စစ်ပွဲဖြစ်ပွားလာမယ်ဆိုရင် အမေရိကန်က တရုတ်ကို အနိုင်ရရှိမည်ဟု အမေရိကန်စစ်ဘက်ပြော

 4294

Pika (NP News) - ဧပြီ ၂၄

ဒီနေ့မှာ အမေရိကန်နဲ့တရုတ်နိုင်ငံကြား ပဋိပက္ခတွေဖြစ်ပွားခဲ့မယ်ဆိုရင် အတွေ့အကြုံပိုများတဲ့ အမေရိကန်တပ်ဖွဲ့တွေက အသာစီးရနိုင်ပေမယ့်လည်း အသေအပျောက်တွေ သိသိသာသာများလာနိုင်တယ်လို့ အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

အမည်မဖော်လိုတဲ့အရာရှိဟာ အမေရိကန်စစ်တပ်ရင်ဆိုင်နေရတဲ့ ခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခုကို ဧပြီလ(၂၂)ရက်နေ့မှာ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံရဲ့ တီထွင်နေဆဲ H-20 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဟာ အမေရိကန်ရဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ဒါမှမဟုတ် လာမယ့် B-21 မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်တွေလောက် ကောင်းမွန်မှုရှိမှာမဟုတ်ဘူးလို့ ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ် J-20 တိုက်လေယာဉ်တွေရဲ့ စွမ်းရည်တွေကတော့ ကောင်းမွန်တယ်လို့ ၎င်းကချီးကျူးပြောဆိုခဲ့ပါတယ်။

အဲဒီအရာရှိက 'တရုတ်နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုက တ ကယ့်စနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်တွေမဟုတ်ဘဲ အဲဒီစနစ်တွေရဲ့ အရှိန်နဲ့အတိုင်းအတာတွေကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် ဝန်ထမ်းတွေရဲ့ စွမ်းရည်တွေကို လိုအပ်နေတာပါ။ အမေရိကန်စစ်တပ်ဟာ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပေမယ့် တရုတ်စစ်တပ်မှာတော့ စစ်ပွဲအတွင်း တိုက်ခိုက်ဖူးတဲ့သူ ဘယ်သူမှမရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

အဆိုပါ အချက်တွေကြောင့် အမေရိကန်နဲ့တရုတ်ကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့မယ်ဆိုရင် အသေအပျောက်တွေ သိသိသာသာရှိလာနိုင်ပေမယ့်လည်း အမေရိကန်က အနိုင်ရရှိပါလိမ့်မယ်လို့လည်း ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ဖြစ်ပွားမယ့် စစ်ပွဲက ရှောင်လွှဲလို့မရဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ယုံကြည်နေတဲ့အတွက် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်မယ့် အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတာဖြစ်တယ်လို့ အဲဒီအရာရှိက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

၎င်းက 'တရုတ်စစ်တပ်ရဲ့ စွမ်းရည်တွေက ကောင်းမွန်မှုမရှိဘူးဆိုတဲ့ အချက်ကို ကျွန်တော်အားမကိုးချင်ပါဘူး။ ဘာလို့လည်းဆိုတော့ တရုတ်ဘက်က တိုက်ခိုက်မှုတွေကို မလုပ်ဆောင်မချင်း သူတို့ရဲ့ စွမ်းရည်တွေက ကောင်း/မကောင်းဆိုတာကို ကျွန်တော်တို့သိမှာမဟုတ်ပါဘူး။ တရုတ်စစ်တပ်ရဲ့ စွမ်းရည်တွေက ကောင်းမွန်နေမယ်ဆိုရင် အဲဒါက ကျွန်တော်တို့အတွက် ပြဿနာတစ်ခုပါပဲ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
စစ္ပြဲျဖစ္ပြားလာမယ္ဆိုရင္ အေမရိကန္က တ႐ုတ္ကို အႏိုင္ရရွိမည္ဟု အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - ဧၿပီ ၂၄

