ကုလသမဂ္ဂတွင် ပါလက်စတိုင်းအား နိုင်ငံအဖြစ်အသိအမှတ်မပြုနိုင်ရန် အမေရိကန်ကြိုးပမ်း

 573

ALynn (NP News) - ဧပြီ ၁၉

ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်းအား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းနှင့်စပ်လျဉ်းသည့် မဲခွဲဆုံးဖြတ်ခြင်း အစီအစဉ်ကို ဟန့်တားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအား အကြံပြုထားသည့် “ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံရန်” အဆိုပြုချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ ထိုမူကြမ်းနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနက် ဗြိတိန် နှင့် ဆွစ်ဇာလန်တို့က ကြားနေဆန္ဒမဲ ပေးခဲ့ကြပြီး၊ ကျန် ၁၂ နိုင်ငံကမူ ထောက်ခံခဲ့ကြသည်။

“လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းအကြား တိုက်ရိုက်ဆွေးနွေးညှိနှိုင်း ဖို့သာ လိုအပ်မည်ဖြစ်ပြီး ကုလသမဂ္ဂ၏ ဝင်ရောက်ပတ်သက်ခြင်းမျိုး မလုပ်သင့်ကြောင်း” အမေရိကန်က ပြောခဲ့ သည်။ ပါလက်စတိုင်းသမ္မတကမူ “အမေရိကန်၏ ဗီတိုအာဏာကျင့်သုံးမှုသည် တရားမျှတမှုမရှိသလို ကျင့်ဝတ်နှင့် လည်း မလျော်ညီကြောင်း၊ ထို့ပြင် ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံနေသော နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောဆန္ဒကိုလည်း အမေရိကန်က စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း” ဖော်ပြခဲ့သည်။ ပါလက်စတိုင်းသည် ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့်ဟားမက်စ်တို့အကြား စစ်ပွဲစတင်ကတည်းက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းလာခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကမူ အမေရိကန်၏ ဗီတိုအာဏာကျင့်သုံးမှုအပေါ် အားပေးချီးကျူးခဲ့ပြီး မူကြမ်းကို ထောက်ခံခဲ့သည့် အဖွဲ့ဝင် ၁၂ နိုင်ငံကိုလည်း “၎င်းတို့၏ ထောက်ခံမဲသည် ပါလက်စတိုင်းများကိုသာ ပိုမိုရဲတင်းလာ စေပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးဖို့သာ ဦးတည်သွားမည်ဖြစ်ကြောင်း” ကုလသမဂ္ဂဆိုင်ရာ အစ္စရေးကိုယ်စား လှယ်က မှတ်ချက်ပြုခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကမူ “အစ္စရေး-ဟားမက်စ်စစ်ပွဲရပ်တန့် ရေး နှစ်နိုင်ငံထူထောင်ခြင်း အဖြေသည် ဒေသတွင်းရှိ လူသန်းပေါင်းများစွာအပေါ် ထိခိုက်မှုများ၊ အန္တရာယ်များကို သာ တိုးမြင့်လာစေကြောင်း” လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

Zawgyi Version;
ကုလသမဂၢတြင္ ပါလက္စတိုင္းအား ႏိုင္ငံအျဖစ္အသိအမွတ္မျပဳႏိုင္ရန္ အေမရိကန္ႀကိဳးပမ္း
ALynn (NP News) - ဧၿပီ ၁၉

ဧၿပီလ ၁၈ ရက္ (ၾကာသပေတးေန႔) က အေမရိကန္သည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ပါလက္စတိုင္းအား အဖြဲ႕ဝင္အျဖစ္ အသိအမွတ္ျပဳျခင္းႏွင့္စပ္လ်ဥ္းသည့္ မဲခြဲဆုံးျဖတ္ျခင္း အစီအစဥ္ကို ဟန႔္တားခဲ့သည္။

