ဥရောပပါလီမန်က ခိုလှုံခွင့်နှင့် ရွှေ့ပြောင်းနေထိုင်ခွင့်နှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများကို ထုတ်ပြန်

 503

ALynn (NP News) - ဧပြီ ၁၁

ဥရောပပါလီမန်သည် အီးယူနိုင်ငံရေးခိုလှုံခွင့်နှင့် ရွှေ့ပြောင်းနေထိုင်ခွင့်စည်းမျဉ်းများကို အတည် ပြုခဲ့သည်။

ပါလီမန်၏ အဓိကနိုင်ငံရေးအုပ်စုများသည် လက်ယာစွန်းနှင့် လက်ဝဲစွန်း အတိုက်အခံ များကို ကျော်လွှား၍ ပြုပြင်ပြောင်းလဲထားသည့်စည်းမျဉ်းများပါဝင်သော ခိုလှုံခွင့်နှင့် ရွှေ့ပြောင်း ခွင့်စာချုပ်သစ်ကို အတည်ပြုပြဋ္ဌာန်းရန် ကြိုးပမ်းနေကြသည်။ ပြုပြင်ပြောင်းလဲမှုများတွင် အီးယူနိုင်ငံ များသို့ ရောက်ရှိလာသော ခိုလှုံခွင့်ရှာဖွေသူများအား မည်သူက တာဝန်ယူသင့်ကြောင်း မေးခွန်းများကိုလည်း ထည့်သွင်း စဉ်းစားထားသည်။ အီးယူပြည်ထဲရေးကော်မရှင်နာက “စာချုပ်အသစ် သည် ကျွန်ုပ်တို့၏ နယ်စပ်များကို ပိုမိုကောင်းမွန်စွာကာကွယ်သွားနိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ ၏ ပေါင်းစည်းညီညွတ်မှုကို ဖော်ပြရာလည်းရောက်ကြောင်း” ပြောကြားခဲ့သည်။

ပါလီမန်၏ ပြင်ပတွင် ၎င်းစာချုပ်အား ဆန့်ကျင်ကြောင်း ဆန္ဒပြသူများရှိခဲ့ပြီး ရွှေ့ပြောင်းသူ ကူညီကယ်ဆယ်ရေးနှင့် NGO များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
၎င်းစာချုပ်အတည်ပြုရေးအတွက် အီးယူအဖွဲ့ဝင်များအားလုံး ခိုလှုံခွင့်လျှောက်လွှာများကို စီမံခန့်ခွဲ ရာတွင် အသီးသီးတာဝန်ယူရန်လိုအပ်မည်ဖြစ်သည်။ အကယ်၍ အီးယူနိုင်ငံတစ်နိုင်ငံက ခိုလှုံခွင့် လျှောက်ထားခြင်းကို လက်မခံပါက အခြားသောအထောက်အပံ့များဖြစ်သည့် ငွေကြေးများ ပေးအပ်ခြင်းကို တာဝန်ယူရမည်ဖြစ်သည်။ ထို့ပြင် ခိုလှုံခွင့်တောင်းခံမှုအများဆုံးနိုင်ငံများသည် အခြားနိုင်ငံများသို့ ခွဲဝေတာဝန်ယူရန် ကမ်းလှမ်းခွင့်ရှိသည်။ အငြင်းပွားဖွယ်အဖြစ်ဆုံးအပိုင်းမှာ နယ်စပ်တွင် ခိုလှုံခွင့်တောင်းခံသူများကို လက်ခံရန် စစ်ဆေးရေးကိရိယာများချထားပြီး ကိုက်ညီ မှုမရှိသောသူများကို အမြန်ဆုံးပြန်လွှတ်ခြင်းဖြစ်သည်။ အီရန်အဖွဲ့ဝင် ၂၇ နိုင်ငံသည် ၎င်းပြုပြင် ပြောင်းလဲရေးများပါဝင်သော စာချုပ်သစ်ကို အတည်ပြုနိုင်ရန် ဧပြီလနှောင်းပိုင်းတွင် အတည်ပြု ကြောင်း မဲပေးကြရမည်ဖြစ်သည်။

zawgyi version
ဥေရာပပါလီမန္က ခိုလႈံခြင့္ႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ႏွင့္ပတ္သက္သည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ထုတ္ျပန္
ALynn (NP News) - ဧၿပီ ၁၁

