မြန်မာအစိုးရအင်အားတောင့်တင်းမှု လျော့နည်းလာပေမယ့် အာဏာရှိနေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် သုံးသပ်

 4100

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ၂ဝ၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ဟာ လက်ရှိအချိန် မှာ အင်အားတောင့်တင်းခိုင်မာမှု တဖြည်းဖြည်း ဆုံးရှုံးလာနေတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ထိုင်းအစိုးရအဖွဲ့မှာ ပါဝင်တဲ့ အဓိက တာဝန်ရှိသူဝန်ကြီး ၆ ဦးလောက် နဲ့ ဧပြီ ၉ ရက်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ မြန်မာအစိုးရအဖွဲ့ဟာ လက်ရှိအချိန်မှာ အင်အား ခိုင်မာမှု လျော့နည်းလာနေတဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ လက်ရှိအချိန်က အချိန်ကောင်းဖြစ်ပြီး စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်က "ထိုင်းအစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ အဓိက ပုဂ္ဂိုလ် ငါးဦး ဒါမှမဟုတ် ခြောက်ဦးလောက်နဲ့ တွေ့ဆုံဆွေးနွေးမယ်။ တွေ့ဆုံဆွေးနွေးပြီးရင် သတင်းထုတ်ပြန်မယ်။ မြန်မာအစိုးရဟာ လက်ရှိအချိန်မှာ အင်အားတောင့်တင်းမှုတွေ တဖြည်းဖြည်း ဆုံးရှုံးလာနေတယ်။ မြန်မာအစိုးရဟာ အင်အားတောင့်တင်းမှုမရှိဘဲ ရှုံးနိမ့်နေတယ်ဆိုရင်တောင် အာဏာရှိနေဆဲဖြစ်တယ်။ မြန်မာအစိုးရမှာ လက်နက်တွေရှိနေဆဲဖြစ်တယ်။ မြန်မာ အစိုးရနဲ့ဆွေးနွေးရမယ့်အချိန်ဖြစ်ပြီး စာချုပ်ချုပ်ဆိုနိုင်အောင်လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံဟာ စည်းလုံး ညီညွတ်စွာနဲ့ ငြိမ်းချမ်းပြီး သာယာဝပြောမယ်ဆိုရင် ထိုင်းနိုင်ငံက အမြတ်အစွန်းများစွာရရှိမယ့်နိုင်ငံ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ထိုင်းအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအစီအစဉ် အပါအဝင် မြန်မာနိုင်ငံ ရေးမှာ ပါဝင်နေသူအားလုံးနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒါ့အပြင် တရုတ်၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြန်မာအစိုးရဟာ မြန်မာစစ်သားအရာရှိတွေ အပါအဝင် မြန်မာနိုင်ငံသား ၆ဝဝ ကျော်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ မြန်မာခရီးသည်တင်လေယာဉ်ကို ထိုင်းနိုင်ငံဘက်ခြမ်းကို ၇၂ နာရီ ဆင်းသက်ခွင့်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ထိုင်းအစိုးရအဖွဲ့ဟာ နိုင်ငံတကာပဋိက္ခတွေမှာ ဘယ်ဘက်မှ ရပ်တည်ခြင်းမရှိသလို နိုင်ငံတကာ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် မူဝါဒချမှတ်ထားကြောင်း၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ထပ်မံပြောခဲ့ပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - ဧပြီ ၈






Related news

© 2021. All rights reserved.