ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

 275

Pika (NP News) - ဧပြီ ၂၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၆၁)ဘီလျံ ခွင့်ပြုပေး မယ့် ဥပဒေမူကြမ်းကို ဧပြီလ(၂၄)ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းက လိုအပ်နေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ခဲယမ်းမီးကျည်တွေကို ပေးပို့ခဲ့ပြီးပြီလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ခဲယမ်းမီးကျည်ပြတ်လတ်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ တော့ အကူအညီပေးရေးအစီအစဉ်အသစ် ဥပဒေမူကြမ်းထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန် က “ဒီသီတင်းပတ်အတွင်း အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ် ဥပဒေမူကြမ်းကို ကျွန်တော်လက်မှတ်ရေးထိုးပြီးပါပြီ။ ဒီဥပဒေမူကြမ်းကို အထက်လွှတ်တော်ကလည်း ဧပြီလ(၂၄)ရက်မှာ အတည်ပြုပြီးပါပြီ။ လာမယ့်နာရီပိုင်းအတွင်း ပေးပို့မှုတွေကို စတင်ဖို့ သေချာအောင်လုပ်ဆောင်ပြီးပါပြီ။ ဒါက အမေရိကန်နဲ့ ကမ္ဘာကြီးကို ပိုလုံခြုံအောင် လုပ်ဆောင်နေတာမျိုး ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးမှာ အမေရိကန်ရဲ့ဦးဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒီအကူအညီတွေကြောင့် ယူကရိန်းဟာ သူတို့ရဲ့အချုပ်အခြာအာဏာပိုင်ခွင့်၊ ပြည်သူတွေရဲ့အသက်တွေနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရတာတွေကနေ ကာကွယ်သွားနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်က စကားပြောဆိုပြီးနောက် မကြာမီမှာပဲ ရန်ပုံငွေအသစ်ကို အသုံးပြုပြီး ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်ကျည်တွေ၊ HIMARS ဒုံးကျည်လောင်ချာတွေအတွက် ခဲယမ်း မီးကျည်တွေ၊ တင့်ကားဖျက်လက်နက်တွေ နဲ့ သံချပ်ကာယာဉ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ(၁)ဘီလျံ တန်ဖိုးရှိ စစ်ရေးအကူအညီကို ပင်တဂွန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအကူအညီပေးရေးအစီအစဉ် နဲ့ ပတ်သက်ပြီး အလွန်ကျေးဇူးတင်မိတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ဧပြီလ(၂၄)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။

ဇီလန်စကီး က "ဒီအကူအညီပေးရေးအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ လွှတ်တော်နဲ့ အမေရိကန်နိုင်ငံသားတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါဟာ လွတ်လပ်မှုအတွက် ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ ဥပေဒမူၾကမ္းကို အေမရိကန္သမၼတ လက္မွတ္ေရးထိုး
Pika (NP News) - ဧၿပီ ၂၅

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းအတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၆၁)ဘီလ်ံ ခြင့္ျပဳေပး မယ့္ ဥပေဒမူၾကမ္းကို ဧၿပီလ(၂၄)ရက္မွာ လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။

ယူကရိန္းက လိုအပ္ေနတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ ခဲယမ္းမီးက်ည္ေတြကို ေပးပို႔ခဲ့ၿပီးၿပီလို႔ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က ေနာက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ခဲယမ္းမီးက်ည္ျပတ္လတ္မႈေတြကို လေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရၿပီးတဲ့ေနာက္မွာ ေတာ့ အကူအညီေပးေရးအစီအစဥ္အသစ္ ဥပေဒမူၾကမ္းထြက္ေပၚလာတာပဲျဖစ္ပါတယ္။

ဂ်ိဳးဘိုင္ဒန္ က “ဒီသီတင္းပတ္အတြင္း အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ ဥပေဒမူၾကမ္းကို ကြၽန္ေတာ္လက္မွတ္ေရးထိုးၿပီးပါၿပီ။ ဒီဥပေဒမူၾကမ္းကို အထက္လႊတ္ေတာ္ကလည္း ဧၿပီလ(၂၄)ရက္မွာ အတည္ျပဳၿပီးပါၿပီ။ လာမယ့္နာရီပိုင္းအတြင္း ေပးပို႔မႈေတြကို စတင္ဖို႔ ေသခ်ာေအာင္လုပ္ေဆာင္ၿပီးပါၿပီ။ ဒါက အေမရိကန္နဲ႔ ကမာၻႀကီးကို ပိုလုံၿခဳံေအာင္ လုပ္ေဆာင္ေနတာမ်ိဳး ျဖစ္ပါတယ္။ ၿပီးေတာ့ ကမာၻႀကီးမွာ အေမရိကန္ရဲ႕ဦးေဆာင္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ဒီအကူအညီေတြေၾကာင့္ ယူကရိန္းဟာ သူတို႔ရဲ႕အခ်ဳပ္အျခာအာဏာပိုင္ခြင့္၊ ျပည္သူေတြရဲ႕အသက္ေတြနဲ႔ လြတ္လပ္ခြင့္ေတြ ၿခိမ္းေျခာက္ခံေနရတာေတြကေန ကာကြယ္သြားႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဂ်ိဳးဘိုင္ဒန္က စကားေျပာဆိုၿပီးေနာက္ မၾကာမီမွာပဲ ရန္ပုံေငြအသစ္ကို အသုံးျပဳၿပီး ယူကရိန္းအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊ အေျမာက္က်ည္ေတြ၊ HIMARS ဒုံးက်ည္ေလာင္ခ်ာေတြအတြက္ ခဲယမ္း မီးက်ည္ေတြ၊ တင့္ကားဖ်က္လက္နက္ေတြ နဲ႔ သံခ်ပ္ကာယာဥ္ေတြ အပါအဝင္ အေမရိကန္ေဒၚလာ(၁)ဘီလ်ံ တန္ဖိုးရွိ စစ္ေရးအကူအညီကို ပင္တဂြန္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီအကူအညီေပးေရးအစီအစဥ္ နဲ႔ ပတ္သက္ၿပီး အလြန္ေက်းဇူးတင္မိတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ဧၿပီလ(၂၄)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။

ဇီလန္စကီး က "ဒီအကူအညီေပးေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၊ လႊတ္ေတာ္နဲ႔ အေမရိကန္ႏိုင္ငံသားတိုင္းကို ေက်းဇူးတင္ပါတယ္။ ဒါဟာ လြတ္လပ္မႈအတြက္ ၿခိမ္းေျခာက္မႈေတြကို ေလွ်ာ့ခ်ႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.