ယူကရိန်း စစ်ရှုံးမယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ်ရှိနေဟု ယူကရိန်းဝန်ကြီးချုပ်ပြော

 1190

ဂျန်ဇက် (NP News) - ဧပြီ ၁၈

ယူကရိန်းဝန်ကြီးချုပ်က ရုရှားနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်း စစ်ရှုံးမယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နှောင့်နေးလျက်ရှိနေတဲ့ ယူကရိန်းကို အကူအညီပေးမယ့် အစီအစဉ် မူကြမ်းကို အမြန်ဆုံး ဆုံးဖြတ်ပေးစေလိုကြောင်း ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၁ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးဖို့ စီစဉ်ထားပေမယ့် အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မှုများရှိနေကြောင်း သိရပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က "ယူကရိန်းဟာ လက်ရှိအချိန်မှာ ငွေကြေးလိုအပ်နေပါတယ်။ အခြေနေတွေဟာ ဒီနေ့ နဲ့ မနက်ဖြန် မတူညီဘူး။ ကျွန်တော်တို့ဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ဘူးဆိုရင် ယူကရိန်းစစ်ပွဲ ရှုံးနိမ့်မှာဖြစ်တယ်။ ယူကရိန်းစစ် ရှုံးမယ်ဆိုရင် ကမ္ဘာလုံခြုံရေးစနစ်က ဖျက်ဆီးခံရမယ်။ စစ်ပွဲတွေ ပိုမိုဖြစ်လာဖွယ် ရှိနေပါတယ်။ တတိယကမ္ဘာစစ်ကို ဦးတည်လာမှာဖြစ်တယ်" လို့ ပြောပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီး ကလည်း ယူကရိန်းအနေနဲ့ ရုရှားကို စစ်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊ ယူကရိန်းကို အနိုင်ရချိန်မှာ ရုရှားဟာ ပိုလန်နိုင်ငံကို ဆက်လက်ကျူးကျော်ဖွယ်ရှိနေပြီး တတိယကမ္ဘာစစ်ကို ဦးတည်လာဖွယ်ရှိနေကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်ကျော်ကြာလာပြီးနောက်ပိုင်း ယူကရိန်းဟာ ပိုင်နက်နယ်မြေ လေးခု သိမ်းပိုက်ခံထားရပါတယ်။ ယူကရိန်းဟာ အမေရိကန်နိုင်ငံထံကနေ အကူအညီတွေ ထပ်မံရယူနိုင်ဖို့ကြိုးပမ်းနေ ကြောင်း သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေဟာ လာမယ့်သီတင်းပတ်အတွင်း ယူကရိန်းကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္း စစ္ရႈံးမယ္ဆိုရင္ တတိယကမာၻစစ္ျဖစ္လာႏိုင္ဖြယ္ရွိေနဟု ယူကရိန္းဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

ယူကရိန္းဝန္ႀကီးခ်ဳပ္က ႐ုရွားနဲ႔ ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္း စစ္ရႈံးမယ္ဆိုရင္ တတိယကမာၻစစ္ျဖစ္လာႏိုင္ဖြယ္ ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ေႏွာင့္ေနးလ်က္ရွိေနတဲ့ ယူကရိန္းကို အကူအညီေပးမယ့္ အစီအစဥ္ မူၾကမ္းကို အျမန္ဆုံး ဆုံးျဖတ္ေပးေစလိုေၾကာင္း ယူကရိန္းဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

အေမရိကန္အစိုးရဟာ ယူကရိန္းကို အေမရိကန္ေဒၚလာ ၆၁ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြ ကူညီ ေထာက္ပံ့ေပးဖို႔ စီစဥ္ထားေပမယ့္ ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကန႔္ကြက္မႈမ်ားရွိေနေၾကာင္း သိရပါတယ္။

ယူကရိန္းဝန္ႀကီးခ်ဳပ္က "ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ ေငြေၾကးလိုအပ္ေနပါတယ္။ အေျခေနေတြဟာ ဒီေန႔ နဲ႔ မနက္ျဖန္ မတူညီဘူး။ ကြၽန္ေတာ္တို႔ဟာ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကို မကာကြယ္ႏိုင္ဘူးဆိုရင္ ယူကရိန္းစစ္ပြဲ ရႈံးနိမ့္မွာျဖစ္တယ္။ ယူကရိန္းစစ္ ရႈံးမယ္ဆိုရင္ ကမာၻလုံၿခဳံေရးစနစ္က ဖ်က္ဆီးခံရမယ္။ စစ္ပြဲေတြ ပိုမိုျဖစ္လာဖြယ္ ရွိေနပါတယ္။ တတိယကမာၻစစ္ကို ဦးတည္လာမွာျဖစ္တယ္" လို႔ ေျပာပါတယ္။ ယူကရိန္းသမၼတဇီလန္စကီး ကလည္း ယူကရိန္းအေနနဲ႔ ႐ုရွားကို စစ္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ တတိယကမာၻစစ္ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း၊ ယူကရိန္းကို အႏိုင္ရခ်ိန္မွာ ႐ုရွားဟာ ပိုလန္ႏိုင္ငံကို ဆက္လက္က်ဴးေက်ာ္ဖြယ္ရွိေနၿပီး တတိယကမာၻစစ္ကို ဦးတည္လာဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။

႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၂ ႏွစ္ေက်ာ္ၾကာလာၿပီးေနာက္ပိုင္း ယူကရိန္းဟာ ပိုင္နက္နယ္ေျမ ေလးခု သိမ္းပိုက္ခံထားရပါတယ္။ ယူကရိန္းဟာ အေမရိကန္ႏိုင္ငံထံကေန အကူအညီေတြ ထပ္မံရယူႏိုင္ဖို႔ႀကိဳးပမ္းေန ေၾကာင္း သိရပါတယ္။ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ လာမယ့္သီတင္းပတ္အတြင္း ယူကရိန္းကို ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ ဥပေဒမူၾကမ္းကို မဲခြဲဆုံးျဖတ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.