တောင်ကိုရီးယားမှာ ကြောင် (၇၆)ကောင်ကိုသတ်ခဲ့မှုနဲ့ အမျိုးသားတစ်ဦး ထောင်ဒဏ် (၁၄)လ ချမှတ်ခံရ

 382

ရောင်နီ (NP News) - ဧပြီ ၂၄

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က တိရစ္ဆာန်များအပေါ် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကြောင် ၇၆ ကောင်ကို သတ်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားတစ်ဦးဟာ အင်္ဂါနေ့(ဧပြီ ၂၃ ရက်)က ထောင်ဒဏ် ၁၄ လ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ်ရှိ အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ တောင်ကိုရီးယား အရှေ့တောင်ပိုင်းရှိ ချန်ဝမ် ခရိုင်တရားရုံးက အင်္ဂါနေ့ (ဧပြီ ၂၃)မှာ ပြောကြားခဲ့ပါတယ်။

တရားခံရဲ့ အမည်ကို ဖော်ပြပြောကြားခြင်း မရှိပါဘူး။ အဆိုပါ အမျိုးသားဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း သူ့ရဲ့ကားကို ကုတ်ခြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြောင်တွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ လမ်းဘေးကြောင်တွေကို ဖမ်းဆီးခဲ့ပြီး အချို့ကို လည်ပင်းညှစ်သတ်ခြင်း၊ ကတ်ကြေးနဲ့ ထိုးသတ်ခြင်း၊ ကားနဲ့တိုက်သတ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

၄င်းရဲ့ ပြစ်မှုအပေါ် နောင်တရကြောင်း ဝန်ခံမှုနဲ့ စိတ်ကျန်းမာရေးအခြေ အနေကို ထည့်သွင်းစဉ်းစားပြီး တရားရုံးက ထောင်ဒဏ် ၁၄ လ ချမှတ်ခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယားမွာ ေၾကာင္ (၇၆)ေကာင္ကိုသတ္ခဲ့မႈနဲ႔ အမ်ိဳးသားတစ္ဦး ေထာင္ဒဏ္ (၁၄)လ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၂၄

ေတာင္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္က တိရစာၦန္မ်ားအေပၚ အဆိုး႐ြားဆုံး ရက္စက္ၾကမ္းၾကဳတ္မႈျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ ေၾကာင္ ၇၆ ေကာင္ကို သတ္ခဲ့တဲ့ ေတာင္ကိုရီးယား အမ်ိဳးသားတစ္ဦးဟာ အဂၤါေန႔(ဧၿပီ ၂၃ ရက္)က ေထာင္ဒဏ္ ၁၄ လ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၂၀ အ႐ြယ္ရွိ အဆိုပါ အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတယ္လို႔ ေတာင္ကိုရီးယား အေရွ႕ေတာင္ပိုင္းရွိ ခ်န္ဝမ္ ခ႐ိုင္တရား႐ုံးက အဂၤါေန႔ (ဧၿပီ ၂၃)မွာ ေျပာၾကားခဲ့ပါတယ္။

တရားခံရဲ႕ အမည္ကို ေဖာ္ျပေျပာၾကားျခင္း မရွိပါဘူး။ အဆိုပါ အမ်ိဳးသားဟာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလအတြင္း သူ႔ရဲ႕ကားကို ကုတ္ျခစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေၾကာင္ေတြကို အစုလိုက္ အၿပဳံလိုက္ သတ္ခဲ့တယ္လို႔ သိရပါတယ္။ ၎ဟာ လမ္းေဘးေၾကာင္ေတြကို ဖမ္းဆီးခဲ့ၿပီး အခ်ိဳ႕ကို လည္ပင္းညႇစ္သတ္ျခင္း၊ ကတ္ေၾကးနဲ႔ ထိုးသတ္ျခင္း၊ ကားနဲ႔တိုက္သတ္ျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔ တရား႐ုံးက ေျပာပါတယ္။

၄င္းရဲ႕ ျပစ္မႈအေပၚ ေနာင္တရေၾကာင္း ဝန္ခံမႈနဲ႔ စိတ္က်န္းမာေရးအေျခ အေနကို ထည့္သြင္းစဥ္းစားၿပီး တရား႐ုံးက ေထာင္ဒဏ္ ၁၄ လ ခ်မွတ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.