တင်းမာမှုအရှိန်မြင့်တက်နေခြင်းကိုလျှော့ဖို့ တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိလစ်ပိုင်သမ္မတပြော

 421

ဂျန်ဇက် (NP News) - ဧပြီ ၉

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွေကို ဖြေလျှော့နိုင်ဖို့ရည်ရွယ်ပြီး တရုတ်အစိုးရနဲ့စေ့စပ်ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတွေကို ဝင်တိုက်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ တရုတ်စစ်သင်္ဘောတွေရဲ့ ဝင်တိုက်မှုကိုမကျေနပ်တဲ့အတွက် မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတက သင်္ဘောတွေကို ကြားဖြတ်ဟန့်တားနှောက်ယှက်တဲ့အဖြစ်အပျက်မျိုးထပ်မံမဖြစ်စေဖို့ တရုတ်နိုင်ငံနဲ့ဆွေးနွေးလိုကြောင်း တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်ပိုမိုမမြင့်စေဖို့ ရည်ရွယ်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရွေးချယ်စရာလမ်းကြောင်းအဖြစ်ရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက် နယ်မြေအားလုံးရဲ့ (၉၀)ရာခိုင်နှုန်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး ဖိလစ်ပိုင်အပါအဝင် အာဆီယံဒေသအတွင်းနိုင်ငံအချို့ နဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ပိုင်နယ်နယ်မြေရှိနေကြောင်းပြောဆိုထားပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံ အနိုင်ရခဲ့ကြောင်းသိရပါတယ်။

zawgyi version
တင္းမာမႈအရွိန္ျမင့္တက္ေနျခင္းကိုေလွ်ာ့ဖို႔ တ႐ုတ္အစိုးရနဲ႔ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း ဖိလစ္ပိုင္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာက ေတာင္တ႐ုတ္ပင္လယ္အေရးအျငင္းပြားမႈေတြကို ေျဖေလွ်ာ့ႏိုင္ဖို႔ရည္႐ြယ္ၿပီး တ႐ုတ္အစိုးရနဲ႔ေစ့စပ္ေဆြးေႏြးမႈေတြဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္စစ္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕သေဘၤာေတြကို ဝင္တိုက္ခဲ့ၿပီးေနာက္ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။ ဖိလစ္ပိုင္အစိုးရဟာ တ႐ုတ္စစ္သေဘၤာေတြရဲ႕ ဝင္တိုက္မႈကိုမေက်နပ္တဲ့အတြက္ မဟာမိတ္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်ႏိုင္ငံတို႔နဲ႔ ပူးေပါင္းၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္မွာ ပူးတြဲစစ္ေရးေလ့က်င့္ခဲ့ပါတယ္။ ဖိလစ္ပိုင္သမၼတက သေဘၤာေတြကို ၾကားျဖတ္ဟန႔္တားေႏွာက္ယွက္တဲ့အျဖစ္အပ်က္မ်ိဳးထပ္မံမျဖစ္ေစဖို႔ တ႐ုတ္ႏိုင္ငံနဲ႔ေဆြးေႏြးလိုေၾကာင္း ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ပိုမိုမျမင့္ေစဖို႔ ရည္႐ြယ္ၿပီး တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ေ႐ြးခ်ယ္စရာလမ္းေၾကာင္းအျဖစ္ရွိေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပိုင္နက္ နယ္ေျမအားလုံးရဲ႕ (၉၀)ရာခိုင္ႏႈန္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း ေျပာဆိုထားၿပီး ဖိလစ္ပိုင္အပါအဝင္ အာဆီယံေဒသအတြင္းႏိုင္ငံအခ်ိဳ႕ နဲ႔ ပိုင္နက္နယ္ေျမအျငင္းပြားေနေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၎တို႔ပိုင္နယ္နယ္ေျမရွိေနေၾကာင္းေျပာဆိုထားၿပီး ၂၀၁၆ ခုႏွစ္က ႏိုင္ငံတကာခုံ႐ုံးမွာ တရားရင္ဆိုင္ခ်ိန္အတြင္း ဖိလစ္ပိုင္ႏိုင္ငံ အႏိုင္ရခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.