အမေရိကန်အစိုးရရဲ့သတိပေးမှုတွေကို တရုတ်အစိုးရ ငြင်းဆန်ပယ်ချ

 3029

ဂျန်ဇက် (NP News) - ဧပြီ ၉

တရုတ်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့သတိပေးမှုတွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားစစ်တပ်ကို ကူညီထောက်ပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီတွေ ဆိုးရွားတဲ့အကျိုးဆက်တွေရင်ဆိုင်ရဖွယ်ရှိတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို နိုင်ငံခြားတိုင်းပြည်တွေက ကြားဝင်စွက်ဖက်ခြင်းကနေ ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာအိုနင်က " တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို တိုက်ခိုက်တာမျိုးမလုပ်ဆောင်သင့်ဘူး၊ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်မလုပ်သင့်ဘူး၊ တရုတ်နိုင်ငံသားတွေဟာ စီးပွားရေးလုပ်ခွင့် တရားဝင်အခွင့်ရေးရှိပါတယ်။ တရုတ်အစိုးရဟာ နိုင်ငံသားတွေရဲ့ တရား ဝင်အခွင့်ရေးနဲ့အကျိုးစီးပွားတွေ ဘေးကင်းလုံခြုံအောင် လိုအပ်တဲ့အစီမံတွေလုပ်ဆောင်သွားမယ်။"လို့ပြောပါတယ်။

ဒါ့ပြင်တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံကြား ပုံမှန်ဆက်ဆံရေးကို နိုင်ငံခြားတိုင်းပြည်တွေက ကန့် သတ်တာ၊ ဝင်ရောက်စွက်ဖက်တာမျိုးတွေမလုပ်သင့်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့သလို ရုရှား ၊အိန္ဒိယနိုင်ငံတို့ကိုလည်း ပိတ်ဆို့မှုများချမှတ်စေဖို့ တွန်းအားပေးနေကြောင်းသိရပါတယ်။ အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီတွေဟာ ရုရှားနိုင်ငံကို တင့်ကားတွေတည်ဆောက်ဖို့ နဲ့ ဒုံးကျည်တည်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကူညီထောက်ပံ့ပေးနေကြောင်း ပြောပါတယ်။

zawgyi version
အေမရိကန္အစိုးရရဲ႕သတိေပးမႈေတြကို တ႐ုတ္အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

တ႐ုတ္အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕သတိေပးမႈေတြကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားစစ္တပ္ကို ကူညီေထာက္ပံ့ေပးေနတဲ့ တ႐ုတ္ကုမၸဏီေတြ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြရင္ဆိုင္ရဖြယ္ရွိတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးခဲ့ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံသားေတြရဲ႕အက်ိဳးစီးပြားကို ႏိုင္ငံျခားတိုင္းျပည္ေတြက ၾကားဝင္စြက္ဖက္ျခင္းကေန ကာကြယ္ေပးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူမာအိုနင္က " တ႐ုတ္ႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံရဲ႕ဆက္ဆံေရးကို တိုက္ခိုက္တာမ်ိဳးမလုပ္ေဆာင္သင့္ဘူး၊ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ တ႐ုတ္ကုမၸဏီေတြရဲ႕အက်ိဳးစီးပြားကို ထိခိုက္နစ္နာေအာင္မလုပ္သင့္ဘူး၊ တ႐ုတ္ႏိုင္ငံသားေတြဟာ စီးပြားေရးလုပ္ခြင့္ တရားဝင္အခြင့္ေရးရွိပါတယ္။ တ႐ုတ္အစိုးရဟာ ႏိုင္ငံသားေတြရဲ႕ တရား ဝင္အခြင့္ေရးနဲ႔အက်ိဳးစီးပြားေတြ ေဘးကင္းလုံၿခဳံေအာင္ လိုအပ္တဲ့အစီမံေတြလုပ္ေဆာင္သြားမယ္။"လို႔ေျပာပါတယ္။

ဒါ့ျပင္တ႐ုတ္ႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံၾကား ပုံမွန္ဆက္ဆံေရးကို ႏိုင္ငံျခားတိုင္းျပည္ေတြက ကန႔္ သတ္တာ၊ ဝင္ေရာက္စြက္ဖက္တာမ်ိဳးေတြမလုပ္သင့္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။အေမရိကန္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့သလို ႐ုရွား ၊အိႏၵိယႏိုင္ငံတို႔ကိုလည္း ပိတ္ဆို႔မႈမ်ားခ်မွတ္ေစဖို႔ တြန္းအားေပးေနေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရက တ႐ုတ္ကုမၸဏီေတြဟာ ႐ုရွားႏိုင္ငံကို တင့္ကားေတြတည္ေဆာက္ဖို႔ နဲ႔ ဒုံးက်ည္တည္ေဆာက္ဖို႔ လိုအပ္တဲ့ပစၥည္းေတြကူညီေထာက္ပံ့ေပးေနေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.