အမေရိကန်က သတိပေးနေသော်လည်း ရာဖဲလ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု

 658

Pika (NP News) - ဧပြီ ၉

အမေရိကန်က သတိပေးမှုများရှိနေသော်လည်း ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ပါလက် စတိုင်းလူမျိုး(၁ ဒသမ ၄)သန်းခန့်ရှိသော ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထပ်မံကတိပြုခဲ့သည်။

နေတန်ရာဟုက 'ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုက ဖြစ်လာပါလိမ့်မယ်'ဟု ပြောဆိုခဲ့သည်။သို့ သော်လည်း ထိုးစစ်ဆင်မှုနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ခြင်းသည် အမှားအယွင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက သတိပေးပြောကြားထားသည်။ ထို့ပြင် အရပ်သားပြည်သူများကို ကာကွယ်ပေးမည့် ယုံကြည်စိတ်ချရသော အစီအစဉ်ကိုပြသရန် အစ္စရေးကို အမေရိကန်က တောင်းဆိုထားကြောင်းလည်းသိရသည်။ ဧပြီလ(၇)ရက်တွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ Khan Younis မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းလည်း သိရသည်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုမတိုင်မီ အစ္စရေးတပ်ဖွဲ့များအား ပြန်လည်အင်အားဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း အစ္စရေးကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး (၃၃၂၀၀)ဦး သေဆုံးထားကာ အခြားလူ(၇၆၀၀၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူများ၏ (၃)ပုံ(၂)ပုံမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

zawgyi version
အေမရိကန္က သတိေပးေနေသာ္လည္း ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္သြားမည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ ကတိျပဳ
Pika (NP News) - ဧၿပီ ၉

အေမရိကန္က သတိေပးမႈမ်ားရွိေနေသာ္လည္း ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ ပါလက္ စတိုင္းလူမ်ိဳး(၁ ဒသမ ၄)သန္းခန႔္ရွိေသာ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈအား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထပ္မံကတိျပဳခဲ့သည္။

ေနတန္ရာဟုက 'ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈက ျဖစ္လာပါလိမ့္မယ္'ဟု ေျပာဆိုခဲ့သည္။သို႔ ေသာ္လည္း ထိုးစစ္ဆင္မႈႏွင့္ပတ္သက္သည့္ ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္ျခင္းသည္ အမွားအယြင္းတစ္ခုျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံက သတိေပးေျပာၾကားထားသည္။ ထို႔ျပင္ အရပ္သားျပည္သူမ်ားကို ကာကြယ္ေပးမည့္ ယုံၾကည္စိတ္ခ်ရေသာ အစီအစဥ္ကိုျပသရန္ အစၥေရးကို အေမရိကန္က ေတာင္းဆိုထားေၾကာင္းလည္းသိရသည္။ ဧၿပီလ(၇)ရက္တြင္ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ Khan Younis ၿမိဳ႕မွ ျပန္လည္ဆုတ္ခြာခဲ့ေၾကာင္းလည္း သိရသည္။ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈမတိုင္မီ အစၥေရးတပ္ဖြဲ႕မ်ားအား ျပန္လည္အင္အားျဖည့္တင္းရန္ လုပ္ေဆာင္ေနေၾကာင္း အစၥေရးကာကြယ္ေရးအရာရွိမ်ားက ေျပာၾကားခဲ့သည္။

အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းလူမ်ိဳး (၃၃၂၀၀)ဦး ေသဆုံးထားကာ အျခားလူ(၇၆၀၀၀)နီးပါး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ဂါဇာကမ္းေျမာင္ေဒသတြင္ ေသဆုံးသူမ်ား၏ (၃)ပုံ(၂)ပုံမွာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားျဖစ္ေၾကာင္း ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.