ဥေရာပပါလီမန္သည္ အီးယူႏိုင္ငံေရးခိုလႈံခြင့္ႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္စည္းမ်ဥ္းမ်ားကို အတည္ ျပဳခဲ့သည္။

ပါလီမန္၏ အဓိကႏိုင္ငံေရးအုပ္စုမ်ားသည္ လက္ယာစြန္းႏွင့္ လက္ဝဲစြန္း အတိုက္အခံ မ်ားကို ေက်ာ္လႊား၍ ျပဳျပင္ေျပာင္းလဲထားသည့္စည္းမ်ဥ္းမ်ားပါဝင္ေသာ ခိုလႈံခြင့္ႏွင့္ ေ႐ႊ႕ေျပာင္း ခြင့္စာခ်ဳပ္သစ္ကို အတည္ျပဳျပ႒ာန္းရန္ ႀကိဳးပမ္းေနၾကသည္။ ျပဳျပင္ေျပာင္းလဲမႈမ်ားတြင္ အီးယူႏိုင္ငံ မ်ားသို႔ ေရာက္ရွိလာေသာ ခိုလႈံခြင့္ရွာေဖြသူမ်ားအား မည္သူက တာဝန္ယူသင့္ေၾကာင္း ေမးခြန္းမ်ားကိုလည္း ထည့္သြင္း စဥ္းစားထားသည္။ အီးယူျပည္ထဲေရးေကာ္မရွင္နာက “စာခ်ဳပ္အသစ္ သည္ ကြၽႏ္ုပ္တို႔၏ နယ္စပ္မ်ားကို ပိုမိုေကာင္းမြန္စြာကာကြယ္သြားႏိုင္မည္ျဖစ္ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား ၏ ေပါင္းစည္းညီၫြတ္မႈကို ေဖာ္ျပရာလည္းေရာက္ေၾကာင္း” ေျပာၾကားခဲ့သည္။

ပါလီမန္၏ ျပင္ပတြင္ ၎စာခ်ဳပ္အား ဆန႔္က်င္ေၾကာင္း ဆႏၵျပသူမ်ားရွိခဲ့ၿပီး ေ႐ႊ႕ေျပာင္းသူ ကူညီကယ္ဆယ္ေရးႏွင့္ NGO မ်ား၏ ေဝဖန္မႈမ်ားလည္း ထြက္ေပၚလာခဲ့သည္။
၎စာခ်ဳပ္အတည္ျပဳေရးအတြက္ အီးယူအဖြဲ႕ဝင္မ်ားအားလုံး ခိုလႈံခြင့္ေလွ်ာက္လႊာမ်ားကို စီမံခန႔္ခြဲ ရာတြင္ အသီးသီးတာဝန္ယူရန္လိုအပ္မည္ျဖစ္သည္။ အကယ္၍ အီးယူႏိုင္ငံတစ္ႏိုင္ငံက ခိုလႈံခြင့္ ေလွ်ာက္ထားျခင္းကို လက္မခံပါက အျခားေသာအေထာက္အပံ့မ်ားျဖစ္သည့္ ေငြေၾကးမ်ား ေပးအပ္ျခင္းကို တာဝန္ယူရမည္ျဖစ္သည္။ ထို႔ျပင္ ခိုလႈံခြင့္ေတာင္းခံမႈအမ်ားဆုံးႏိုင္ငံမ်ားသည္ အျခားႏိုင္ငံမ်ားသို႔ ခြဲေဝတာဝန္ယူရန္ ကမ္းလွမ္းခြင့္ရွိသည္။ အျငင္းပြားဖြယ္အျဖစ္ဆုံးအပိုင္းမွာ နယ္စပ္တြင္ ခိုလႈံခြင့္ေတာင္းခံသူမ်ားကို လက္ခံရန္ စစ္ေဆးေရးကိရိယာမ်ားခ်ထားၿပီး ကိုက္ညီ မႈမရွိေသာသူမ်ားကို အျမန္ဆုံးျပန္လႊတ္ျခင္းျဖစ္သည္။ အီရန္အဖြဲ႕ဝင္ ၂၇ ႏိုင္ငံသည္ ၎ျပဳျပင္ ေျပာင္းလဲေရးမ်ားပါဝင္ေသာ စာခ်ဳပ္သစ္ကို အတည္ျပဳႏိုင္ရန္ ဧၿပီလေႏွာင္းပိုင္းတြင္ အတည္ျပဳ ေၾကာင္း မဲေပးၾကရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.