ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေဟု နစက အကြီးအကဲဆို

 3219

မြူနစ် (NP News) - ဧပြီ ၁၈

နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ဧပြီ ၁၇ ရက်တွင် ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်ဆန်းတစ်ရက်၌ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး ယခုနှစ်သစ်တွင်လည်း အစိုးရအနေဖြင့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်ရန် ဆက်လက်ရင်ဆိုင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

“ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့် မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစကအကြီးအကဲက ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံထားသည်။

အလားတူ နိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌက အခက်အခဲအကျပ် အတည်းမျိုးစုံကြားမှ နိုင်ငံ့စီးပွားကို အတိုင်းအတာတစ်ခုအထိ တိုးတက်ရန် ဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

“အခက်အခဲအကျပ်အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားထားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်း ချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန်ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည်ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့ လိုပါတယ်” ဟု ဆက်လက်ပြောသည်။

ထို့ကြောင့် လာမည့်နှစ်သစ်တွင် နိုင်ငံတော်အတွင်း၌ တည်ငြိမ်အေးချမ်းပြီး ဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းကို တိုင်းရင်းသားအားလုံးက ပူးပေါင်းကြိုးစားပေးရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ပြီးခဲ့သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်(ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်)အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နေရာဒေသအချို့၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ဆုတ်ခွာပေးခဲ့ရသည့်စခန်းအများအပြားလည်း ရှိခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုအများအပြားသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသကဲ့သို့ ၎င်းတို့၏ စည်းစိမ်ဥစ္စာ၊ နေအိမ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

zawgyi version
ေရတိုကာလအတြက္မဟုတ္ဘဲ အနာဂတ္မ်ိဳးဆက္မ်ားအထိ တည္တံ့မည့္ ၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေနဟု နစက အႀကီးအကဲဆို
ျမဴနစ္ (NP News) - ဧၿပီ ၁၈

ႏိုင္ငံ၏ၿငိမ္းခ်မ္းေရးကို ေရတိုကာလအတြက္မဟုတ္ဘဲ အနာဂတ္မ်ိဳးဆက္မ်ားအထိ တည္တံ့မည့္ ၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေနေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ဧၿပီ ၁၇ ရက္တြင္ က်ေရာက္ေသာ ျမန္မာသကၠရာဇ္ ၁၃၈၆ ခုႏွစ္ ႏွစ္ဆန္းတစ္ရက္၌ ျမန္မာႏွစ္သစ္ကူးႏႈတ္ခြန္းစကားေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၿပီးခဲ့တဲ့ႏွစ္ေဟာင္းကာလအတြင္းမွာ ႀကဳံေတြ႕ခဲ့ရေသာ အခက္အခဲႏွင့္ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ခဲ့ၿပီး ယခုႏွစ္သစ္တြင္လည္း အစိုးရအေနျဖင့္ မည္သည့္စိန္ေခၚမႈမ်ိဳးကိုမဆို ေအာင္ျမင္ရန္ ဆက္လက္ရင္ဆိုင္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ဆိုသည္။

“ယခုႏွစ္သစ္မွာလည္း ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ျပည္သူအားလုံးရဲ႕ ဇြဲ၊ သတၱိ၊ ခိုင္မာတဲ့ယုံၾကည္ခ်က္တို႔နဲ႔အတူ ဘယ္လိုစိန္ေခၚမႈမ်ိဳးကိုမဆို ေအာင္ျမင္ေအာင္ ဆက္လက္ရင္ဆိုင္သြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနနဲ႔ ျပည္သူအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို မယိမ္းယိုင္ေစဖို႔ ဥပေဒႏွင့္အညီ ထိန္းသိမ္းတည့္ မတ္ေပးေနသလို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီး တည္ေဆာက္ႏိုင္ဖို႔အတြက္လည္း ခိုင္မာတဲ့ရည္မွန္းခ်က္ထား ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္”ဟု နစကအႀကီးအကဲက ေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္၏ ပညာေရးက႑၊ က်န္းမာေရးက႑ တိုးတက္လာေစရန္အတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထားၿပီး လာမည့္ပညာသင္ႏွစ္တြင္ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း ပညာသင္ၾကားႏိုင္ေရး အားလုံးပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း ေမတၱာရပ္ခံထားသည္။

