အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ

 2764

ALynn (NP News) - ဇူလိုင် ၂၇

ဂျာမနီက အမေရိကန်စစ်တပ်မှ အတွဲလိုက် ဗုံးအမျိုးအစားများစွာကို ယူကရိန်းသို့ မလွှဲပြောင်းမီ ၎င်း၏ပိုင်နက်တွင် သိမ်းဆည်းထားကြောင်း ဂျာမန်ရုပ်သံလိုင်း NDR က ကြာသပတေးနေ့ (ဇူလိုင်လ ၂၅ ရက်) တွင် ဖော်ပြခဲ့သည်။

ယင်းမှာ ဘာလင်သည် ကုလသမဂ္ဂ၏ တားမြစ်ပိတ်ပင်ထားသည့် လက်နက်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်နေသော်လည်း ၎င်းက ငြင်းဆိုထားသည်။ အရပ်သားများကို အလွန်အမင်း အန္တရာယ်ဖြစ်စေသောကြောင့် ၂၀၀၈ ခုနှစ်၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် နိုင်ငံပေါင်း ၁၁၀ ကျော်က အတွဲလိုက်ဗုံးများကို တားမြစ်ထားသည်။ ၎င်းတို့သည် ကနဦး ပေါက်ကွဲမှုအပြီးတွင် မပေါက်ကွဲသေးသော ဗုံးအသေးစားများကို ဖြန့်ကြဲကာ နောက်ပိုင်းတွင် မိုင်းများဖြစ်လာနိုင်သည်။

အဆိုပါ အငြင်းပွားဖွယ် လက်နက်ခဲယမ်းများကို ဂျာမနီအနောက်ပိုင်း Miesau မြို့ရှိ အမေရိကန်ပိုင် ဂိုဒေါင်တစ်ခုတွင် သိမ်းဆည်းထားကြောင်း NDR က ပြောကြားခဲ့သည်။ ထို့နောက် ခဲယမ်းများကို ဝါရှင်တန်၏ စစ်ရေးအကူအညီ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းသို့ ပေးပို့သွားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ M864 နှင့် M483A1 အစုလိုက် ၁၅၅ မီလီမီတာ အမြောက်ကျည်များသည် Miesau အခြေစိုက်စခန်းတွင် သိမ်း ဆည်းထားသည့် ခဲယမ်းမီးကျောက်များထဲတွင် ပါဝင်ကြောင်း ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Cluster Munition Coalition ကို ကိုးကား၍ NDR က လက်နက်များ သယ်ယူခွင့်ပြုခြင်းသည် ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂသဘောတူစာချုပ်ကို ဂျာမနီက ချိုးဖောက်နေကြောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်ဟု ဖော်ပြလာသည်။

သဘောတူညီချက်အရ အဆိုပါ ခဲယမ်းအမျိုးအစားများကို ပြည်နယ်အစိုးရ ၏ နယ်မြေအတွင်း သိမ်းဆည်းခြင်းနှင့် သယ်ယူခြင်းတို့ကို တားမြစ်ထား သည်။ ၎င်းသည် “ဤကွန်ဗင်းရှင်းတွင် မပါဝင်သောနိုင်ငံများအား အစု လိုက်အပြုံလိုက်လက်နက်များအသုံးပြုခြင်းမှလည်း တားမြစ်ရန် လက်မှတ်ရေးထိုးထားသောနိုင်ငံများက လိုက်နာရန်တာဝန်ရှိသည်”ဟု ဖော်ပြထား သည်။ NDR ၏ အဆိုအရ ဘာလင်သည် ကိယက်ဗ်သို့ အမေရိကန်၏ အတွဲလိုက် ဗုံးများထောက်ပံ့မှုနှင့်ပတ်သက်၍ မသိကျိုးကျွံပုံစံ ပြုလုပ်နေသည်ဟု သိရသည်။ ရုပ်မြင်သံကြားမှမေးမြန်းရာတွင် ဂျာမန်အာဏာပိုင်များက အခြေအနေနှင့်ပတ်သက်၍ မသိရှိကြောင်း ငြင်းဆိုခဲ့သည်။

