International School တက်ရောက်သည့် ကလေးငယ်အချို့ မြန်မာဘာသာရပ် အားနည်းနေသည့်အပြင် အင်္ဂလိပ်စာဘာသာရပ်၌လည်း အခြေခံမခိုင်သည့်အခြေအနေမျိုးကြုံတွေ့နေရဟုဆို

 1619

Pearl (NP News) - ဧပြီ ၅

International School တက်ရောက်သည့် အချို့‌သော ကလေးများအနေဖြင့် မြန်မာဘာသာရပ် အားနည်းနေသည့် အပြင် အင်္ဂလိပ်စာဘာသာရပ်၌လည်း အခြေခံမခိုင်သည့် အခြေအနေမျိုး ကြုံတွေ့နေရကြောင်း Modern Learning Centre (MLC) ၏ CEO ဖြစ်သူ ဦးရဲဝင်းထွန်းက NP News မှတစ်ဆင့် ထောက်ပြပြောကြားသည်။

‘တချို့မိဘတွေက ကလေးတွေကို International School ဆိုပြီး သွားထားတဲ့အခါမှာ တချို့ကလေးတွေက ကလေးတွေရဲ့ရင်ထဲကို မြန်မာလိုတွေ၊ အဓိပ္ပာယ်တွေ ကျကျနန ရောက်မလာဘူး။ ရောက်မလာတဲ့အခါကျတော့ တချို့ကလေးတွေက စကားလုံးသိတယ်။ အဓိပ္ပာယ် မသိဘူးဖြစ်နေတာ။ နောက်တစ်ခုက သူရဲ့ပတ်ဝန်းကျင်က အင်္ဂလိပ်လိုပြောတဲ့ ပတ်ဝန်းကျင်ဆိုရင် တစ်မျိုးပေါ့နော်။ အခု ကျွန်တော်တို့ဆီမှာက ပြောတဲ့ရပ်ဝန်းက မြန်မာလို ပြောတာ။ အဲဒါကို ကလေးတွေကို ဟိုဘက်ထဲ ထည့်လိုက်တဲ့အခါကျတော့ မြန်မာစာ စကားလည်း အား နည်းသွားတယ်။ ဟိုဘက်က အင်္ဂလိပ်စာ စကားမှာလည်း ဘာဖြစ်လဲဆိုတော့ အခြေခံခိုင်ခိုင်နဲ့ တတ်လာတာ မဟုတ်ဘဲနဲ့ ပြောနိုင်တယ်။ ဆိုနိုင်တယ် ဆိုတဲ့ အဆင့်ပဲဖြစ်တာပေါ့” ဟု ဦးရဲဝင်းထွန်းက ပြောသည်။

ထို့ပြင် အချို့သော International School များ၌ မေးခွန်းကိုသာ ရင်းနှီးကျွမ်းဝင်အောင်လုပ်၍ မေးခွန်းများကိုသာ နာနာဖိဖြေဆိုသည့် သဘောဖြစ်နေသည့်အတွက် ကလေးများအနေဖြင့် စကောလား ရှစ်ကောင်းကောင်းရသော် လည်း အမှန်တကယ် သွားရောက်ကျောင်းတက်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့ရပြီး မေဂျာပြောင်းရခြင်း၊ အဆင့်နိမ့်သည့် ကျောင်းများသို့ ပြောင်းရခြင်းများ ထပ်မံဖြစ်ပေါ်နေသည်ကို ကြုံတွေနေရကြောင်း ၄င်းက ဆက်လက်ပြောသည်။

