လူမျိုးတုန်းသတ်ဖြတ်မှုများကို အစ္စရေးက ကျူးလွန်နေခြင်းမရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

 392

Pika(NP News)
ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် စစ်ပွဲဖြစ်ပွားနေသော အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဆိုသည့် သက်သေအထောက်အထားများ အမေရိကန်တွင်မရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။ထို့နောက် အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၃၃၀၀၀)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။

လွိုက်အော်စတင်က “အစ္စရေးက လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ အရမ်းကိုကြောက်စရာကောင်းတယ်ဆိုတာ လူတိုင်းကို ကျွန်တော် သတိပေးချင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့မည်ဆိုပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂကသတိပေးပြောဆိုထားသည်။

သို့သော်လည်း အစ္စရေးအစိုးရသည် ရာဖဲလ်မြို့အား ထိုးစစ်စတင်မည့်ရက်ကို သတ်မှတ်ထားကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုက ဧပြီလ(၉)ရက်နေ့တွင် ပြောဆိုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးလုပ်သားများနှင့် အရပ်သားပြည်သူများကို ကာကွယ်ရန်အတွက် သေချာစွာလုပ်ဆောင်ခြင်းမရှိသည့် အစ္စရေးကို အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

သို့သော်လည်း အစ္စရေးကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများအား အခြေအနေအပေါ်မူတည်၍ လုပ်ဆောင်မည်မဟုတ်ကြောင်းလည်း အမေရိကန်အစိုးရက ပြောဆိုခဲ့သည်။ ထို့အပြင် အစ္စရေးက ၎င်း၏နယ်မြေနှင့် ပြည်သူများကို ကာကွယ်ရာတွင် အမေရိကန်က ကူညီပေးရန် ကတိပြုထားကြောင်း လွိုက်အော်စတင်က ဧပြီလ(၉)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version

လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားကို အစၥေရးက က်ဴးလြန္ေနျခင္းမရွိဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီးေျပာ

Pika(NP News)
ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ စစ္ပြဲျဖစ္ပြားေနေသာ အစၥေရးသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား က်ဴးလြန္ေနသည္ဆိုသည့္ သက္ေသအေထာက္အထားမ်ား အေမရိကန္တြင္မရွိေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္က ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔တြင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။ထို႔ေနာက္ အစၥေရးဘက္က လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ရာ လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းလူမ်ိဳး(၃၃၀၀၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

လြိဳက္ေအာ္စတင္က “အစၥေရးက လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတဲ့ သက္ေသအေထာက္အထားေတြ ကြၽန္ေတာ္တို႔မွာ မရွိပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ဟာ အရမ္းကိုေၾကာက္စရာေကာင္းတယ္ဆိုတာ လူတိုင္းကို ကြၽန္ေတာ္ သတိေပးခ်င္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈမ်ား လုပ္ေဆာင္ခဲ့မည္ဆိုပါက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကပ္ေဘးႀကီးျဖစ္လာႏိုင္ေၾကာင္း ကုလသမဂၢကသတိေပးေျပာဆိုထားသည္။

သို႔ေသာ္လည္း အစၥေရးအစိုးရသည္ ရာဖဲလ္ၿမိဳ႕အား ထိုးစစ္စတင္မည့္ရက္ကို သတ္မွတ္ထားေၾကာင္း ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဧၿပီလ(၉)ရက္ေန႔တြင္ ေျပာဆိုခဲ့သည္။ ဂါဇာကမ္းေျမာင္ေဒသရွိ အကူအညီေပးေရးလုပ္သားမ်ားႏွင့္ အရပ္သားျပည္သူမ်ားကို ကာကြယ္ရန္အတြက္ ေသခ်ာစြာလုပ္ေဆာင္ျခင္းမရွိသည့္ အစၥေရးကို အေမရိကန္အစိုးရက ျပစ္တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

သို႔ေသာ္လည္း အစၥေရးကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈမ်ားအား အေျခအေနအေပၚမူတည္၍ လုပ္ေဆာင္မည္မဟုတ္ေၾကာင္းလည္း အေမရိကန္အစိုးရက ေျပာဆိုခဲ့သည္။ ထို႔အျပင္ အစၥေရးက ၎၏နယ္ေျမႏွင့္ ျပည္သူမ်ားကို ကာကြယ္ရာတြင္ အေမရိကန္က ကူညီေပးရန္ ကတိျပဳထားေၾကာင္း လြိဳက္ေအာ္စတင္က ဧၿပီလ(၉)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Picture

oosoe myint

10/04/2024 21:44

အစ္စ​ရေးလ်နိုင်ငံဆိုတာ နိုင်ငံတကာမှာ အကြမ်းဖက်အား​ပေး အ​မေရိကန်နိုင်ငံကိုယ်စား အကြမ်းဖက်လူမျိုးတုန်းသတ်​ဖြတ်နေတဲ့ အကြမ်းဖက်နိုင်ငံတစ်နိုင်ငံပါ။

Related news

© 2021. All rights reserved.