နိုင်ငံကိုဖြတ်၍ အမေရိကန်က သယ်ယူလာသော လက်နက်များ၏ အကြမ်းဖျင်း အမျိုးအစားခွဲခြားသတ်မှတ်မှုကိုသာ သိရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်သည် ဂျာမနီနိုင်ငံမှတဆင့် ခဲယမ်းများပို့ဆောင်ရာတွင် စာရင်းသွင်းထားသော် လည်း ဂျာမန်စစ်တပ်သည် “လက်နက်ခဲယမ်းတစ်ခုချင်းစီ၏ အမျိုးအစားများကို သိရှိခြင်းမရှိကြောင်း” ဝန်ကြီးဌာနကဆိုသည်။ ဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်များသည် ဂျာမန်စစ်တပ်မှ တင်ပို့သည့် အကြောင်း အရာများနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်ဥရောပနှင့် အာဖရိကစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူထံမှ NDR လက်ခံရရှိထားသည့် အချက်အ လက်များနှင့် ကွဲပြားနေသည်။ ခဲယမ်းအားလုံး၏ ရွှေ့ပြောင်းမှုကို ဂျာမန်တပ်၏ထောက်ပံ့ပို့ဆောင်ရေးဗဟို (National Movement Control Center) (NMCC) နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
အေမရိကန္မွ ယူကရိန္းထံ ေပးပို႔လိုက္ေသာ အတြဲလိုက္ဗုံးမ်ားကို ဂ်ာမန္ပိုင္နက္မွတစ္ဆင့္ ေ႐ႊ႕ေျပာင္းျခင္းမ်ားလုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပ
ALynn (NP News) - ဇူလိုင္ ၂၇

ဂ်ာမနီက အေမရိကန္စစ္တပ္မွ အတြဲလိုက္ ဗုံးအမ်ိဳးအစားမ်ားစြာကို ယူကရိန္းသို႔ မလႊဲေျပာင္းမီ ၎၏ပိုင္နက္တြင္ သိမ္းဆည္းထားေၾကာင္း ဂ်ာမန္႐ုပ္သံလိုင္း NDR က ၾကာသပေတးေန႔ (ဇူလိုင္လ ၂၅ ရက္) တြင္ ေဖာ္ျပခဲ့သည္။

ယင္းမွာ ဘာလင္သည္ ကုလသမဂၢ၏ တားျမစ္ပိတ္ပင္ထားသည့္ လက္နက္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာေရာက္ေနေသာ္လည္း ၎က ျငင္းဆိုထားသည္။ အရပ္သားမ်ားကို အလြန္အမင္း အႏၲရာယ္ျဖစ္ေစေသာေၾကာင့္ ၂၀၀၈ ခုႏွစ္၊ ကုလသမဂၢ ကြန္ဗင္းရွင္းတြင္ ႏိုင္ငံေပါင္း ၁၁၀ ေက်ာ္က အတြဲလိုက္ဗုံးမ်ားကို တားျမစ္ထားသည္။ ၎တို႔သည္ ကနဦး ေပါက္ကြဲမႈအၿပီးတြင္ မေပါက္ကြဲေသးေသာ ဗုံးအေသးစားမ်ားကို ျဖန႔္ႀကဲကာ ေနာက္ပိုင္းတြင္ မိုင္းမ်ားျဖစ္လာႏိုင္သည္။