‘အလှမ်းကျယ်ပြီးတော့ အလယ်လပ်တဲ့ အနေအထားမျိုးအပြင် ဒီကလေးတွေရဲ့အခြေအနေကို မိဘတွေက သေချာ မကြည့် နိုင်တာပေါ့နော်။ တချို့က အလုပ်များတာရှိတယ်။ တချို့ကျတော့လည်း သေသေချာချာနားမလည်တော့ အပြင်က ဟိုလူပြော ဒီလူပြောနေသလို လုပ်တာမျိုးတွေရှိတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီနိုင်ငံတကာပညာရေးတွေ ဘာတွေ သွားမယ်ဆိုရင် ကိုယ်က ဆုံးခန်းတိုင်တဲ့အထိကို ဒီဟာအတွက်ကို Support လုပ်နိုင်လားပေါ့ဆိုတဲ့ အနေအထားတွေ ရှိတယ်လေ။ တချို့က ခါးလယ်က ပြတ်ကုန်တာတွေရှိတယ်။ လက်ရှိ အနေအထားအရရော၊ ဘက်ပေါင်းစုံ အရပေါ့။ အဲဒီတော့ ဟိုဘက်လည်းမမီ၊ ဒီဘက်လည်း မမီတွေ များလာတယ်’ ဟု ဦးရဲဝင်းထွန်းက ပြောသည်။


International School များတွင် ပုဂ္ဂလိကပညာ ရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်း ဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားဖူးသည်။ ပြီးခဲ့သော ကာလများ၌လည်း International School များတွင် မြန်မာစာမသင်ကြားခြင်း နှင့် နိုင်တော်အလံအား အလေးမပြု ခြင်းတို့အပေါ် ဝေဖန်ပြစ်တင်ခံခဲ့ရမှုများရှိခဲ့သည်။

Zawgyi Version;
International School တက္ေရာက္သည့္ ကေလးငယ္အခ်ိဳ႕ ျမန္မာဘာသာရပ္ အားနည္းေနသည့္အျပင္ အဂၤလိပ္စာဘာသာရပ္၌လည္း အေျခခံမခိုင္သည့္အေျခအေနမ်ိဳးႀကဳံေတြ႕ေနရဟုဆို
Pearl (NP News) - ဧၿပီ ၅

International School တက္ေရာက္သည့္ အခ်ိဳ႕‌ေသာ ကေလးမ်ားအေနျဖင့္ ျမန္မာဘာသာရပ္ အားနည္းေနသည့္ အျပင္ အဂၤလိပ္စာဘာသာရပ္၌လည္း အေျခခံမခိုင္သည့္ အေျခအေနမ်ိဳး ႀကဳံေတြ႕ေနရေၾကာင္း Modern Learning Centre (MLC) ၏ CEO ျဖစ္သူ ဦးရဲဝင္းထြန္းက NP News မွတစ္ဆင့္ ေထာက္ျပေျပာၾကားသည္။

‘တခ်ိဳ႕မိဘေတြက ကေလးေတြကို International School ဆိုၿပီး သြားထားတဲ့အခါမွာ တခ်ိဳ႕ကေလးေတြက ကေလးေတြရဲ႕ရင္ထဲကို ျမန္မာလိုေတြ၊ အဓိပၸာယ္ေတြ က်က်နန ေရာက္မလာဘူး။ ေရာက္မလာတဲ့အခါက်ေတာ့ တခ်ိဳ႕ကေလးေတြက စကားလုံးသိတယ္။ အဓိပၸာယ္ မသိဘူးျဖစ္ေနတာ။ ေနာက္တစ္ခုက သူရဲ႕ပတ္ဝန္းက်င္က အဂၤလိပ္လိုေျပာတဲ့ ပတ္ဝန္းက်င္ဆိုရင္ တစ္မ်ိဳးေပါ့ေနာ္။ အခု ကြၽန္ေတာ္တို႔ဆီမွာက ေျပာတဲ့ရပ္ဝန္းက ျမန္မာလို ေျပာတာ။ အဲဒါကို ကေလးေတြကို ဟိုဘက္ထဲ ထည့္လိုက္တဲ့အခါက်ေတာ့ ျမန္မာစာ စကားလည္း အား နည္းသြားတယ္။ ဟိုဘက္က အဂၤလိပ္စာ စကားမွာလည္း ဘာျဖစ္လဲဆိုေတာ့ အေျခခံခိုင္ခိုင္နဲ႔ တတ္လာတာ မဟုတ္ဘဲနဲ႔ ေျပာႏိုင္တယ္။ ဆိုႏိုင္တယ္ ဆိုတဲ့ အဆင့္ပဲျဖစ္တာေပါ့” ဟု ဦးရဲဝင္းထြန္းက ေျပာသည္။

