဖစ္ေစ ဆက္သြယ္ေမးျမန္း၍ ဂ်ိဳင္းျမစ္ အတြင္းရွိစစ္သေဘၤာမ်ားဆီမွ လက္နက္ႀကီးမ်ားျဖင့္ အရပ္သားမ်ားထံ အေၾကာင္းမဲ့ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ပုံေဖာ္ေရးသားခဲ့ၾကသည္ကိုလည္း ေတြ႕ရသည္။ စစ္ဘက္သတင္း ရင္းျမစ္ကမူ အေၾကာင္းမဲ့ပစ္ခတ္ ျခင္းမ်ိဳးမဟုတ္ဘဲ လက္နက္ကိုင္အင္အားစု၍ ျပည္သူလူထုသြားလာေနသည့္ ေမာ္လၿမိဳင္-ဘားအံ လမ္းေၾကာင္းေပၚမွ တံတားကို ခ်ိဳးဖ်က္ရန္ျပင္ဆင္ေနျခင္းေၾကာင့္ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္သည္။ ‘ဓမၼသက အဓိက မဟုတ္ဘူး။ ဒီေကာင္ေတြ ဦးတည္တာက တရနာကေန ေမာ္လၿမိဳင္-ဘားအံ လမ္းေၾကာင္းေပၚ တက္ဖို႔ပဲ။ ဂ်ိဳင္းျမစ္ကူးတံတားႀကီးရွိတယ္ေလ။ ဇာသျပင္က တံတား၊ အဲဒါကို သူတို႔က ထိန္းခ်ဳပ္ခ်င္တယ္။ ခ်ိဳးပစ္ခ်င္တဲ့ သေဘာ။ အဲဒါကို ထိန္းခ်ဳပ္ႏိုင္ရင္ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ၾကားမွာ လြတ္ေျမာက္နယ္ေျမျဖစ္ၿပီး ေကာ့ကရိတ္တို႔ ၾကာအင္းဆိပ္ႀကီးတို႔မွာ စစ္ကူမလာႏိုင္ေတာ့ဘဲ လုပ္ခ်င္တိုင္း လုပ္ေတာ့မွာ။ ကံဆိုးခ်င္ေတာ့ ေကာ့ဘိန္းကို သူတို႔ဝင္ေဆာင့္ခ်ိန္ကတည္းက တက္လာႏိုင္တဲ့လမ္းေၾကာင္းကို တပ္ေတြက တရနာေလာက္မွာ ပိတ္ထားလိုက္တယ္။ တရနာကို တိုးဖို႔လာရင္းနဲ႔ ဒီေကာင္ေတြက ဓမၼသကိုေရာက္ ေတာ့ ျပည္သူ႔စစ္ေတြကို ဖမ္းတာတို႔ ဝန္ထမ္းတခ်ိဳ႕ကို ဖမ္းတာတို႔ ျဖစ္သြားေရာ။ မြန္ခြဲ ထြက္အဖြဲ႕လည္း ပါတယ္။ အင္အား (၃၀ဝ)၊ (၄၀ဝ)ေလာက္ ျဖစ္လာေတာ့ ပစ္ၾကခတ္ၾကျဖစ္တာေပါ့။ ‘ အဲဒီလိုနဲ႔ ဓမၼသ႐ြာက ၾကားညပ္သြား တာေပါ့ ’ ဟု စစ္ဘက္ဆိုင္ရာသတင္းရင္းျမစ္က NP News ကို မတ္လ(၂၉)ရက္တြင္ အတည္ျပဳေျပာၾကားသည္။

ယင္းျဖစ္စဥ္မတိုင္မီ မတ္လ(၂၅)ရက္၌ KNLA ပူး ေပါင္းတပ္မ်ားက ဓမၼသ႐ြာႏွင့္ နာရီဝက္မွ်သာ ကားေမာင္းလွ်င္ ေရာက္ရွိႏိုင္သည့္ မြန္ႏွင့္ကရင္အစပ္ရွိ ေကာ့ဘိန္း႐ြာကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္း အတိအလင္း ေၾကညာထားသည္။

