ငလျင်ကြောင့် တိမ်းစောင်းသွားတဲ့ (၇)ထပ် တိုက်အဆောက်အအုံကို ဖြိုချဖျက်ဆီး

 5983

ဂျန်ဇက် (NP News) - ဧပြီ ၆

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းသွားခဲ့ရတဲ့ Hualien မြို့က အဆောက်အအုံတစ်ခုကို ထိုင်ဝမ်က အလုပ်သမားတွေက ဖြိုချနေကြပြီး အဲဒီဒေသအတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ထိုင်ဝမ် အရှေ့ပိုင်း ကမ်းရိုးတန်းမှာရှိတဲ့ Hualien ခရိုင်မှာ ပြင်းအား မဂ္ဂနီကျုဒ် ၇ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၁၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ နိုင်ငံခြားသား ၄ ဦး အပါအဝင် ပျောက်ဆုံးနေသူ ၁၈ ဦးကို ရှာဖွေနေဆဲဖြစ်ပြီး အဲဒီငလျင်ကြောင့် ထိုင်ဝမ်တစ်ဝန်းကအ ဆောက်အအုံ ၈၀၆ ခု ထိခိုက်ခဲ့ကြောင်းသိရပါတယ်။ ငလျင် ဗဟိုချက်အနီးမှာရှိတဲ့ Hualien မြို့ အလယ်ပိုင်းက ၇ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံတစ်ခုဟာ ငလျင်လှုပ်ခတ်ပြီးနောက် သိသိသာ တိမ်းစောင်းသွားခဲ့ကာ လူတွေခေတ္တပိတ်မိပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအဆောက်အအုံဟာ ပြိုကျနိုင်တဲ့ အန္တရာယ်ကြောင့် ဒေသဆိုင်ရာအာဏာပိုင်တွေဟာ ဧပြီ ၅ ရက်နေ့မှ အဲဒီအဆောက်အအုံကို ဖြိုချဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဖြိုချရေးလုပ်ငန်းမစခင်မှာ ဒေသခံအရာရှိတွေနဲ့ ဆောက်လုပ်ရေးလုပ်သား ၂၀ လောက်ဟာ လုပ်ငန်းလုံခြုံမှုအတွက် ဆုတောင်းဖို့ အဲဒီနေရာမှာ စုဝေးခဲ့ကြပါတယ်။ Hualien မြို့က အဆောက်အအုံ ၃၀ လောက်ကို ဖြိုချတာ ဒါမှမဟုတ် ပိုပြီး ခိုင်ခန့်အောင် ပြုလုပ်တာလိုမျိုး ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဆိုပါငလျင်ဟာ ထိုင်ဝမ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် နှစ်ပေါင်း ၂၅နှစ်အတွင်း အားအပြင်းဆုံးငလျင်ဖြစ်ခဲ့ပါတယ်။

zawgyi version
ငလ်င္ေၾကာင့္ တိမ္းေစာင္းသြားတဲ့ (၇)ထပ္ တိုက္အေဆာက္အအုံကို ၿဖိဳခ်ဖ်က္ဆီး
ဂ်န္ဇက္ (NP News) - ဧၿပီ ၆

ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ အင္အားျပင္းငလ်င္လႈပ္ခတ္မႈေၾကာင့္ တိမ္းေစာင္းသြားခဲ့ရတဲ့ Hualien ၿမိဳ႕က အေဆာက္အအုံတစ္ခုကို ထိုင္ဝမ္က အလုပ္သမားေတြက ၿဖိဳခ်ေနၾကၿပီး အဲဒီေဒသအတြင္း ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ဆိုပါတယ္။

ထိုင္ဝမ္ အေရွ႕ပိုင္း ကမ္း႐ိုးတန္းမွာရွိတဲ့ Hualien ခ႐ိုင္မွာ ျပင္းအား မဂၢနီက်ဳဒ္ ၇ ဒသမ ၂ အဆင့္ရွိတဲ့ ငလ်င္တစ္ခု ၿပီးခဲ့တဲ့ရက္ပိုင္းက လႈပ္ခတ္ခဲ့ရာ အနည္းဆုံး လူ ၁၀ ဦး ေသဆုံးၿပီး ၁၁၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ထိုင္ဝမ္အာဏာပိုင္ေတြက ေျပာပါတယ္။

ထိုင္ဝမ္ ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ အာဏာပိုင္ေတြဟာ ႏိုင္ငံျခားသား ၄ ဦး အပါအဝင္ ေပ်ာက္ဆုံးေနသူ ၁၈ ဦးကို ရွာေဖြေနဆဲျဖစ္ၿပီး အဲဒီငလ်င္ေၾကာင့္ ထိုင္ဝမ္တစ္ဝန္းကအ ေဆာက္အအုံ ၈၀၆ ခု ထိခိုက္ခဲ့ေၾကာင္းသိရပါတယ္။ ငလ်င္ ဗဟိုခ်က္အနီးမွာရွိတဲ့ Hualien ၿမိဳ႕ အလယ္ပိုင္းက ၇ ထပ္ အျမင့္ရွိတဲ့ အေဆာက္အအုံတစ္ခုဟာ ငလ်င္လႈပ္ခတ္ၿပီးေနာက္ သိသိသာ တိမ္းေစာင္းသြားခဲ့ကာ လူေတြေခတၱပိတ္မိၿပီး ၁ ဦး ေသဆုံးခဲ့ပါတယ္။ အဲဒီအေဆာက္အအုံဟာ ၿပိဳက်ႏိုင္တဲ့ အႏၲရာယ္ေၾကာင့္ ေဒသဆိုင္ရာအာဏာပိုင္ေတြဟာ ဧၿပီ ၅ ရက္ေန႔မွ အဲဒီအေဆာက္အအုံကို ၿဖိဳခ်ဖို႔ စတင္လုပ္ေဆာင္ခဲ့ပါတယ္။

ၿဖိဳခ်ေရးလုပ္ငန္းမစခင္မွာ ေဒသခံအရာရွိေတြနဲ႔ ေဆာက္လုပ္ေရးလုပ္သား ၂၀ ေလာက္ဟာ လုပ္ငန္းလုံၿခဳံမႈအတြက္ ဆုေတာင္းဖို႔ အဲဒီေနရာမွာ စုေဝးခဲ့ၾကပါတယ္။ Hualien ၿမိဳ႕က အေဆာက္အအုံ ၃၀ ေလာက္ကို ၿဖိဳခ်တာ ဒါမွမဟုတ္ ပိုၿပီး ခိုင္ခန႔္ေအာင္ ျပဳလုပ္တာလိုမ်ိဳး ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ အဆိုပါငလ်င္ဟာ ထိုင္ဝမ္မွာလႈပ္ခတ္ခဲ့တဲ့ ငလ်င္ေတြအနက္ ႏွစ္ေပါင္း ၂၅ႏွစ္အတြင္း အားအျပင္းဆုံးငလ်င္ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.