ကင်ညာတွင် စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး စစ်တပ်အကြီးအကဲ အပါအဝင် လူ(၁ဝ)ဦး သေဆုံး

 1454

Pika (NP News) - ဧပြီ ၁၉

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ကင်ညာစစ်တပ်အကြီးအကဲ အပါအဝင် လူ(၁၀)ဦး သေဆုံးခဲ့တယ်လို့ သမ္မတဝီလျံရူတိုက ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုဟာ Nairobi မြို့အနောက်မြောက်ဘက် ကီလိုမီတာ(၄၀၀)အကွာမှာရှိတဲ့ Elgeyo Marakwet ကောင်တီမှာ ဧပြီလ(၁၈)ရက် နေ့လည်(၂)နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြီး ဖရန်စစ်အိုဂိုလာ နဲ့ အခြားလူ(၉)ဦးတို့ သေဆုံးခဲ့ပါတယ်။

စစ်ရဟတ်ယာဉ်ဟာ ကင်ညာနိုင်ငံအနောက်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေဆီကို သွားရောက် လည်ပတ်ခဲ့တာဖြစ်ပြီး West Pokot ကောင်တီ Cheptulel Boys Secondary School အနီးကနေ ပျံတက်ခဲ့ပြီး နောက် မိနစ်ပိုင်းအကြာမှာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဝီလျံရူတိုက “ကျွန်တော်တို့ မိခင်နိုင်ငံဟာ အရဲရင့်ဆုံးဗိုလ်ချုပ်ကြီးတွေထဲက တစ်ဦးကို ဆုံးရှုံးခဲ့ ရပါတယ်။ ဖရန်စစ်အိုဂိုလာရဲ့သေဆုံးမှုဟာ ကျွန်တော့်ကို နာကျင်စေတဲ့ ဆုံးရှုံးမှုတစ်ခုပါ” လို့ ပြောဆိုခဲ့ပါတယ်။

စစ်ရဟတ်ယာဉ်ပျက်ကျမှုအတွင်း စစ်သားနှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဝီလျံရူတိုက ပြောခဲ့ပါတယ်။ ပျက်ကျမှုဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးဖို့အတွက် လေကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ထားတယ်လို့လည်း ဝီလျံရူတိုက ပြောကြားခဲ့ပါတယ်။

ဖရန်စစ်အိုဂိုလာဟာ ၁၉၈၄ ခုနှစ်မှာ စစ်မှုထမ်းခဲ့ပြီး အမေရိကန်လေတပ်မှာ တိုက်လေယာဉ်မှူးအဖြစ် လေ့ကျင့် သင်ကြားခဲ့ကာ ကင်ညာလေတပ်တွင် လေ့ကျင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကင္ညာတြင္ စစ္ရဟတ္ယာဥ္တစ္စီးပ်က္က်ခဲ့ၿပီး စစ္တပ္အႀကီးအကဲ အပါအဝင္ လူ(၁ဝ)ဦး ေသဆုံး
Pika (NP News) - ဧၿပီ ၁၉

ကင္ညာႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ စစ္ရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ကင္ညာစစ္တပ္အႀကီးအကဲ အပါအဝင္ လူ(၁၀)ဦး ေသဆုံးခဲ့တယ္လို႔ သမၼတဝီလ်ံ႐ူတိုက ေျပာၾကားခဲ့ပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈဟာ Nairobi ၿမိဳ႕အေနာက္ေျမာက္ဘက္ ကီလိုမီတာ(၄၀၀)အကြာမွာရွိတဲ့ Elgeyo Marakwet ေကာင္တီမွာ ဧၿပီလ(၁၈)ရက္ ေန႔လည္(၂)နာရီအခ်ိန္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဗိုလ္ခ်ဳပ္ႀကီး ဖရန္စစ္အိုဂိုလာ နဲ႔ အျခားလူ(၉)ဦးတို႔ ေသဆုံးခဲ့ပါတယ္။

စစ္ရဟတ္ယာဥ္ဟာ ကင္ညာႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာ တပ္စြဲထားတဲ့ တပ္ဖြဲ႕ဝင္ေတြဆီကို သြားေရာက္ လည္ပတ္ခဲ့တာျဖစ္ၿပီး West Pokot ေကာင္တီ Cheptulel Boys Secondary School အနီးကေန ပ်ံတက္ခဲ့ၿပီး ေနာက္ မိနစ္ပိုင္းအၾကာမွာ ပ်က္က်ခဲ့တာပဲျဖစ္ပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။ ဝီလ်ံ႐ူတိုက “ကြၽန္ေတာ္တို႔ မိခင္ႏိုင္ငံဟာ အရဲရင့္ဆုံးဗိုလ္ခ်ဳပ္ႀကီးေတြထဲက တစ္ဦးကို ဆုံးရႈံးခဲ့ ရပါတယ္။ ဖရန္စစ္အိုဂိုလာရဲ႕ေသဆုံးမႈဟာ ကြၽန္ေတာ့္ကို နာက်င္ေစတဲ့ ဆုံးရႈံးမႈတစ္ခုပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

စစ္ရဟတ္ယာဥ္ပ်က္က်မႈအတြင္း စစ္သားႏွစ္ဦး အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး ေဆး႐ုံတင္ထားရတယ္လို႔ ဝီလ်ံ႐ူတိုက ေျပာခဲ့ပါတယ္။ ပ်က္က်မႈဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကို စုံစမ္းစစ္ေဆးဖို႔အတြက္ ေလေၾကာင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ေစလႊတ္ထားတယ္လို႔လည္း ဝီလ်ံ႐ူတိုက ေျပာၾကားခဲ့ပါတယ္။

ဖရန္စစ္အိုဂိုလာဟာ ၁၉၈၄ ခုႏွစ္မွာ စစ္မႈထမ္းခဲ့ၿပီး အေမရိကန္ေလတပ္မွာ တိုက္ေလယာဥ္မႉးအျဖစ္ ေလ့က်င့္ သင္ၾကားခဲ့ကာ ကင္ညာေလတပ္တြင္ ေလ့က်င့္ေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Picture

09669980054

19/04/2024 22:51

b b. cb b b b. c cbc@ c c. y. jc. hbc. bccb b. b cb.

Picture

09669980054

19/04/2024 22:51

b b. cb b b b. c cbc@ c c. y. jc. hbc. bccb b. b cb.

Related news

© 2021. All rights reserved.