ထို႔ျပင္ အခ်ိဳ႕ေသာ International School မ်ား၌ ေမးခြန္းကိုသာ ရင္းႏွီးကြၽမ္းဝင္ေအာင္လုပ္၍ ေမးခြန္းမ်ားကိုသာ နာနာဖိေျဖဆိုသည့္ သေဘာျဖစ္ေနသည့္အတြက္ ကေလးမ်ားအေနျဖင့္ စေကာလား ရွစ္ေကာင္းေကာင္းရေသာ္ လည္း အမွန္တကယ္ သြားေရာက္ေက်ာင္းတက္ခ်ိန္တြင္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ရၿပီး ေမဂ်ာေျပာင္းရျခင္း၊ အဆင့္နိမ့္သည့္ ေက်ာင္းမ်ားသို႔ ေျပာင္းရျခင္းမ်ား ထပ္မံျဖစ္ေပၚေနသည္ကို ႀကဳံေတြေနရေၾကာင္း ၄င္းက ဆက္လက္ေျပာသည္။

‘အလွမ္းက်ယ္ၿပီးေတာ့ အလယ္လပ္တဲ့ အေနအထားမ်ိဳးအျပင္ ဒီကေလးေတြရဲ႕အေျခအေနကို မိဘေတြက ေသခ်ာ မၾကည့္ ႏိုင္တာေပါ့ေနာ္။ တခ်ိဳ႕က အလုပ္မ်ားတာရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ေသေသခ်ာခ်ာနားမလည္ေတာ့ အျပင္က ဟိုလူေျပာ ဒီလူေျပာေနသလို လုပ္တာမ်ိဳးေတြရွိတယ္။ ဒါက တစ္ခ်က္ေပါ့။ ေနာက္တစ္ခ်က္က ဒီႏိုင္ငံတကာပညာေရးေတြ ဘာေတြ သြားမယ္ဆိုရင္ ကိုယ္က ဆုံးခန္းတိုင္တဲ့အထိကို ဒီဟာအတြက္ကို Support လုပ္ႏိုင္လားေပါ့ဆိုတဲ့ အေနအထားေတြ ရွိတယ္ေလ။ တခ်ိဳ႕က ခါးလယ္က ျပတ္ကုန္တာေတြရွိတယ္။ လက္ရွိ အေနအထားအရေရာ၊ ဘက္ေပါင္းစုံ အရေပါ့။ အဲဒီေတာ့ ဟိုဘက္လည္းမမီ၊ ဒီဘက္လည္း မမီေတြ မ်ားလာတယ္’ ဟု ဦးရဲဝင္းထြန္းက ေျပာသည္။


International School မ်ားတြင္ ပုဂၢလိကပညာ ေရး ဥပေဒႏွင့္အညီ ျမန္မာစာ၊ ျမန္မာ့ပထဝီ၊ ျမန္မာ့သမိုင္း ဘာသာရပ္မ်ားကို မျဖစ္မေနသင္ၾကားၾကရမည္ျဖစ္ၿပီး ေန႔စဥ္ႏိုင္ငံေတာ္အလံအေလးျပဳျခင္း၊ ႏိုင္ငံေတာ္သီခ်င္း သီဆိုျခင္းမ်ား ျပဳလုပ္ၾကရမည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ေျပာၾကားဖူးသည္။ ၿပီးခဲ့ေသာ ကာလမ်ား၌လည္း International School မ်ားတြင္ ျမန္မာစာမသင္ၾကားျခင္း ႏွင့္ ႏိုင္ေတာ္အလံအား အေလးမျပဳ ျခင္းတို႔အေပၚ ေဝဖန္ျပစ္တင္ခံခဲ့ရမႈမ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.