ဒီေန႔မွာ အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံၾကား ပဋိပကၡေတြျဖစ္ပြားခဲ့မယ္ဆိုရင္ အေတြ႕အႀကဳံပိုမ်ားတဲ့ အေမရိကန္တပ္ဖြဲ႕ေတြက အသာစီးရႏိုင္ေပမယ့္လည္း အေသအေပ်ာက္ေတြ သိသိသာသာမ်ားလာႏိုင္တယ္လို႔ အေမရိကန္စစ္ေထာက္လွမ္းေရးအရာရွိတစ္ဦးက ႐ိုက္တာသတင္းဌာနကိုေျပာဆိုခဲ့ပါတယ္။

အမည္မေဖာ္လိုတဲ့အရာရွိဟာ အေမရိကန္စစ္တပ္ရင္ဆိုင္ေနရတဲ့ ၿခိမ္း ေျခာက္မႈေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္တစ္ခုကို ဧၿပီလ(၂၂)ရက္ေန႔မွာ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံရဲ႕ တီထြင္ေနဆဲ H-20 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ဟာ အေမရိကန္ရဲ႕ B-2 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ ဒါမွမဟုတ္ လာမယ့္ B-21 မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲ ေလယာဥ္ေတြေလာက္ ေကာင္းမြန္မႈရွိမွာမဟုတ္ဘူးလို႔ ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္ J-20 တိုက္ေလယာဥ္ေတြရဲ႕ စြမ္းရည္ေတြကေတာ့ ေကာင္းမြန္တယ္လို႔ ၎ကခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အဲဒီအရာရွိက 'တ႐ုတ္ႏိုင္ငံအတြက္ အႀကီးမားဆုံးစိန္ေခၚမႈတစ္ခုက တ ကယ့္စနစ္တစ္ခုရဲ႕ စြမ္းေဆာင္ရည္ေတြမဟုတ္ဘဲ အဲဒီစနစ္ေတြရဲ႕ အရွိန္နဲ႔အတိုင္းအတာေတြကို ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္မယ့္ ဝန္ထမ္းေတြရဲ႕ စြမ္းရည္ေတြကို လိုအပ္ေနတာပါ။ အေမရိကန္စစ္တပ္ဟာ စစ္ပြဲေတြနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံမ်ားစြာရွိေပမယ့္ တ႐ုတ္စစ္တပ္မွာေတာ့ စစ္ပြဲအတြင္း တိုက္ခိုက္ဖူးတဲ့သူ ဘယ္သူမွမရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။

အဆိုပါ အခ်က္ေတြေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကားမွာ ပဋိပကၡျဖစ္ပြားခဲ့မယ္ဆိုရင္ အေသအေပ်ာက္ေတြ သိသိသာသာရွိလာႏိုင္ေပမယ့္လည္း အေမရိကန္က အႏိုင္ရရွိပါလိမ့္မယ္လို႔လည္း ေျပာဆိုထားပါတယ္။ အေမရိကန္နဲ႔ျဖစ္ပြားမယ့္ စစ္ပြဲက ေရွာင္လႊဲလို႔မရဘူးလို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယုံၾကည္ေနတဲ့အတြက္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ဟာ စစ္တပ္ကို ေခတ္မီေအာင္လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ အဲဒီအရာရွိက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။

၎က 'တ႐ုတ္စစ္တပ္ရဲ႕ စြမ္းရည္ေတြက ေကာင္းမြန္မႈမရွိဘူးဆိုတဲ့ အခ်က္ကို ကြၽန္ေတာ္အားမကိုးခ်င္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ တ႐ုတ္ဘက္က တိုက္ခိုက္မႈေတြကို မလုပ္ေဆာင္မခ်င္း သူတို႔ရဲ႕ စြမ္းရည္ေတြက ေကာင္း/မေကာင္းဆိုတာကို ကြၽန္ေတာ္တို႔သိမွာမဟုတ္ပါဘူး။ တ႐ုတ္စစ္တပ္ရဲ႕ စြမ္းရည္ေတြက ေကာင္းမြန္ေနမယ္ဆိုရင္ အဲဒါက ကြၽန္ေတာ္တို႔အတြက္ ျပႆနာတစ္ခုပါပဲ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.