အစ္စရေး နိုင်ငံဘက်ခြမ်းကို ဟစ်ဘိုလာအုပ်စုက ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်ခြင်းကြောင့်အနည်းဆုံးလူပေါင်း (၂၀)နီးပါး ဒဏ်ရာရ

 694

ဂျန်ဇက် (NP News) - ဧပြီ ၁၈

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒရုန်းတွေ၊ ရော့ကဒ်ဒုံးကျည်အစင်းပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံသားအနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဟစ်ဘိုလာအုပ်စုဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက် ခိုက်ခဲ့ပြီးနောက်ပိုင်း ဟစ်ဘိုလာအုပ်စုကလည်း အစ္စရေးနိုင်ငံကိုပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးသတင်းဌာန KAN က "လက်ဘနွန်နိုင်ငံကနေ အစ္စရေးနိုင်ငံမြောက်ပိုင်းကို ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကိုဒုံးကျည်တွေနဲ့ အဓိကထားတိုက်ခိုက်ခဲ့ပြီး ဒရုန်းတွေ အသုံးပြုတာမျိုးသိပ်မရှိခဲ့ဘူး"လို့ ပြောပါတယ်။

အစ္စရေးဟာ ၎င်းနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ ဟစ်ဘိုလာအုပ်စုကိုလက်တုံ့ပြန်ခဲ့ရာ ပြီးခဲ့တဲ့လအတွင်းလက်ဘနွန်နိုင်ငံသား ၇၀ အပါအဝင် လူပေါင်း ၃၆၃ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ် သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းအရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက် နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အုပ်စုတွေဟာ အီရန်နိုင်ငံရဲ့အထောက်ပံခံ အဖွဲ့စည်းတွေဖြစ်ရာ အီရန် နဲ့ အစ္စရေးစစ်ပွဲဖြစ်ပွားချိန်မှာ အဲဒီလက်နက်ကိုင်အုပ်စုတွေ ပူးပေါင်းပါဝင်လာပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်မီးပိုမိုတောက်လောင်လာမှာကို စိုးရိမ်နေကြောင်းသိရပါတယ်။

zawgyi version
အစၥေရး ႏိုင္ငံဘက္ျခမ္းကို ဟစ္ဘိုလာအုပ္စုက ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္ျခင္းေၾကာင့္အနည္းဆုံးလူေပါင္း (၂၀)နီးပါး ဒဏ္ရာရ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အုပ္စုဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ဒ႐ုန္းေတြ၊ ေရာ့ကဒ္ဒုံးက်ည္အစင္းေပါင္းမ်ားစြာနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးႏိုင္ငံသားအနည္းဆုံး ၁၈ ဦး ဒဏ္ရာရခဲ့ေၾကာင္း ေဒသအတြင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။

ဟစ္ဘိုလာအုပ္စုဟာ ဟားမက္စ္လက္နက္ကိုင္အုပ္စုနဲ႔ အစၥေရးႏိုင္ငံၾကားစစ္ပြဲစတင္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလေနာက္ပိုင္းကတည္းက အစၥေရးႏိုင္ငံဘက္ျခမ္းကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အီရန္ႏိုင္ငံက အစၥေရးႏိုင္ငံကို ပစ္မွတ္ထားတိုက္ ခိုက္ခဲ့ၿပီးေနာက္ပိုင္း ဟစ္ဘိုလာအုပ္စုကလည္း အစၥေရးႏိုင္ငံကိုပစ္မွတ္ထားတိုက္ခိုက္လာျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အစၥေရးသတင္းဌာန KAN က "လက္ဘႏြန္ႏိုင္ငံကေန အစၥေရးႏိုင္ငံေျမာက္ပိုင္းကို ပစ္ခတ္တိုက္ခိုက္တာေတြလုပ္ေဆာင္ခဲ့တယ္။ ဟစ္ဘိုလာအုပ္စုေတြဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကိုဒုံးက်ည္ေတြနဲ႔ အဓိကထားတိုက္ခိုက္ခဲ့ၿပီး ဒ႐ုန္းေတြ အသုံးျပဳတာမ်ိဳးသိပ္မရွိခဲ့ဘူး"လို႔ ေျပာပါတယ္။

အစၥေရးဟာ ၎ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့ ဟစ္ဘိုလာအုပ္စုကိုလက္တုံ႔ျပန္ခဲ့ရာ ၿပီးခဲ့တဲ့လအတြင္းလက္ဘႏြန္ႏိုင္ငံသား ၇၀ အပါအဝင္ လူေပါင္း ၃၆၃ ဦး ေသဆုံးခဲ့ေၾကာင္း ျပင္သစ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ အစၥေရးဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာမွာ ဟားမက္စ္လက္နက္ကိုင္အုပ္စုနဲ႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္းအေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ လက္ နက္ကိုင္အုပ္စုေတြဟာ အစၥေရးႏိုင္ငံကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ လက္နက္ကိုင္အုပ္စုေတြဟာ အီရန္ႏိုင္ငံရဲ႕အေထာက္ပံခံ အဖြဲ႕စည္းေတြျဖစ္ရာ အီရန္ နဲ႔ အစၥေရးစစ္ပြဲျဖစ္ပြားခ်ိန္မွာ အဲဒီလက္နက္ကိုင္အုပ္စုေတြ ပူးေပါင္းပါဝင္လာၿပီး အေရွ႕အလယ္ပိုင္းေဒသအတြင္း စစ္မီးပိုမိုေတာက္ေလာင္လာမွာကို စိုးရိမ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.