ဂါဇာစစ်ပွဲကို အနိုင်ရရှိရန်အတွက် ခြေတစ်လှမ်းလောက်သာလိုတော့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

 583

Pika (NP News) - ဧပြီ ၈

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲကို အနိုင်ရရှိရန်အတွက် ခြေလှမ်းတစ်လှမ်းလောက်သာလိုတော့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဧပြီလ(၇)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော ဓါးစာခံအားလုံးကို လွှတ်မပေးသရွေ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရှိလာမည်မဟုတ်ကြောင်း နေတန်ရာဟုက ကတိပြုပြောဆိုခဲ့သည်။ နေတန်ရာဟုသည် အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားမှု (၆)လပြည့်သည့်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတန်ရာဟုက 'ကျွန်တော်တို့ အောင်ပွဲကိုရရှိဖို့ ခြေတစ်လှမ်းလောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ ပေးဆပ်ခဲ့ရတာတွေက တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်' ဟုပြော ဆိုခဲ့သည်။ ထို့ပြင် နိုင်ငံတကာကြားဝင်စေ့စပ်သူများနှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အပစ်အ ခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ထားခြင်းရှိ/မရှိဆိုသည့်အချက်ကို နေတန်ရာဟုက တုံ့ပြန်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။

နေတန်ရာဟုက 'ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံတွေအားလုံးကို လွှတ်မပေးမချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဓါးစာခံတွေအားလုံးကို လွှတ်ပေးမှသာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိလာမှာပါ။' ဟုပြောဆိုခဲ့သည်။ အစ္စရေးသည် အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်အတွက် အဆင်သင့်ရှိနေသော်လည်း လက်နက်ချသွားမည်မဟုတ်ကြောင်း နေတန်ရာဟုက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက 'နိုင်ငံတကာအသိုင်းအဝိုင်းဟာ အစ္စရေးကို ဖိအားပေးနေမယ့်အစား ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖိအားပေးသင့်ပါတယ်။ ဒါက ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေလွတ်မြောက်ဖို့အတွက် အကူအညီတစ်ခုဖြစ်လာပါလိမ့်မယ်' ဟု ပြောဆိုခဲ့သည်။

zawgyi version
ဂါဇာစစ္ပြဲကို အႏိုင္ရရွိရန္အတြက္ ေျခတစ္လွမ္းေလာက္သာလိုေတာ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဧၿပီ ၈

အစၥေရးႏိုင္ငံသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ျဖစ္ပြားေနေသာ စစ္ပြဲကို အႏိုင္ရရွိရန္အတြက္ ေျခလွမ္းတစ္လွမ္းေလာက္သာလိုေတာ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဧၿပီလ(၇)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားေသာ ဓါးစာခံအားလုံးကို လႊတ္မေပးသေ႐ြ႕ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရွိလာမည္မဟုတ္ေၾကာင္း ေနတန္ရာဟုက ကတိျပဳေျပာဆိုခဲ့သည္။ ေနတန္ရာဟုသည္ အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားမႈ (၆)လျပည့္သည့္ေန႔တြင္ က်င္းပေသာ အစိုးရအဖြဲ႕အစည္းအေဝးတြင္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေနတန္ရာဟုက 'ကြၽန္ေတာ္တို႔ ေအာင္ပြဲကိုရရွိဖို႔ ေျခတစ္လွမ္းေလာက္ပဲ လိုပါေတာ့တယ္။ ဒါေပမဲ့ ေပးဆပ္ခဲ့ရတာေတြက တကယ္ကို ဝမ္းနည္းဖို႔ေကာင္းပါတယ္' ဟုေျပာ ဆိုခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတကာၾကားဝင္ေစ့စပ္သူမ်ားႏွင့္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕တြင္ အပစ္အ ခတ္ရပ္စဲေရးေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ ေမွ်ာ္လင့္ထားျခင္းရွိ/မရွိဆိုသည့္အခ်က္ကို ေနတန္ရာဟုက တုံ႔ျပန္ေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။

ေနတန္ရာဟုက 'ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားတဲ့ ဓါးစာခံေတြအားလုံးကို လႊတ္မေပးမခ်င္း အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ဆိုတာ ရွိလာမွာမဟုတ္ပါဘူး။ ဓါးစာခံေတြအားလုံးကို လႊတ္ေပးမွသာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရွိလာမွာပါ။' ဟုေျပာဆိုခဲ့သည္။ အစၥေရးသည္ အက်ဥ္းသားလဲလွယ္ေရးသေဘာတူညီခ်က္အတြက္ အဆင္သင့္ရွိေနေသာ္လည္း လက္နက္ခ်သြားမည္မဟုတ္ေၾကာင္း ေနတန္ရာဟုက ထပ္မံေျပာဆိုခဲ့သည္။ ၎က 'ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ အစၥေရးကို ဖိအားေပးေနမယ့္အစား ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဖိအားေပးသင့္ပါတယ္။ ဒါက ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြလြတ္ေျမာက္ဖို႔အတြက္ အကူအညီတစ္ခုျဖစ္လာပါလိမ့္မယ္' ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.