လာမည့် ရက်ပိုင်းအတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလအသိပေး

 6414

ယွန်း(NP News) - ဧပြီ ၈

လာမည့် ရက်ပိုင်းအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးဇလမှ ယနေ့(ဧပြီ ၈ ရက်)တွင် ထုတ်ပြန်သည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိ ပေးချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

မိုးဇလ၏တိုင်းထွာချက်များအရ လာမည့် ဧပြီ(၁၀)ရက်နှင့် ဧပြီ(၁၂)ရက်အတွင်း အရှေ့ဘက်မှရွေ့လျားလာသည့် တိမ်တိုက်များနှင့် အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် အနောက်ဘက်မှ ‌ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလက ဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ကချင်၊ ရှမ်းပြည်(အရှေ့ပိုင်း)နှင့် ကယားတို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြု၍နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခုဧပြီလအတွင်း အယ်လ်နီညိုဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းအပူချိန်မြင့်တက်လျက်ရှိရာ အပူချိန်စံချိန်သစ်တင်မြင့်တက်နေသည့်ဒေသများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
လာမည့္ ရက္ပိုင္းအတြင္း တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလအသိေပး
ယြန္း(NP News) - ဧၿပီ ၈

လာမည့္ ရက္ပိုင္းအတြင္း တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

မိုးဇလမွ ယေန႔(ဧၿပီ ၈ ရက္)တြင္ ထုတ္ျပန္သည့္ အခ်ိန္အခါမဟုတ္ မိုး႐ြာႏိုင္မည့္ သတိ ေပးခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

မိုးဇလ၏တိုင္းထြာခ်က္မ်ားအရ လာမည့္ ဧၿပီ(၁၀)ရက္ႏွင့္ ဧၿပီ(၁၂)ရက္အတြင္း အေရွ႕ဘက္မွေ႐ြ႕လ်ားလာသည့္ တိမ္တိုက္မ်ားႏွင့္ အပူပ်ံတက္တိမ္မ်ား ျဖစ္ထြန္းမႈ အားေကာင္းျခင္းေၾကာင့္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ အေနာက္ဘက္မွ ‌ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏အရွိန္ေၾကာင့္ တနသၤာရီ၊ ကရင္ႏွင့္ မြန္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလက ဆိုထားသည္။

အလားတူ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ပဲခူး၊ ကခ်င္၊ ရွမ္းျပည္(အေရွ႕ပိုင္း)ႏွင့္ ကယားတို႔တြင္လည္း ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလက အသိေပးထားသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းမ်ားကို သတိျပဳ၍ေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

ယခုဧၿပီလအတြင္း အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းအပူခ်ိန္ျမင့္တက္လ်က္ရွိရာ အပူခ်ိန္စံခ်ိန္သစ္တင္ျမင့္တက္ေနသည့္ေဒသမ်ားလည္း ျဖစ္ေပၚလ်က္ရွိေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Picture

heintay zar

09/04/2024 11:44

အကယ်၍မိုးရွာခဲ့လျှင် ထိုမိုးရေအားထွက်ချိုး၍ရပါသလားဆိုတာ ကျန်းမာရေးဝန်ကြီးဌာနသော်လည်းကောင်းသက်ဆိုင်သူများအားမေးမြန်းပေးစေလိုပါသည်။ကျေးဇူးတင်ပါတယ်။

Related news

© 2021. All rights reserved.