‘မီးေလာင္တာက (၄)လမ္းကေန စၿပီးေလာင္တယ္။ အခု ေနာက္ဆုံးအေျခအေနက (၁၂)လမ္းအထိ စုစုေပါင္း (၈)လမ္းေလာက္ ေလာင္သြားတယ္။ ဓမၼသက တကယ့္ကို မြန္စစ္စစ္ေတြခ်ည္းပဲေနတဲ့ ႐ြာအႀကီးႀကီးပဲ။ မြန္ ခြဲထြက္ အဖြဲ႕ေတြက ႐ြာထဲမွာ လူ စုစု စုစုလုပ္ၿပီး အယ္ေစးဝါးတို႔နဲ႔ ေပါင္းဖို႔ ျပင္ေနတာ။ အခုေတာ့ မြန္တိုင္းရင္းသားေတြ ဒုကၡေရာက္တာေပါ့ ’ ဟု NP News ၏ နယ္ေျမခံစစ္ေရးသတင္း ရင္းျမစ္ကလည္း မတ္လ(၂၉)ရက္တြင္ ေျပာသည္။

ဓမၼသေက်း႐ြာကို ပ်က္စီးေစခဲ့သည့္ စစ္ပြဲ၏အစမွာ ကရင္ႏွင့္မြန္အစပ္တြင္ရွိေသာ ေကာ့ဘိန္းေက်း႐ြာကို KNLA ႏွင့္ မြန္ခြဲထြက္အဖြဲ႕မ်ားက ပူးေပါင္းတိုက္ပြဲ ေဖာ္ခဲ့ၿပီးေနာက္ (၄) မိုင္ခန႔္သာ ကြာေဝးေသာ ဓမၼသေက်း႐ြာအတြင္း၌ အင္အားစုေဆာင္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းမွ စတင္ခဲ့ျခင္းဟု ဆိုသည္။

အထူးသျဖင့္ ေကာ့ဘိန္း-ဓမၼသ-သံက ေလာင္-တရနာ-ေကာ့ဖပ္-ေကာ့ဇြဲ ခ်ိတ္ဆက္ ရမၼာ ဝတီလမ္းေပၚမွတစ္ဆင့္ ေမာ္လၿမိဳင္-ဘားအံလမ္းေပၚသို႔ KNLA ႏွင့္ မြန္ခြဲထြက္အဖြဲ႕မ်ားက လမ္းေၾကာင္းရွာ တိုက္ပြဲေဖာ္ေဆာင္လိုေနျခင္း ျဖစ္ေၾကာင္း မြန္တိုင္းရင္းသား လက္နက္ကိုင္အတြင္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“အတြင္းထဲမွာေတာ့ နည္းနည္းကြဲသလိုလိုျဖစ္သြားတယ္။ ေကာ့ဘိန္းတိုက္ပြဲမွာ လက္နက္ေတြရေတာ့ မြန္ ခြဲထြက္ ေတြကို မေပးဘဲ အယ္ေစးဝါးက အကုန္သိမ္းတယ္။ အဲဒါကို မြန္ ခြဲထြက္ေတြက မႀကိဳက္သလို ဓမၼသထဲက အတြင္းသိအဆင္းသိေတြက မင္းတို႔ေၾကာင့္ ငါတို႔႐ြာပ်က္ၿပီလို႔ ေျပာလာၾကတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။

ေကာ့ဘိန္းဘက္မွ တစ္ဆင့္ ဓမၼသေက်း႐ြာသို႔ လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား ဝင္ေရာက္လာသည့္အခ်ိန္၌ ေဒသခံ ျပည္သူအခ်ိဳ႕က မႏွစ္သက္ၾကေသာ္လည္း လက္နက္ကိုင္ထားသူမ်ားျဖစ္ေနျခင္း၊ မႏွစ္သက္ေၾကာင္းျပသမႈသည္ အျခား တစ္ဖက္တြင္ စစ္တပ္ကိုေထာက္ခံသည္ ဟု စြပ္စြဲခံရေစျခင္းဆိုေသာအခ်က္မ်ားေၾကာင့္ အသံမထြက္ ရဲခဲ့ၾကေၾကာင္း၊ သို႔ေသာ္လည္း စစ္ဘက္ ႏွင့္ အျခားေသာသိသင့္သိထိုက္သည့္ သတင္းဌာနမ်ားထံ အခ်က္အလက္အခ်ိဳ႕ကို ေပးပို႔ထားၾကေၾကာင္းလည္း ဆိုသည္။