အလားတူ ႏိုင္ငံ၏ စီးပြားေရးက႑ႏွင့္ပတ္သက္၍လည္း နစကဥကၠ႒က အခက္အခဲအက်ပ္ အတည္းမ်ိဳးစုံၾကားမွ ႏိုင္ငံ့စီးပြားကို အတိုင္းအတာတစ္ခုအထိ တိုးတက္ရန္ ေဆာင္႐ြက္ႏိုင္ခဲ့သည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။

“အခက္အခဲအက်ပ္အတည္းမ်ိဳးစုံၾကားက ႏိုင္ငံ့စီးပြားအတိုင္းအတာတစ္ခုအထိ တိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။ ပိတ္ဆို႔တားဆီးမႈအပါအဝင္ အခက္အခဲအခ်ိဳ႕သာမရွိခဲ့ရင္ ႏိုင္ငံ့စီးပြားဟာ ဒီထက္မက မ်ားစြာတိုးတက္ေနမွာ ျဖစ္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္” ဟု ၎က ေျပာၾကားထားသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က “ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရးကို ေရတိုကာလအတြက္မဟုတ္ဘဲ အနာဂတ္မ်ိဳးဆက္မ်ားအထိ တည္တံ့ေနတဲ့ ထာဝရၿငိမ္း ခ်မ္းေရးရရွိဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေဟာင္းကာလအတြင္းမွာ အရွည္မေျမာ္ေတြးတဲ့ လိုအင္ဆႏၵေတြ၊ ေဘးပေယာဂေတြရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈေတြ ေၾကာင့္ အခ်ိဳ႕ေသာ ကိုယ္က်ိဳးအတၱလြန္ကဲတဲ့သူေတြဟာ ေဒသမတည္မၿငိမ္ျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ၾကပါတယ္။ ကိုယ့္ျပည္ေထာင္စုဖြား တိုင္းရင္းသားအခ်င္းခ်င္းကို ဒုကၡတြင္းထဲေရာက္ေအာင္ တြန္းပို႔ခဲ့တာကို ေတြ႕ႀကဳံခဲ့ရၿပီးျဖစ္တာေၾကာင့္ အရွည္ကိုေျမာ္ေတြးၿပီး ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းလိုပါတယ္။ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း ေသြးကြဲေအာင္ သပ္လွ်ိဳေသြးခြဲေနတာကို ကြၽန္ေတာ္တို႔အားလုံးရဲ႕ ေသြးစည္းညီၫြတ္မႈနဲ႔ တုံ႔ျပန္ျပသဖို႔ လိုပါတယ္” ဟု ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ လာမည့္ႏွစ္သစ္တြင္ ႏိုင္ငံေတာ္အတြင္း၌ တည္ၿငိမ္ေအးခ်မ္းၿပီး ဆက္လက္ေလွ်ာက္လွမ္းမည့္ ပါတီစုံဒီမိုကေရ စီလမ္းေၾကာင္းကို တိုင္းရင္းသားအားလုံးက ပူးေပါင္းႀကိဳးစားေပးရန္လည္း ၎က တိုက္တြန္းထားသည္။

ၿပီးခဲ့ေသာ ျမန္မာသကၠရာဇ္ ၁၃၈၅ ခုႏွစ္(ခရစ္သကၠရာဇ္ ၂၀၂၃ ခုႏွစ္)အတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းအပါအဝင္ ေနရာေဒသအခ်ိဳ႕၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား အျပင္းအထန္းျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္က ဆုတ္ခြာေပးခဲ့ရသည့္စခန္းအမ်ားအျပားလည္း ရွိခဲ့သည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူလူထုအမ်ားအျပားသည္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရသကဲ့သို႔ ၎တို႔၏ စည္းစိမ္ဥစၥာ၊ ေနအိမ္မ်ားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။

Picture

Aung Aung

21/04/2024 19:43

ဟား လူတွေကို ‌ောက်ပေါတွေများမှတ်နေလား မသိဘူး တစ်ကောင်ထဲ တစ်အုပ်ထဲဘဲ ရူးကြကွာ 🖕

Related news

© 2021. All rights reserved.