အီရန်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း အစ္စရေးစစ်ဘက်ပြော

 916

Pika(NP News) - ဧပြီ ၈

အီရန်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် မည်သည့်အခြေအနေများကိုမဆို ကိုင်တွယ်ဖြေရှင်းရန် အစ္စရေးနိုင်ငံက အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဧပြီလ(၇)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဧပြီလ(၁)ရက်နေ့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ခြင်းအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ဘက်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် အီရန်ရှိ အစ္စရေးသံရုံးများသည် လုံခြုံမှုရှိတော့မည်မဟုတ်ကြောင်း အီရန်အရာရှိတစ်ဦးက အစောပိုင်းတွင်ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် အစ္စရေးနိုင်ငံဆီသို့ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသော လက်နက်များကို ပြသထားသည့် ရုပ်ပုံတစ်ခုကို အီရန်သတင်းအေဂျင်စီတစ်ခုက ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။

ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် အကြီးတန်းစစ်ဘက်အရာရှိများနှင့် စစ်ဆင်ရေးအခြေအနေများကို အကဲဖြတ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေး၏အဆင့်သင့်ဖြစ်မှုများနှင့်ပတ်သက်ပြီး ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်း၏ရုံးက 'အကဲဖြတ်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ အီရန်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားဖို့ ပြောခဲ့ပါတယ်။'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် အစ္စရေးသည် အီရန်နှင့် မည်ကဲ့သို့ ဆက်ဆံရမည် သို့မဟုတ် ထိုးစစ်နှင့် ခံစစ်တို့ကို ကောင်းစွာနားလည်ကြောင်း စစ်ဦးစီးချုပ် Herzi Halevi ကပြောကြားခဲ့သည်။ ၎င်းက"အနီးကနေပဲဖြစ်ဖြစ် အဝေးကနေပဲဖြစ်ဖြစ် အီရန်ကို ဘယ်လိုလက်တုံ့ပြန်ရမလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ ပြီးတော့ ဒေသတွင်းမှာ အမေရိကန်အပြင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။”ဟုပြောဆိုခဲ့သည်။

zawgyi version
အီရန္ႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚလာႏိုင္သည့္ အေျခအေနအားလုံးကို ကိုင္တြယ္ေျဖရွင္းရန္ အဆင္သင့္ရွိေၾကာင္း အစၥေရးစစ္ဘက္ေျပာ
Pika(NP News) - ဧၿပီ ၈

အီရန္ႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚလာႏိုင္သည့္ မည္သည့္အေျခအေနမ်ားကိုမဆို ကိုင္တြယ္ေျဖရွင္းရန္ အစၥေရးႏိုင္ငံက အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Yoav Gallant က ဧၿပီလ(၇)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ဧၿပီလ(၁)ရက္ေန႔တြင္ အစၥေရး၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ေသဆုံးခဲ့ျခင္းအတြက္ လက္တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း အီရန္ဘက္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးကာကြယ္ေရးဝန္ႀကီးက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အဆိုပါတိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္ရွိ အစၥေရးသံ႐ုံးမ်ားသည္ လုံၿခဳံမႈရွိေတာ့မည္မဟုတ္ေၾကာင္း အီရန္အရာရွိတစ္ဦးက အေစာပိုင္းတြင္ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ အစၥေရးႏိုင္ငံဆီသို႔ ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိေသာ လက္နက္မ်ားကို ျပသထားသည့္ ႐ုပ္ပုံတစ္ခုကို အီရန္သတင္းေအဂ်င္စီတစ္ခုက ထုတ္ျပန္ခဲ့ေၾကာင္းလည္းသိရသည္။

ကာကြယ္ေရးဝန္ႀကီး Yoav Gallant သည္ အႀကီးတန္းစစ္ဘက္အရာရွိမ်ားႏွင့္ စစ္ဆင္ေရးအေျခအေနမ်ားကို အကဲျဖတ္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရး၏အဆင့္သင့္ျဖစ္မႈမ်ားႏွင့္ပတ္သက္ၿပီး ၎၏႐ုံးက ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ၎၏႐ုံးက 'အကဲျဖတ္မႈေတြ လုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ ကာကြယ္ေရးဝန္ႀကီး Yoav Gallant ဟာ အီရန္နဲ႔ပတ္သက္ၿပီး ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနေတြအားလုံးကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ျပင္ဆင္မႈေတြကို လုပ္ေဆာင္ထားဖို႔ ေျပာခဲ့ပါတယ္။'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ အစၥေရးသည္ အီရန္ႏွင့္ မည္ကဲ့သို႔ ဆက္ဆံရမည္ သို႔မဟုတ္ ထိုးစစ္ႏွင့္ ခံစစ္တို႔ကို ေကာင္းစြာနားလည္ေၾကာင္း စစ္ဦးစီးခ်ဳပ္ Herzi Halevi ကေျပာၾကားခဲ့သည္။ ၎က"အနီးကေနပဲျဖစ္ျဖစ္ အေဝးကေနပဲျဖစ္ျဖစ္ အီရန္ကို ဘယ္လိုလက္တုံ႔ျပန္ရမလဲဆိုတာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းနားလည္ပါတယ္။ ၿပီးေတာ့ ေဒသတြင္းမွာ အေမရိကန္အျပင္ အျခားမိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.