ပူးေပါင္းအဖြဲ႕ဘက္က အေကာင္အထည္ေဖာ္လိုေသာ လမ္းေၾကာင္းျဖတ္ေတာက္မႈလုပ္ငန္းစဥ္မွာ ဓမၼသေက်း႐ြာ တြင္ အဆုံးသတ္သြားခဲ့ေသာ္လည္း ေက်း႐ြာမွာမူ စစ္ပြဲ၏ေဘးထြက္ဆိုးက်ိဳးကို ခံစားခဲ့ရေၾကာင္းလည္း ၎က ဆိုသည္။
“႐ြာထဲမွာ အင္အား(၅၀)-(၁၀ဝ)ေလာက္ေတာ့ က်န္ေသးတယ္။ တျခားသူေတြကေတာ့ ယူနီေဖာင္းေျပာင္းဝတ္ၿပီး အရပ္သား ျဖစ္သြားၿပီ” ဟု သတင္းရင္းျမစ္ကေျပာသည္။ ဓမၼသေက်း႐ြာ မီးေလာင္ပ်က္စီးမႈသည္ တပ္မေတာ္ ဘက္က ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးမ်ားေၾကာင့္ ျဖစ္ေသာ္လည္း ရာသီဥတုအေျခအေနႏွင့္ စစ္ပြဲျဖစ္ေနျခင္း မ်ားကလည္း မီးေလာင္မႈကို ပိုမိုအားေကာင္းေစခဲ့ေၾကာင္း ဆိုသည္။ ျပည္ေျပးမီဒီယာမ်ားတြင္မူ မီးေလာင္မႈကို ျငႇိမ္းသတ္ေပးမည့္ကားမ်ား သြားေရာက္ႏိုင္ျခင္းမရွိေစရန္ စစ္တပ္ဘက္က ဟန႔္တားခဲ့ၾကသည္ဟု ေဖာ္ျပထား သည္။

“ကြၽန္ေတာ္တို႔ ဘက္က တားထားတာမရွိဘူး။ ဒါေပမဲ့ တရနာတို႔ သံကေလာင္တို႔ဘက္က မီးသတ္ေတြက သြားကူညီခ်င္တာေတာင္ တိုက္ပြဲျဖစ္ေနလို႔ မသြားရဲၾကတာေတာ့ ျဖစ္ႏိုင္တယ္။ အခုက ေကာ့ဘိန္းလည္း ပ်က္ၿပီ၊ ဓမၼသတ္႐ြာလည္း ပ်က္ၿပီေပါ့။ သူတို႔ဘက္ကလည္း ေရွ႕မတိုးႏိုင္ဘဲ ဆုတ္သြားၿပီ။ တပ္ကလည္း ေရွ႕မတိုးႏိုင္ဘူး ျဖစ္ေနတာေပါ့” ဟု စစ္ဘက္သတင္းရင္းျမစ္က ေျပာသည္။ ဂ်ိဳင္းျမစ္ကူးတံတား(ဇာသျပင္)၏ ထိပ္ႏွစ္ဖက္တြင္ အေျခစိုက္ထားေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားက တံတားလုံၿခဳံေရးအျပင္ တရနာႏွင့္ သံကေလာင္တို႔အထိ ထိုးစစ္မ်ားဆင္၍ KNLA အဖြဲ႕ကို တားဆီးျဖတ္ေတာက္ထားႏိုင္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ၾကားညပ္သြားခဲ့သည့္ ဓမၼသေက်း႐ြာ ႏွင့္ပတ္သက္၍ စိတ္မသက္မသာျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။

KNLA မြန္ခြဲထြက္အဖြဲ႕တို႔ႏွင့္ တပ္မေတာ္စစ္ေၾကာင္းမ်ား၏ အားၿပိဳင္ခဲ့ေသာတိုက္ပြဲမ်ားေၾကာင့္ မီးေလာင္ပ်က္စီး ခဲ့ရေသာ ဓမၼသေက်း႐ြာသည္ ၿမိဳ႕တစ္ၿမိဳ႕အဆင့္မ်ိဳး ႀကီးမားၿပီး ဂ်ိဳင္းျမစ္ကို ေမးတင္ထားသည့္ လွပေသာ ေက်း႐ြာ ႀကီးတစ္ခုျဖစ္သည္။ လက္နက္ႀကီးက်ရာက္မႈေၾကာင့္ ဓမၼသေက်း႐ြာမွ အိမ္ေျခေပါင္း(၃၀ဝ) ေက်ာ္ ပ်က္စီးခဲ့ရၿပီး စစ္ေဘးေရွာင္ ျပည္သူေပါင္း(၆၀ဝဝ) ထက္ မနည္းရွိခဲ့ရေၾကာင္း နယ္ေျမအေျခစိုက္ပရဟိတအဖြဲ႕အစည္းမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.