အစ္စရေးအားတိုက်ခိုက်ခဲ့သည့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ရန် အီးယူ ခေါင်းဆောင်များ ကြိုးပမ်း

 1582

ALynn (NP News) - ဧပြီ ၁၈

ဥရောပသမဂ္ဂခေါင်းဆောင်များသည် ဧပြီလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် အစ္စရေးကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည့် အီရန်၏လုပ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခ ပိုမိုကြီးထွားလာစေသည့်အတွက် အီရန်အပေါ် အရေးယူပိတ်ဆို့ခြင်းများချမှတ်ရန် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဘရပ်ဆဲလ်တွင်ကျင်းပသော နှစ်ရက်တာ ထိပ်သီးတွေ့ဆုံမှုသည် အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်အပြီး အီးယူ ၂၇ နိုင်ငံမှ ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်သည်။ အစ္စရေးက ပြန်လည်လက်တုံ့ပြန်ရန် အချက်ပြနေခြင်းများရှိသော်လည်း မည်သို့မည်ပုံတုံ့ပြန်သွားမည်ကို မသိရှိရသေးပါ။ အီးယူက အီရန်အပေါ် ပိတ်ဆို့မှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး အစ္စရေးအနေဖြင့် လက်တုံ့ပြန်ခြင်းကိစ္စများကို ချုပ်တည်းထားရန် နားချခဲ့သည်။

ပြင်သစ်သမ္မတက “အရေးယူပိတ်ဆို့ခြင်းကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များထုတ်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီနေသူများကိုပါ ပစ်မှတ်ထားအရေးယူသွားမည် ဖြစ်ကြောင်း”‌ပြောကြားခဲ့သည်။ ဂျာမန်ခေါင်းဆောင်ကလည်း “အစ္စရေးအနေဖြင့် အပြင်းအထန် ပြန်လည်လက်တုံ့ပြန်ခြင်းမျိုး မပြုလုပ်သွားရန်မှာ အရေးကြီးကြောင်း”ပြောကြားခဲ့သည်။

အီးယူခေါင်းဆောင်များက အီရန်၏ တိုက်ခိုက်မှုအပေါ်ရှုတ်ချခဲ့ကြပြီး အစ္စရေး၏လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့ကြသည်။ ထို့ပြင် တင်းမာမှုများကို ဖြေလျှော့ရန် လက်ဘနွန်အပါအဝင် အဖက်ဖက်က ဝိုင်းဝန်းဆောင်ရွက်သွားဖို့လည်း တိုက်တွန်းလိုက်သည်။ အီးယူ၏ ထုတ်ပြန်ကြေညာချက်တွင် “အီရန်၏ မောင်းသူမဲ့ ဝေဟင်သုံးယာဉ်များနှင့် ဒုံးကျည်များကို အထူးထိန်းချုပ်ကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ဖော်ပြပါရှိသည်။ ဧပြီလ ၁၃ ရက် (စနေနေ့)က အီရန်၏ အစ္စရေးအားတိုက်ခိုက်မှုသည် ဧပြီလ ၁ ရက်က ဆီးရီးယားရှိ ၎င်း၏သံရုံးအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အား လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အီးယူသည် ယခင်ကတည်းက အီရန်အား လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖျက်အားပြင်းလက်နက်များပေါများမှု၊ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားအား ဒရုန်းများထောက်ပံ့နေမှုစသည့် စွဲချက် များဖြင့် အရေးယူပိတ်ဆို့ခြင်းမျိုးစုံကို ချမှတ်ခဲ့ပြီးဖြစ်သည်။ အီးယူထိပ်သီးတွေ့ဆုံမှုတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအရ အီရန်အပေါ် ကျယ်ကျယ်ပြန့်ပြန့်အရေးယူပိတ်ဆို့မှုများကို လာမည့် တနင်္လာနေ့ (ဧပြီလ ၂၂ ရက်) မှစ၍ အမေရိကန်နှင့်အတူ အနောက်မဟာမိတ်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
အစၥေရးအားတိုက္ခိုက္ခဲ့သည့္ အီရန္အေပၚ အေရးယူပိတ္ဆို႔မႈအသစ္မ်ားခ်မွတ္ရန္ အီးယူ ေခါင္းေဆာင္မ်ား ႀကိဳးပမ္း
ALynn (NP News) - ဧၿပီ ၁၈

ဥေရာပသမဂၢေခါင္းေဆာင္မ်ားသည္ ဧၿပီလ ၁၇ ရက္ (ဗုဒၶဟူးေန႔)တြင္ အစၥေရးကို ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့သည့္ အီရန္၏လုပ္ရပ္ေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ ပဋိပကၡ ပိုမိုႀကီးထြားလာေစသည့္အတြက္ အီရန္အေပၚ အေရးယူပိတ္ဆို႔ျခင္းမ်ားခ်မွတ္ရန္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကသည္။

