လှိုင်သာယာမြို့နယ်တွင် ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာရ

 1514

သန့်ဇင် (NP News) - ဧပြီ ၁၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် Alphard နှင့် တက္ကစီတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မနောဖြူစင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၁၈ ရက်)၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Alphard နဲ့ တက္ကစီတိုက်တာပါ။ Alphard က တောင်ဘက်ကိုအလာမှာ မှော်ဘီဘက်ကိုသွားတဲ့ တက္ကစီနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပါ”ဟု မနောဖြူစင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် စုစုပေါင်းလူ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တက္ကစီကားပေါ်မှ အသက်(၄၈)နှစ်အရွယ် ခရီးသည်အမျိုးသမီး တစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်တော့ Alphard က ယာဉ်မောင်းက ရင်ဘတ်အောင့်တယ်၊ ခြေထောက်ထိသွားတယ်။ တက္ကစီက ခရီးသည် အမျိုးသမီးတစ်ဦးကတော့ လှိုင်သာယာဆေးရုံမှာပဲ ဆေးကုနေတုန်းဆုံးသွားတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကလည်း စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကြီးပို့ပေးထားရတယ်။ အဲဒီနားကကွေ့ကြောလေးမှာက ခဏခဏဖြစ်တဲ့အတွက် ဂရုစိုက်ပြီးမောင်းစေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်ရှိ ပရဟိတအသင်းများက ရန်ကုန်ဆေးရုံကြီးနှင့် လှိုင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္တြင္ ကားႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးေသဆုံး၍ (၅)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၁၈

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္တြင္ Alphard ႏွင့္ တကၠစီတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးေသဆုံး၍ (၅)ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း မေနာျဖဴစင္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီလ ၁၈ ရက္)၊ နံနက္ ၉နာရီ ၄၅မိနစ္အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာလမ္းမႀကီးေပၚ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“Alphard နဲ႔ တကၠစီတိုက္တာပါ။ Alphard က ေတာင္ဘက္ကိုအလာမွာ ေမွာ္ဘီဘက္ကိုသြားတဲ့ တကၠစီနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိတာပါ”ဟု မေနာျဖဴစင္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ စုစုေပါင္းလူ(၆)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တကၠစီကားေပၚမွ အသက္(၄၈)ႏွစ္အ႐ြယ္ ခရီးသည္အမ်ိဳးသမီး တစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ယာဥ္တိုက္မႈျဖစ္ေတာ့ Alphard က ယာဥ္ေမာင္းက ရင္ဘတ္ေအာင့္တယ္၊ ေျခေထာက္ထိသြားတယ္။ တကၠစီက ခရီးသည္ အမ်ိဳးသမီးတစ္ဦးကေတာ့ လႈိင္သာယာေဆး႐ုံမွာပဲ ေဆးကုေနတုန္းဆုံးသြားတယ္။ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီး တစ္ေယာက္ကလည္း စိုးရိမ္ရလို႔ ရန္ကုန္ေဆး႐ုံႀကီးပို႔ေပးထားရတယ္။ အဲဒီနားကေကြ႕ေၾကာေလးမွာက ခဏခဏျဖစ္တဲ့အတြက္ ဂ႐ုစိုက္ၿပီးေမာင္းေစခ်င္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

၎ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လႈိင္သာယာၿမိဳ႕နယ္ရွိ ပရဟိတအသင္းမ်ားက ရန္ကုန္ေဆး႐ုံႀကီးႏွင့္ လႈိင္သာယာၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.