အီရန်ကို လက်တုံ့ပြန်မယ့် အစ္စရေးရဲ့အစီအစဉ်တွေ နှောင့်နေးဖွယ်ရှိနေ

 2125

ဂျန်ဇက် (NP News) - ဧပြီ ၁၈

အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုဟာ ၎င်းရဲ့နိုင်ငံတိုက်ခိုက်ခံရမှုတွေအတွက် အီရန်နိုင်ငံကိုလက်တုံ့ပြန်တိုက်ခိုက်လိုပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် လက်တုံ့ပြန်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားရဖွယ်ရှိနေကြောင်း အစ္စရေး မီဒီယာတွေက ဖော်ပြထားပါတယ်။

အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ဧပြီ ၁၃ ရက်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အစ္စရေး အစိုးရက လက်တုံ့ပြန်ဖို့ လိုလားနေကြောင်းသိရပါတယ်။ အစ္စရေးသတင်းဌာနက " အီရန်နိုင်ငံအပေါ် ပြုလုပ်မယ့် အစ္စရေးရဲ့တုံ့ပြန်မှုတွေဟာ စီစဉ်ထားတဲ့အတိုင်း လျင်မြန်စွာဖြစ်လာမှာမဟုတ်ဘူး၊ လက်တုံ့ပြန်မှာဖြစ်ပါတယ်။ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မတူကွဲပြားမှုတွေရှိနေပါတယ်။ လက်တုံ့ပြန်ဖို့ အစီ အစဉ်တွေနှောင့်နေးခြင်းဟာ မူလအစီအစဉ်တွေကို အားနည်းမှုတွေဖြစ်လာနိုင်ဖွယ်ရှိတယ်" လို့ ပြောပါတယ်။

အစ္စရေး ကာကွယ်ရေးဦးစီးချုပ် ဟာလီဗီက အီရန်ရဲ့လုပ်ရပ်တွေကို လက်တုံ့ပြန်မှာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ဘယ်အချိန်မှာလက်တုံ့ပြန်မလဲဆိုတဲ့အချက်ကိုအတိအကျ ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ အစ္စရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Mako ကလည်း အစ္စရေးဟာ အမေရိကန်အစိုးရရဲ့အကြံပေးချက်တွေကို လက်ခံဖွယ်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံဟာ ဒေသအတွင်း စစ်ပွဲဖြစ်လာမှာကို မလိုလားကြောင်းဖော်ပြထားပါတယ်။ အမေရိကန်အစိုးရက ၎င်းတို့အနေနဲ့ အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မယ့် အစ္စရေးရဲ့အစီစဉ်တွေထဲ ပူးပေါင်းပါဝင်မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဟာ ဧပြီလအစောပိုင်းက ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်တွေ သေဆုံးခဲ့ပြီးနောက် အီရန်စစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ဒရုန်းအစင်းပေါင်း ၁၇၀ အပြင် ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်အစင်းပေါင်း ၁၃၀ ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
အီရန္ကို လက္တုံ႔ျပန္မယ့္ အစၥေရးရဲ႕အစီအစဥ္ေတြ ေႏွာင့္ေနးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

အစၥေရး ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုဟာ ၎ရဲ႕ႏိုင္ငံတိုက္ခိုက္ခံရမႈေတြအတြက္ အီရန္ႏိုင္ငံကိုလက္တုံ႔ျပန္တိုက္ခိုက္လိုေပမယ့္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ လက္တုံ႔ျပန္မယ့္ အစီအစဥ္ကို ဆိုင္းငံ့ထားရဖြယ္ရွိေနေၾကာင္း အစၥေရး မီဒီယာေတြက ေဖာ္ျပထားပါတယ္။

အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံအေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈအျဖစ္ ဧၿပီ ၁၃ ရက္က ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ အစၥေရး အစိုးရက လက္တုံ႔ျပန္ဖို႔ လိုလားေနေၾကာင္းသိရပါတယ္။ အစၥေရးသတင္းဌာနက " အီရန္ႏိုင္ငံအေပၚ ျပဳလုပ္မယ့္ အစၥေရးရဲ႕တုံ႔ျပန္မႈေတြဟာ စီစဥ္ထားတဲ့အတိုင္း လ်င္ျမန္စြာျဖစ္လာမွာမဟုတ္ဘူး၊ လက္တုံ႔ျပန္မွာျဖစ္ပါတယ္။ဒါေပမဲ့ စီစဥ္ထားတဲ့အတိုင္း မတူကြဲျပားမႈေတြရွိေနပါတယ္။ လက္တုံ႔ျပန္ဖို႔ အစီ အစဥ္ေတြေႏွာင့္ေနးျခင္းဟာ မူလအစီအစဥ္ေတြကို အားနည္းမႈေတြျဖစ္လာႏိုင္ဖြယ္ရွိတယ္" လို႔ ေျပာပါတယ္။

အစၥေရး ကာကြယ္ေရးဦးစီးခ်ဳပ္ ဟာလီဗီက အီရန္ရဲ႕လုပ္ရပ္ေတြကို လက္တုံ႔ျပန္မွာျဖစ္တယ္လို႔ ေျပာဆိုထားေပမယ့္ ဘယ္အခ်ိန္မွာလက္တုံ႔ျပန္မလဲဆိုတဲ့အခ်က္ကိုအတိအက် ေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးသတင္းဌာနတစ္ခုျဖစ္တဲ့ Mako ကလည္း အစၥေရးဟာ အေမရိကန္အစိုးရရဲ႕အႀကံေပးခ်က္ေတြကို လက္ခံဖြယ္ရွိေနေၾကာင္း၊ အေမရိကန္ႏိုင္ငံဟာ ေဒသအတြင္း စစ္ပြဲျဖစ္လာမွာကို မလိုလားေၾကာင္းေဖာ္ျပထားပါတယ္။ အေမရိကန္အစိုးရက ၎တို႔အေနနဲ႔ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္တိုက္ခိုက္မယ့္ အစၥေရးရဲ႕အစီစဥ္ေတြထဲ ပူးေပါင္းပါဝင္မွာမဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာသတင္းထုတ္ျပန္ခဲ့ပါတယ္။ အစၥေရးဟာ ဧၿပီလအေစာပိုင္းက ဆီးရီးယားႏိုင္ငံကိုတိုက္ခိုက္ခဲ့ရာ အီရန္ဗိုလ္ခ်ဳပ္ေတြ ေသဆုံးခဲ့ၿပီးေနာက္ အီရန္စစ္တပ္က လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ၿပီး ဒ႐ုန္းအစင္းေပါင္း ၁၇၀ အျပင္ ခ႐ုဇ္ဒုံးက်ည္ေတြ၊ ပဲ့ထိန္းဒုံးက်ည္အစင္းေပါင္း ၁၃၀ ေက်ာ္နဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.