တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် တောင်ကိုရီးယားက ဒုတိယမြောက် စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ထပ်မံလွှတ်တင်

 206

Pika (NP News) - ဧပြီ ၈

တောင်ကိုရီးယားအစိုးရသည် ၎င်း၏ဒုတိယမြောက် ပြည်တွင်းထုတ် စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ(၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါစစ်ဘက်သုံးစပိုင်ဂြိုလ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ John F Kennedy အာကာသစခန်းမှ SpaceX ကုမ္ပဏီ၏ Falcon 9 ဒုံးပျံနှင့်အတူ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယား၏ ပထမဆုံး စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ကယ်လီဖိုနီးယားပြည်နယ်ရှိ Vandenberg အာကာသစခန်းမှ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် လေးလအကြာတွင် ဒုတိယအကြိမ်မြောက် လွှတ်တင်မှုကို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Falcon 9 ဒုံးပျံနှင့် စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ဧပြီလ(၇)ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်ခဲ့ပြီးနောက် (၄၅)မိနစ်အကြာတွင် ဂြိုလ်တုသည် ဒုံးပျံယာဉ်မှ ခွဲထွက်ကာ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါဂြိုလ်တုကို လွှတ်တင်ခဲ့ပြီးနောက် (၂)နာရီနှင့် မိနစ်(၄၀)အကြာတွင် မြေပြင်အခြေ စိုက်စခန်းတစ်ခုနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နောက်ထပ်စစ်ဘက်သုံး စပိုင်ဂြိုလ်တု(၃)လုံးကို လွှတ်တင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ကတိပြုပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယား၏ ဒုတိယမြောက် စစ်ဘက်သုံး စပိုင်ဂြိုလ်တုလွှတ်တင်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယား၏ ဒုတိယမြောက် စစ်ဘက်သုံး စပိုင်ဂြိုလ်တုတွင် မည်သည့်ရာသီဥတုအခြေအနေများတွင်မဆို ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်သည့် synthetic aperture radar (SAR) ကို တပ်ဆင်ထားကြောင်းလည်းသိရသည်။

zawgyi version
တင္းမာမႈမ်ားျမင့္တက္ေနသည့္အခ်ိန္တြင္ ေတာင္ကိုရီးယားက ဒုတိယေျမာက္ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို ကမာၻပတ္လမ္းေၾကာင္းထဲသို႔ ထပ္မံလႊတ္တင္
Pika (NP News) - ဧၿပီ ၈

ေတာင္ကိုရီးယားအစိုးရသည္ ၎၏ဒုတိယေျမာက္ ျပည္တြင္းထုတ္ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို ကမာၻပတ္လမ္းေၾကာင္းထဲသို႔ ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ဧၿပီလ(၈)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အဆိုပါစစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ရွိ John F Kennedy အာကာသစခန္းမွ SpaceX ကုမၸဏီ၏ Falcon 9 ဒုံးပ်ံႏွင့္အတူ လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ေတာင္ကိုရီးယား၏ ပထမဆုံး စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို ကယ္လီဖိုနီးယားျပည္နယ္ရွိ Vandenberg အာကာသစခန္းမွ ကမာၻပတ္လမ္းေၾကာင္းထဲသို႔ ေအာင္ျမင္စြာလႊတ္တင္ခဲ့ၿပီးေနာက္ ေလးလအၾကာတြင္ ဒုတိယအႀကိမ္ေျမာက္ လႊတ္တင္မႈကို ထပ္မံလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ Falcon 9 ဒုံးပ်ံႏွင့္ စစ္ဘက္သုံးစပိုင္ၿဂိဳလ္တုကို ဧၿပီလ(၇)ရက္ေန႔တြင္ လႊတ္တင္ခဲ့ျခင္းျဖစ္ၿပီး လႊတ္တင္ခဲ့ၿပီးေနာက္ (၄၅)မိနစ္အၾကာတြင္ ၿဂိဳလ္တုသည္ ဒုံးပ်ံယာဥ္မွ ခြဲထြက္ကာ ကမာၻပတ္လမ္းေၾကာင္းထဲသို႔ ေအာင္ျမင္စြာဝင္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါၿဂိဳလ္တုကို လႊတ္တင္ခဲ့ၿပီးေနာက္ (၂)နာရီႏွင့္ မိနစ္(၄၀)အၾကာတြင္ ေျမျပင္အေျခ စိုက္စခန္းတစ္ခုႏွင့္ ေအာင္ျမင္စြာ ဆက္သြယ္ႏိုင္ခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ထပ္မံေျပာၾကားခဲ့သည္။ ၂၀၂၄ ခုႏွစ္တြင္ ေနာက္ထပ္စစ္ဘက္သုံး စပိုင္ၿဂိဳလ္တု(၃)လုံးကို လႊတ္တင္သြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ကတိျပဳေျပာဆိုခဲ့ၿပီးေနာက္ ေတာင္ကိုရီးယား၏ ဒုတိယေျမာက္ စစ္ဘက္သုံး စပိုင္ၿဂိဳလ္တုလႊတ္တင္မႈထြက္ေပၚလာျခင္းျဖစ္သည္။ ေတာင္ကိုရီးယား၏ ဒုတိယေျမာက္ စစ္ဘက္သုံး စပိုင္ၿဂိဳလ္တုတြင္ မည္သည့္ရာသီဥတုအေျခအေနမ်ားတြင္မဆို ပုံရိပ္မ်ားကို ထုတ္လုပ္ေပးႏိုင္သည့္ synthetic aperture radar (SAR) ကို တပ္ဆင္ထားေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.