မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေဟု ဒေသခံများဆို

 6382

မြူနစ် (NP News) - ဧပြီ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA လက်နက်ကိုင်အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့ခံများအနေဖြင့် ယနေ့(ဧပြီ ၁၈ ရက်)တွင် မြို့အတွင်းမှထွက်သွားရန် ကောလာဟ လများထုတ်လွှင့်ကာ ပြောဆိုရေးသားမှုများရှိနေသော်လည်း ပုံမှန်အတိုင်းသာ လည်ပတ်နေ လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း၌ မြဝတီမြို့တွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်သည့်မြို့ခံများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်မှုများရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ ပုံမှန်ပါပဲ။ လူငယ်တွေရော၊ လူကြီးတွေရော ပုံမှန်ပဲ သွားနေကြတာပဲ။ အခုမြို့ပေါ်မှာတော့ BGF နဲ့ DKBA နဲ့ပဲတွေ့တယ်။ သူတို့ပဲ လှုပ်ရှားနေတယ်လေ။ အရင်ရက်ကတော့ BGF က ကြေညာတာရှိတယ်။ သူခိုးတွေ (၃)ရက်အတွင်း ထွက်ပါဆိုပြီးတော့ ကြေညာတယ်။ တကယ်လို့ မိလို့ရှိရင် ပြင်းထန်စွာအရေးယူမယ်ဆိုပြီးတော့ပေါ့” ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် မြဝတီမြို့ပေါ်၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးရယူထားသည့်အခြေ အနေမျိုးကို မတွေ့ရကြောင်းလည်း မြို့ခံများက ပြောသည်။

“ကျွန်တော် သွားနေတာတော့ မြို့ပေါ်မှာ စစ်သားတွေ၊ ဘာတွေ မတွေ့ဘူး။ ရဲကတော့ ရဲစခန်းထဲမှာ ရှိတယ်။ အရပ်ဝတ်တွေနဲ့ပဲ စခန်းထဲမှာ နေတယ်။ ရဲလည်း မြို့ထဲကို လှည့်တာမတွေ့ဘူး”ဟု မြဝတီမြို့ခံတစ်ဦးက ဆက်လက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များ သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြဝတီမြို့အနီးရှိ ခလရ (၂၇၅)ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့၏ အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့သို့ စစ်ကူပေးရန် လာရောက်နေသည့် တပ်မတော်၏ စစ်ကြောင်းကို ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေါနတောင် ကြောတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
ျမဝတီၿမိဳ႕ေပၚတြင္ ပုံမွန္အတိုင္း တည္ၿငိမ္ေနလ်က္ရွိၿပီး BGF ႏွင့္ DKBA အဖြဲ႕မ်ားက ကင္းလွည့္သြားလာမႈမ်ားရွိေနဟု ေဒသခံမ်ားဆို
ျမဴနစ္ (NP News) - ဧၿပီ ၁၈

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေပၚတြင္ ပုံမွန္အတိုင္း တည္ၿငိမ္ေနလ်က္ရွိၿပီး BGF ႏွင့္ DKBA လက္နက္ကိုင္အဖြဲ႕မ်ားက ကင္းလွည့္သြားလာမႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ျမဝတီၿမိဳ႕ခံမ်ားအေနျဖင့္ ယေန႔(ဧၿပီ ၁၈ ရက္)တြင္ ၿမိဳ႕အတြင္းမွထြက္သြားရန္ ေကာလာဟ လမ်ားထုတ္လႊင့္ကာ ေျပာဆိုေရးသားမႈမ်ားရွိေနေသာ္လည္း ပုံမွန္အတိုင္းသာ လည္ပတ္ေန လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ ျမဝတီၿမိဳ႕တြင္ တိုက္ပြဲမ်ား ျဖစ္ပြားမည္ကို စိုးရိမ္သည့္ၿမိဳ႕ခံမ်ားအေနျဖင့္ ထိုင္းႏိုင္ငံဘက္သို႔ တိမ္းေရွာင္မႈမ်ားရွိခဲ့ေသာ္လည္း ယခုရက္ပိုင္းတြင္ ျပန္လည္ဝင္ေရာက္ေနထိုင္လ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ၿမိဳ႕ထဲမွာေတာ့ ေအးေအးေဆးေဆးပါပဲ။ ပုံမွန္ပါပဲ။ လူငယ္ေတြေရာ၊ လူႀကီးေတြေရာ ပုံမွန္ပဲ သြားေနၾကတာပဲ။ အခုၿမိဳ႕ေပၚမွာေတာ့ BGF နဲ႔ DKBA နဲ႔ပဲေတြ႕တယ္။ သူတို႔ပဲ လႈပ္ရွားေနတယ္ေလ။ အရင္ရက္ကေတာ့ BGF က ေၾကညာတာရွိတယ္။ သူခိုးေတြ (၃)ရက္အတြင္း ထြက္ပါဆိုၿပီးေတာ့ ေၾကညာတယ္။ တကယ္လို႔ မိလို႔ရွိရင္ ျပင္းထန္စြာအေရးယူမယ္ဆိုၿပီးေတာ့ေပါ့” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ျမဝတီၿမိဳ႕ေပၚ၌ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က လုံၿခဳံေရးရယူထားသည့္အေျခ အေနမ်ိဳးကို မေတြ႕ရေၾကာင္းလည္း ၿမိဳ႕ခံမ်ားက ေျပာသည္။

“ကြၽန္ေတာ္ သြားေနတာေတာ့ ၿမိဳ႕ေပၚမွာ စစ္သားေတြ၊ ဘာေတြ မေတြ႕ဘူး။ ရဲကေတာ့ ရဲစခန္းထဲမွာ ရွိတယ္။ အရပ္ဝတ္ေတြနဲ႔ပဲ စခန္းထဲမွာ ေနတယ္။ ရဲလည္း ၿမိဳ႕ထဲကို လွည့္တာမေတြ႕ဘူး”ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ဆက္လက္ေျပာသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္ေသာ KNLA၊ KNDO ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ား သည္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ျမဝတီၿမိဳ႕အနီးရွိ ခလရ (၂၇၅)ကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

လက္ရွိတြင္ KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ျမဝတီၿမိဳ႕၏ အနီးတစ္ဝိုက္တြင္ သြားလာလႈပ္ရွားေနလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ျမဝတီၿမိဳ႕သို႔ စစ္ကူေပးရန္ လာေရာက္ေနသည့္ တပ္မေတာ္၏ စစ္ေၾကာင္းကို ေကာ့ကရိတ္ႏွင့္ သဃၤန္းညီေနာင္ၾကားရွိ ေဒါနေတာင္ ေၾကာတစ္ဝိုက္တြင္ ၾကားျဖတ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.