နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးမှု မကွေးတွင်ဖြစ်ပွား

 1872

သန့်ဇင် (NP News) - ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် နေအိမ်၌အိပ်ပျော်နေသည့် မိသားစုဝင်(၃)ဦးကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဓားဖြင့်ဝင်ထိုးခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁၇ ရက်)၊ ည ၉နာရီအချိန်တွင် မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကျွဲခြံကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ အိပ်နေတဲ့အချိန်မှာဝင်ထိုးတာ။ မိသားစု(၃)ယောက်အိပ်နေတာပေါ့။ ဓားနဲ့ထိုးတဲ့လူရဲ့ ဦးလေးလင်မယားနဲ့ သူတို့ချွေးမအိပ်နေတာကို ဓားနဲ့ဝင်ထိုးတာပါ။ ထိုးတဲ့လူကလည်း အရက်သောက်ထားတယ်”ဟု ပရဟိတမင်းခေါင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်ထိုးသတ်ခံရသည့်အမျိုးသားမှာ ကျွဲခြံကျေးရွာတွင်နေထိုင်သည့် အသက်(၆၆)နှစ်အရွယ် ဦးသန်းဌေးဖြစ်ပြီး ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ(၂)ချက်ဖြင့် အခင်း ဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ အသက်(၆၆)နှစ်အရွယ် ဒေါ်ပြုံးချိုတွင် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ချွေးမဖြစ်သူ အသက်(၂၉)နှစ်အရွယ် မဝေဝေဦးတွင်လည်း ရင်ဘက်ထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

“ထိုးတဲ့သူက အသက်(၅၄)နှစ်ရှိတဲ့ ကိုတင်မောင်ဆွေလို့သိရတယ်။ တစ်ရွာတည်းသားတွေ သေဆုံးသူနဲ့ဆိုတူတော်စပ်သူပေါ့။ အခုသတ်တဲ့လူကလည်း အရင်က သူ့မိန်းမနဲ့သားကိုသတ်ပြီး ထောင်ကျဖူးတယ်လို့သိရတယ်။ အခုမှထောင်ကထွက်လာတာ မကြာသေးဘူး။ ဘယ်လိုရန်ငြိုးတွေ ရှိလည်းမသိပေမယ့် အရက်သောက်ထားတော့ အရက်ရဲ့ဆိုးကျိုးတွေလည်းပါတာပေါ့” ဟု ၎င်းကဆက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာက စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
ေနအိမ္၌အိပ္ေပ်ာ္ေနသည့္ မိသားစုဝင္(၃)ဦးကို ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ဓားျဖင့္ဝင္ထိုးခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးမႈ မေကြးတြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဧၿပီ ၁၈

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္တြင္ ေနအိမ္၌အိပ္ေပ်ာ္ေနသည့္ မိသားစုဝင္(၃)ဦးကို ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ဓားျဖင့္ဝင္ထိုးခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၁၇ ရက္)၊ ည ၉နာရီအခ်ိန္တြင္ မေကြးတိုင္း၊ မေကြးၿမိဳ႕နယ္၊ ကြၽဲၿခံေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္လိုျဖစ္တာလဲဆိုေတာ့ အိပ္ေနတဲ့အခ်ိန္မွာဝင္ထိုးတာ။ မိသားစု(၃)ေယာက္အိပ္ေနတာေပါ့။ ဓားနဲ႔ထိုးတဲ့လူရဲ႕ ဦးေလးလင္မယားနဲ႔ သူတို႔ေခြၽးမအိပ္ေနတာကို ဓားနဲ႔ဝင္ထိုးတာပါ။ ထိုးတဲ့လူကလည္း အရက္ေသာက္ထားတယ္”ဟု ပရဟိတမင္းေခါင္ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ဓားျဖင့္ထိုးသတ္ခံရသည့္အမ်ိဳးသားမွာ ကြၽဲၿခံေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၆၆)ႏွစ္အ႐ြယ္ ဦးသန္းေဌးျဖစ္ၿပီး ရင္ၫြန႔္တြင္ ထိုးသြင္းဒဏ္ရာ(၂)ခ်က္ျဖင့္ အခင္း ျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၎၏ဇနီးျဖစ္သူ အသက္(၆၆)ႏွစ္အ႐ြယ္ ေဒၚၿပဳံးခ်ိဳတြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္ႏွင့္ ေခြၽးမျဖစ္သူ အသက္(၂၉)ႏွစ္အ႐ြယ္ မေဝေဝဦးတြင္လည္း ရင္ဘက္ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ရရွိခဲ့ေၾကာင္း သိရသည္။

“ထိုးတဲ့သူက အသက္(၅၄)ႏွစ္ရွိတဲ့ ကိုတင္ေမာင္ေဆြလို႔သိရတယ္။ တစ္႐ြာတည္းသားေတြ ေသဆုံးသူနဲ႔ဆိုတူေတာ္စပ္သူေပါ့။ အခုသတ္တဲ့လူကလည္း အရင္က သူ႔မိန္းမနဲ႔သားကိုသတ္ၿပီး ေထာင္က်ဖူးတယ္လို႔သိရတယ္။ အခုမွေထာင္ကထြက္လာတာ မၾကာေသးဘူး။ ဘယ္လိုရန္ၿငိဳးေတြ ရွိလည္းမသိေပမယ့္ အရက္ေသာက္ထားေတာ့ အရက္ရဲ႕ဆိုးက်ိဳးေတြလည္းပါတာေပါ့” ဟု ၎ကဆက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕က မေကြးတိုင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို သက္ဆိုင္ရာက စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.