ဘရပ္ဆဲလ္တြင္က်င္းပေသာ ႏွစ္ရက္တာ ထိပ္သီးေတြ႕ဆုံမႈသည္ အီရန္က အစၥေရးကို တိုက္ခိုက္ခဲ့သည့္ အျဖစ္အပ်က္အၿပီး အီးယူ ၂၇ ႏိုင္ငံမွ ေခါင္းေဆာင္မ်ား၏ ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈလည္းျဖစ္သည္။ အစၥေရးက ျပန္လည္လက္တုံ႔ျပန္ရန္ အခ်က္ျပေနျခင္းမ်ားရွိေသာ္လည္း မည္သို႔မည္ပုံတုံ႔ျပန္သြားမည္ကို မသိရွိရေသးပါ။ အီးယူက အီရန္အေပၚ ပိတ္ဆို႔မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး အစၥေရးအေနျဖင့္ လက္တုံ႔ျပန္ျခင္းကိစၥမ်ားကို ခ်ဳပ္တည္းထားရန္ နားခ်ခဲ့သည္။

ျပင္သစ္သမၼတက “အေရးယူပိတ္ဆို႔ျခင္းကို အဓိကထားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး အီရန္၏ ဒ႐ုန္းႏွင့္ ဒုံးက်ည္မ်ားထုတ္လုပ္ေရးလုပ္ငန္းတြင္ ပါဝင္ကူညီေနသူမ်ားကိုပါ ပစ္မွတ္ထားအေရးယူသြားမည္ ျဖစ္ေၾကာင္း”‌ေျပာၾကားခဲ့သည္။ ဂ်ာမန္ေခါင္းေဆာင္ကလည္း “အစၥေရးအေနျဖင့္ အျပင္းအထန္ ျပန္လည္လက္တုံ႔ျပန္ျခင္းမ်ိဳး မျပဳလုပ္သြားရန္မွာ အေရးႀကီးေၾကာင္း”ေျပာၾကားခဲ့သည္။

အီးယူေခါင္းေဆာင္မ်ားက အီရန္၏ တိုက္ခိုက္မႈအေပၚရႈတ္ခ်ခဲ့ၾကၿပီး အစၥေရး၏လုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထပ္ေလာင္းကတိျပဳခဲ့ၾကသည္။ ထို႔ျပင္ တင္းမာမႈမ်ားကို ေျဖေလွ်ာ့ရန္ လက္ဘႏြန္အပါအဝင္ အဖက္ဖက္က ဝိုင္းဝန္းေဆာင္႐ြက္သြားဖို႔လည္း တိုက္တြန္းလိုက္သည္။ အီးယူ၏ ထုတ္ျပန္ေၾကညာခ်က္တြင္ “အီရန္၏ ေမာင္းသူမဲ့ ေဝဟင္သုံးယာဥ္မ်ားႏွင့္ ဒုံးက်ည္မ်ားကို အထူးထိန္းခ်ဳပ္ကန႔္သတ္မႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း”ေဖာ္ျပပါရွိသည္။ ဧၿပီလ ၁၃ ရက္ (စေနေန႔)က အီရန္၏ အစၥေရးအားတိုက္ခိုက္မႈသည္ ဧၿပီလ ၁ ရက္က ဆီးရီးယားရွိ ၎၏သံ႐ုံးအား တိုက္ခိုက္ခဲ့သည့္ လုပ္ရပ္အား လက္တုံ႔ျပန္ျခင္းျဖစ္ေၾကာင္း သိရသည္။

အီးယူသည္ ယခင္ကတည္းက အီရန္အား လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ ဖ်က္အားျပင္းလက္နက္မ်ားေပါမ်ားမႈ၊ ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားအား ဒ႐ုန္းမ်ားေထာက္ပံ့ေနမႈစသည့္ စြဲခ်က္ မ်ားျဖင့္ အေရးယူပိတ္ဆို႔ျခင္းမ်ိဳးစုံကို ခ်မွတ္ခဲ့ၿပီးျဖစ္သည္။ အီးယူထိပ္သီးေတြ႕ဆုံမႈတြင္ ခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္မ်ားအရ အီရန္အေပၚ က်ယ္က်ယ္ျပန႔္ျပန႔္အေရးယူပိတ္ဆို႔မႈမ်ားကို လာမည့္ တနလၤာေန႔ (ဧၿပီလ ၂၂ ရက္) မွစ၍ အေမရိကန္ႏွင့္အတူ အေနာက္မဟာမိတ္မ်ားက ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.