ကုလသမဂၢအေထြေထြညီလာခံအား အႀကံျပဳထားသည့္ “ပါလက္စတိုင္းအား ကုလသမဂၢအဖြဲ႕ဝင္အျဖစ္ လက္ခံရန္” အဆိုျပဳခ်က္မူၾကမ္းကို အေမရိကန္က ဗီတိုအာဏာသုံး ပယ္ခ်ခဲ့သည္။ ထိုမူၾကမ္းႏွင့္ပတ္သက္၍ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားအနက္ ၿဗိတိန္ ႏွင့္ ဆြစ္ဇာလန္တို႔က ၾကားေနဆႏၵမဲ ေပးခဲ့ၾကၿပီး၊ က်န္ ၁၂ ႏိုင္ငံကမူ ေထာက္ခံခဲ့ၾကသည္။

“လြတ္လပ္သည့္ ပါလက္စတိုင္းႏိုင္ငံထူေထာင္ဖို႔ အစၥေရးႏွင့္ ပါလက္စတိုင္းအၾကား တိုက္႐ိုက္ေဆြးေႏြးညႇိႏႈိင္း ဖို႔သာ လိုအပ္မည္ျဖစ္ၿပီး ကုလသမဂၢ၏ ဝင္ေရာက္ပတ္သက္ျခင္းမ်ိဳး မလုပ္သင့္ေၾကာင္း” အေမရိကန္က ေျပာခဲ့ သည္။ ပါလက္စတိုင္းသမၼတကမူ “အေမရိကန္၏ ဗီတိုအာဏာက်င့္သုံးမႈသည္ တရားမွ်တမႈမရွိသလို က်င့္ဝတ္ႏွင့္ လည္း မေလ်ာ္ညီေၾကာင္း၊ ထို႔ျပင္ ပါလက္စတိုင္းအား ကုလသမဂၢအဖြဲ႕ဝင္ျဖစ္ေရးအတြက္ ေထာက္ခံေနေသာ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ သေဘာဆႏၵကိုလည္း အေမရိကန္က စိန္ေခၚလိုက္ျခင္းျဖစ္ေၾကာင္း” ေဖာ္ျပခဲ့သည္။ ပါလက္စတိုင္းသည္ ဂါဇာကမ္းေျမာင္တြင္ အစၥေရးႏွင့္ဟားမက္စ္တို႔အၾကား စစ္ပြဲစတင္ကတည္းက ကုလသမဂၢ အဖြဲ႕ဝင္ျဖစ္ေရး ႀကိဳးပမ္းလာခဲ့သည္။

အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးကမူ အေမရိကန္၏ ဗီတိုအာဏာက်င့္သုံးမႈအေပၚ အားေပးခ်ီးက်ဴးခဲ့ၿပီး မူၾကမ္းကို ေထာက္ခံခဲ့သည့္ အဖြဲ႕ဝင္ ၁၂ ႏိုင္ငံကိုလည္း “၎တို႔၏ ေထာက္ခံမဲသည္ ပါလက္စတိုင္းမ်ားကိုသာ ပိုမိုရဲတင္းလာ ေစၿပီး ၿငိမ္းခ်မ္းေရးႏွင့္ အလွမ္းေဝးဖို႔သာ ဦးတည္သြားမည္ျဖစ္ေၾကာင္း” ကုလသမဂၢဆိုင္ရာ အစၥေရးကိုယ္စား လွယ္က မွတ္ခ်က္ျပဳခဲ့သည္။ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ကမူ “အစၥေရး-ဟားမက္စ္စစ္ပြဲရပ္တန႔္ ေရး ႏွစ္ႏိုင္ငံထူေထာင္ျခင္း အေျဖသည္ ေဒသတြင္းရွိ လူသန္းေပါင္းမ်ားစြာအေပၚ ထိခိုက္မႈမ်ား၊ အႏၲရာယ္မ်ားကို သာ တိုးျမင့္လာေစေၾကာင္း” လုံၿခဳံေရးေကာင္စီသို႔ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.