အဆိုပါ အျငင္းပြားဖြယ္ လက္နက္ခဲယမ္းမ်ားကို ဂ်ာမနီအေနာက္ပိုင္း Miesau ၿမိဳ႕ရွိ အေမရိကန္ပိုင္ ဂိုေဒါင္တစ္ခုတြင္ သိမ္းဆည္းထားေၾကာင္း NDR က ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ခဲယမ္းမ်ားကို ဝါရွင္တန္၏ စစ္ေရးအကူအညီ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ယူကရိန္းသို႔ ေပးပို႔သြားမည္ျဖစ္ ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ M864 ႏွင့္ M483A1 အစုလိုက္ ၁၅၅ မီလီမီတာ အေျမာက္က်ည္မ်ားသည္ Miesau အေျခစိုက္စခန္းတြင္ သိမ္း ဆည္းထားသည့္ ခဲယမ္းမီးေက်ာက္မ်ားထဲတြင္ ပါဝင္ေၾကာင္း ေျပာေရးဆို ခြင့္ရွိသူက ေျပာၾကားခဲ့သည္။ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Cluster Munition Coalition ကို ကိုးကား၍ NDR က လက္နက္မ်ား သယ္ယူခြင့္ျပဳျခင္းသည္ ၂၀၀၈ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည့္ ကုလသမဂၢသေဘာတူစာခ်ဳပ္ကို ဂ်ာမနီက ခ်ိဳးေဖာက္ေနေၾကာင္း အဓိပၸာယ္ဖြင့္ဆိုႏိုင္သည္ဟု ေဖာ္ျပလာသည္။

သေဘာတူညီခ်က္အရ အဆိုပါ ခဲယမ္းအမ်ိဳးအစားမ်ားကို ျပည္နယ္အစိုးရ ၏ နယ္ေျမအတြင္း သိမ္းဆည္းျခင္းႏွင့္ သယ္ယူျခင္းတို႔ကို တားျမစ္ထား သည္။ ၎သည္ “ဤကြန္ဗင္းရွင္းတြင္ မပါဝင္ေသာႏိုင္ငံမ်ားအား အစု လိုက္အၿပဳံလိုက္လက္နက္မ်ားအသုံးျပဳျခင္းမွလည္း တားျမစ္ရန္ လက္မွတ္ေရးထိုးထားေသာႏိုင္ငံမ်ားက လိုက္နာရန္တာဝန္ရွိသည္”ဟု ေဖာ္ျပထား သည္။ NDR ၏ အဆိုအရ ဘာလင္သည္ ကိယက္ဗ္သို႔ အေမရိကန္၏ အတြဲလိုက္ ဗုံးမ်ားေထာက္ပံ့မႈႏွင့္ပတ္သက္၍ မသိက်ိဳးကြၽံပုံစံ ျပဳလုပ္ေနသည္ဟု သိရသည္။ ႐ုပ္ျမင္သံၾကားမွေမးျမန္းရာတြင္ ဂ်ာမန္အာဏာပိုင္မ်ားက အေျခအေနႏွင့္ပတ္သက္၍ မသိရွိေၾကာင္း ျငင္းဆိုခဲ့သည္။

ႏိုင္ငံကိုျဖတ္၍ အေမရိကန္က သယ္ယူလာေသာ လက္နက္မ်ား၏ အၾကမ္းဖ်င္း အမ်ိဳးအစားခြဲျခားသတ္မွတ္မႈကိုသာ သိရွိေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ အေမရိကန္စစ္တပ္သည္ ဂ်ာမနီႏိုင္ငံမွတဆင့္ ခဲယမ္းမ်ားပို႔ေဆာင္ရာတြင္ စာရင္းသြင္းထားေသာ္ လည္း ဂ်ာမန္စစ္တပ္သည္ “လက္နက္ခဲယမ္းတစ္ခုခ်င္းစီ၏ အမ်ိဳးအစားမ်ားကို သိရွိျခင္းမရွိေၾကာင္း” ဝန္ႀကီးဌာနကဆိုသည္။ ဝန္ႀကီးဌာန၏ အဆိုပါထုတ္ျပန္ခ်က္မ်ားသည္ ဂ်ာမန္စစ္တပ္မွ တင္ပို႔သည့္ အေၾကာင္း အရာမ်ားႏွင့္ပတ္သက္၍ အေမရိကန္စစ္တပ္ဥေရာပႏွင့္ အာဖရိကစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူထံမွ NDR လက္ခံရရွိထားသည့္ အခ်က္အ လက္မ်ားႏွင့္ ကြဲျပားေနသည္။ ခဲယမ္းအားလုံး၏ ေ႐ႊ႕ေျပာင္းမႈကို ဂ်ာမန္တပ္၏ေထာက္ပံ့ပို႔ေဆာင္ေရးဗဟို (National Movement Control Center) (NMCC) ႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.