ဖိလစ်ပိုင်ရေတပ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

 935

Pika (NP News) - ဧပြီ ၁၁

ဖိလစ်ပိုင်ရေတပ်မှ ရဟတ်ယာဉ်တစ်စင်းသည် ဧပြီလ(၁၁)ရက်နေ့တွင် လေ့ကျင့်ပျံသန်းမှုများလုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျခဲ့ပြီးနောက် ရေတပ်လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

လေယာဉ်မှူးနှစ်ဦးလိုက်ပါသွားသော Robinson R22 ရဟတ်ယာဉ်သည် မနီလာမြို့တောင်ပိုင်းရှိ ဈေးတစ်ခုအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ ပျက်ကျမှုဖြစ်ပွားပြီးနောက် လေယာဉ်မှူးများကို အနီးရှိဆေးရုံသို့ ချက် ချင်းပို့ဆောင်ခဲ့သော်လည်း ပျက်ကျမှုအတွင်းရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရေတပ်ကပြောကြားခဲ့သည်။ Robinson R22 ရဟတ်ယာဉ် ပျက်ကျရသည့်အကြောင်းအရင်းကို သိရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရေတပ်က ပြောကြားခဲ့သည်။

ရေတပ်က'ဒီလိုမတော်တဆမှုမျိုး ဘယ်တော့မှထပ်မဖြစ်အောင် ကျွန်တော်တို့ကြိုးပမ်းလုပ်ဆောင်နေပါတယ်။”ဟုပြောဆိုခဲ့သည်။ ဖိလစ်ပိုင်စစ်တပ်သည် ယခင်ကတည်းက လေယာဉ်နှင့်ပတ်သက်သည့် မတော်တဆမှုများကို ကြုံတွေ့ခဲ့ရပြီး ၎င်း၏စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုများကို အဆင့်မြှင့်တင်မည့်အစီအစဉ်များကို လုပ်ဆောင်လျက်ရှိကြောင်းလည်းသိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် လေ့ကျင့်ပျံသန်းမှုများလုပ်ဆောင်နေသော လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး စစ်ဘက်ဆိုင်ရာလေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။၂၀၂၁ ခုနှစ်တွင် သူပုန်နှိမ်နှင်းရေး စစ်ဆင်ရေးအတွက် တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသော စစ်လေ ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် စစ်သား(၅၃)ဦးသေဆုံးခဲ့ဖူးကြောင်းသိရသည်။

zawgyi version
ဖိလစ္ပိုင္ေရတပ္ရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံးေသဆုံး
Pika (NP News) - ဧၿပီ ၁၁

ဖိလစ္ပိုင္ေရတပ္မွ ရဟတ္ယာဥ္တစ္စင္းသည္ ဧၿပီလ(၁၁)ရက္ေန႔တြင္ ေလ့က်င့္ပ်ံသန္းမႈမ်ားလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ပ်က္က်ခဲ့ၿပီးေနာက္ ေရတပ္ေလယာဥ္မႉးႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္စစ္တပ္က ေျပာၾကားခဲ့သည္။

ေလယာဥ္မႉးႏွစ္ဦးလိုက္ပါသြားေသာ Robinson R22 ရဟတ္ယာဥ္သည္ မနီလာၿမိဳ႕ေတာင္ပိုင္းရွိ ေဈးတစ္ခုအနီးတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ေရတပ္၏ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။ ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ ေလယာဥ္မႉးမ်ားကို အနီးရွိေဆး႐ုံသို႔ ခ်က္ ခ်င္းပို႔ေဆာင္ခဲ့ေသာ္လည္း ပ်က္က်မႈအတြင္းရရွိခဲ့ေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း ေရတပ္ကေျပာၾကားခဲ့သည္။ Robinson R22 ရဟတ္ယာဥ္ ပ်က္က်ရသည့္အေၾကာင္းအရင္းကို သိရွိရန္အတြက္ စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေရတပ္က ေျပာၾကားခဲ့သည္။

ေရတပ္က'ဒီလိုမေတာ္တဆမႈမ်ိဳး ဘယ္ေတာ့မွထပ္မျဖစ္ေအာင္ ကြၽန္ေတာ္တို႔ႀကိဳးပမ္းလုပ္ေဆာင္ေနပါတယ္။”ဟုေျပာဆိုခဲ့သည္။ ဖိလစ္ပိုင္စစ္တပ္သည္ ယခင္ကတည္းက ေလယာဥ္ႏွင့္ပတ္သက္သည့္ မေတာ္တဆမႈမ်ားကို ႀကဳံေတြ႕ခဲ့ရၿပီး ၎၏စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈမ်ားကို အဆင့္ျမႇင့္တင္မည့္အစီအစဥ္မ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္းသိရသည္။၂၀၂၃ ခုႏွစ္ ဇန္နဝါရီလတြင္ ေလ့က်င့္ပ်ံသန္းမႈမ်ားလုပ္ေဆာင္ေနေသာ ေလယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး စစ္ဘက္ဆိုင္ရာေလယာဥ္မႉးႏွစ္ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။၂၀၂၁ ခုႏွစ္တြင္ သူပုန္ႏွိမ္ႏွင္းေရး စစ္ဆင္ေရးအတြက္ တပ္ဖြဲ႕ဝင္မ်ားကို သယ္ေဆာင္လာေသာ စစ္ေလ ယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီးေနာက္ စစ္သား(၅၃)ဦးေသဆုံးခဲ့ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.