ထိုင်းနိုင်ငံမှာ ရေသင်္ကြန်ပွဲတော်စတင်

 3049

ဂျန်ဇက် (NP News) - ဧပြီ ၁၁

ထိုင်းနိုင်ငံမှာ ရေသင်္ကြန်ပွဲတော် စတင်နေပြီဖြစ်တဲ့အတွက် ဘန်ကောက်မြို့ရှိ Ratchadamnoen Klang နဲ့ Mahachai လမ်းတွေမှာ လမ်းပိတ်မှုတွေဖြစ်ပွားလျက်ရှိနေကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံမှာ မဟာသင်္ကြန် ရေကစားပွဲတော်ကို ဧပြီ ၁၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ ကျင်းပမှာဖြစ်ရာ လမ်းမတွေပေါ်မှာ တစ်ဦးနဲ့တစ်ဦးရေပက်ခြင်းတွေအဓိကထားလုပ်ဆောင်မှာဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ အစိုးရနဲ့ ပုဂ္ဂလိအဖွဲ့အစည်းတွေပူးပေါင်းပြီး ရေသင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ ရေသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံအားလုံး အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရပါတယ်။ ထိုင်းအစိုးရဟာ ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်ကို ကမ္ဘာရှေးဟောင်းအမွေနှစ်ပွဲတော်တစ်ခုအဖြစ်သတ်မှတ်ပေးဖို့ ယူနက်စကိုအဖွဲ့ထံ တင်ပြခဲ့ရာခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ဒီနှစ်အတွင်း ဆောင်ခရမ်ပွဲတော်ကို ယခင်ထက်ပိုမိုစည်းကားစွာကျင်းပဖို့ စီစဉ်ခဲ့ကြောင်းသိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ကနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်း၊ နှစ်သစ်ကူးချိန်မှစတင်ပြီး ထိုင်းနိုင်ငံသားအားလုံး ကျန်းမာ ပျော်ရွင်ပြီး ကြီးပွားချမ်းသာစေဖို့ ဆုမွန်ကောင်းတောင်းကြောင်းပြောဆိုခဲ့ပါတယ်။

zawgyi version
ထိုင္းႏိုင္ငံမွာ ေရသၾကၤန္ပြဲေတာ္စတင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၁

ထိုင္းႏိုင္ငံမွာ ေရသၾကၤန္ပြဲေတာ္ စတင္ေနၿပီျဖစ္တဲ့အတြက္ ဘန္ေကာက္ၿမိဳ႕ရွိ Ratchadamnoen Klang နဲ႔ Mahachai လမ္းေတြမွာ လမ္းပိတ္မႈေတြျဖစ္ပြားလ်က္ရွိေနေၾကာင္းသိရပါတယ္။

ထိုင္းႏိုင္ငံမွာ မဟာသၾကၤန္ ေရကစားပြဲေတာ္ကို ဧၿပီ ၁၁ရက္ေန႔ကေန ၁၅ရက္ေန႔အထိ က်င္းပမွာျဖစ္ရာ လမ္းမေတြေပၚမွာ တစ္ဦးနဲ႔တစ္ဦးေရပက္ျခင္းေတြအဓိကထားလုပ္ေဆာင္မွာျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕မွာ အစိုးရနဲ႔ ပုဂၢလိအဖြဲ႕အစည္းေတြပူးေပါင္းၿပီး ေရသၾကၤန္ပြဲေတာ္ကို စည္းကားစြာက်င္းပဖို႔ စီစဥ္ထားေၾကာင္းသိရပါတယ္။ ဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ဟာ ေရသၾကၤန္ပြဲေတာ္ ဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ခဲ့ၿပီး ထိုင္းႏိုင္ငံအားလုံး အတြက္ ဆုမြန္ေကာင္းေတာင္းေပးခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းအစိုးရဟာ ေဆာင္ခရမ္ေရသၾကၤန္ပြဲေတာ္ကို ကမာၻေရွးေဟာင္းအေမြႏွစ္ပြဲေတာ္တစ္ခုအျဖစ္သတ္မွတ္ေပးဖို႔ ယူနက္စကိုအဖြဲ႕ထံ တင္ျပခဲ့ရာခြင့္ျပဳခ်က္ရရွိခဲ့ၿပီးေနာက္ ဒီႏွစ္အတြင္း ေဆာင္ခရမ္ပြဲေတာ္ကို ယခင္ထက္ပိုမိုစည္းကားစြာက်င္းပဖို႔ စီစဥ္ခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ကႏွစ္သစ္ကူး သၾကၤန္ပြဲေတာ္ကို ပါဝင္သူအားလုံးကို ေက်းဇူးတင္ေၾကာင္း၊ ႏွစ္သစ္ကူးခ်ိန္မွစတင္ၿပီး ထိုင္းႏိုင္ငံသားအားလုံး က်န္းမာ ေပ်ာ္႐ြင္ၿပီး ႀကီးပြားခ်မ္းသာေစဖို႔ ဆုမြန္ေကာင္းေတာင္းေၾကာင္းေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.