မြန်မာနှင့်မဝေးသော ဟိမဝန္တာတောင်တန်းဒေသ၏ ပေကျင်း-နယူးဒေလီ အားပြိုင်မှု (သို့မဟုတ်) နီပေါနယ်မြေပြဿနာ (ဆောင်းပါး)

 1268

Htay Oung(NP News) - မေ ၂၃

တရုတ်ဟာ နီပေါနိုင်ငံအတွင်း ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ နီပေါနိုင်ငံအတွင်း တရုတ် ရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့တိုက်ကွက်တွေဟာ ဟိမဝန္တာတောင်တန်းဒေသ ကုန်းတွင်းပိတ် တိုင်းပြည်က အိန္ဒိယကို အလဲထိုးသွားနိုင်ပါတယ်။ အဲဒီအတောအတွင်း နယူးဒေလီနဲ့ ခတ္တမန္ဒူတို့ အကြား မတည်မငြိမ်ဖြစ်နေတဲ့ ဆက်ဆံရေးကို မီးဟုန်းဟုန်းတောက်လောင် သွားစေနိုင်တဲ့ကိစ္စကတော့ အိန္ဒိယက သူတို့ပိုင်ဆိုင်ကြောင်းပြောဆိုနေတဲ့ အငြင်းပွားနယ်မြေတွေကို နီပေါက သူ့နိုင်ငံရဲ့ ငွေစက္ကူ သစ်မှာ ထည့်သွင်းဖော်ပြလိုက်ခြင်းပဲဖြစ်တယ်လို့ “ယူရေးရှားတိုင်းမ်” မေလ ၄ ရက်ကဖော်ပြပါတယ်။

နီပေါနဲ့အိန္ဒိယတို့ဟာ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ နက်ရှိုင်းတဲ့နီးကပ်မှုတွေရှိခဲ့ပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေအချင်းချင်း ဆွေမျိုးရင်းခြာပမာ ပွင့်လင်းစွာ ဆက်ဆံနေကြပေမယ့် နီပေါဟာ ဘယ်တုန်းကမှ အိန္ဒိယရဲ့နယ်မြေအစိတ်အပိုင်း မဖြစ်ခဲ့ပါဘူး။ ၁၈၁၄ -၁၈၁၆ ခုနှစ် စစ်ပွဲမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ စစ်တပ်ကို နီပေါတို့အရေးနိမ့်ခဲ့လို့သာ အင်္ဂလိပ်အိန္ဒိ ယ ကိုလိုနီအင်ပါယာအတွင်း သွတ်သွင်းခံခဲ့ရဖူးတာတော့ရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယတိုက်ငယ် လွတ်လပ် ရေးမရရှိမီ ၁၉၂၃ ခုနှစ်ကတည်းက နီပေါကို လုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ် အင်္ဂလိပ်တို့ကိုယ်တိုင် အသိ အမှတ်ပြုခဲ့ပါတယ်။

လွတ်လပ်ရေးရရှိပြီးနောက် နယူးဒေလီ ဟာ ၁၉၅၀ ပြည့်နှစ် ခတ္တမန္ဒူနဲ့ ချစ်ကြည် ရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ သဘောတူညီချက်အရ ဂေါ်ရခါး အများစု နီပေါနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ခွင့်၊ အလုပ်လုပ်ကိုင်ပိုင်ခွင့်၊ ပညာသင်ယူပိုင်ခွင့်အပြင် ကျန်းမာရေးဝန်ဆောင်မှုတွေ လည်း ခံစားနိုင်ပါတယ်။ နီပေါတို့ရဲ့ နီပါလီဘာသာစကားဟာ အိန္ဒိယမှာလည်း တရားဝင် ရုံးသုံးဘာသာစကားဖြစ်နေပါတယ်။

ဒါပေမဲ့ နီပေါနဲ့အိန္ဒိယတို့အကြား နယ်ခြားသတ်မှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိနေခဲ့ပါ တယ်။ နှစ်နိုင်ငံအကြား ကာလီမြစ်ဟာ နယ်ခြားဖြစ်တယ်လို့ ခတ္တမန္ဒူကဆိုပေမယ့် နီပေါနဲ့ ဗြိတိသျှအိန္ဒိ ယအစိုးရတို့အကြား နယ်ခြားသတ်မှတ်စဉ် ကာလီမြစ်ဟာ လက်ရှိအခြေနေအတိုင်းမဟုတ်ဘူးလို့ အိန္ဒိယ ကငြင်းဆိုပါတယ်။ ၁၉၉၇ ခုနှစ် ကာလီမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ခတ္တမန္ဒူက အကောင် အထည်ဖော်တဲ့အခါ နှစ်နိုင်ငံအငြင်းပွားမှုဟာ ပိုမိုပြင်းထန်သွားရပါတယ်။ မြစ်တည်ရှိရာ ကာလာပန်နီ ဒေသဟာ ၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယနယ်စပ် စစ်ပွဲပြီးဆုံးကတည်းက နှစ်နိုင်ငံတပ်တွေ ရန်စောင်နေကြရာ နယ်မြေဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးထက် အနည်းငယ်ပိုကြီးပြီး လူဦးရေ သန်း ၃၀ ခန့်နေထိုင်တဲ့ ဟိမဝန္တာတောင်တန်းဒေသ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ တစ်ဖက်မှာလည်း တရုတ်နိုင်ငံနဲ့ နယ် နိမိတ်ချင်း ထိစပ်နေပါတယ်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံထားပြီး ပေကျင်းနဲ့ တန်းတူ ညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဆိုရှယ်လစ် ဒီမိုကရေစီ နီပေါ နိုင်ငံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံမျှ ရှိနေခဲ့ပါတယ်။

လမ်ပီယာဒူရာ၊ လီပူလက်ခ်နဲ့ ကာလာပါနီ တို့လိုနယ်မြေတွေကို အသစ်ရိုက်နှိပ်မယ့် နီပေါ ရူပီး ၁၀ဝ တန်ငွေ စက္ကူသစ်မှာ ထည့်သွင်းဖော်ပြဖို့ ခတ္တမန္ဒူဝန်ကြီးချုပ် ပွတ်ရှ်ပါးကမဲလ်ဒါဟဲက ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီနယ်မြေတွေကိုပိုင်ဆိုင်ကြောင်း အိန္ဒိယရဲ့ပြောဆိုချက်တွေဟာ တရားမဝင်ဘူးလို့ လည်း ဝေဖန်လိုက်ပါတယ်။ အိန္ဒိယနဲ့ပိုင်ဆိုင်မှုအငြင်းပွားနေဆဲ နယ်မြေတွေကို ထည့်သွင်းဖော်ပြမယ့် ငွေစက္ကူသစ်အတွက် ဒီဇိုင်းရေးဆွဲခြင်းကို ဧပြီလနဲ့ မေလ နီပေါအစိုးရအဖွဲ့အစည်းအဝေးတွေမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီနယ်မြေ သုံးခုစလုံးဟာ နီပေါနိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တည်ရှိနေပါတယ်။ အထူးသဖြင့် လီပူလက်ခ်တောင်ကြားလမ်းမှာအဆုံးသတ်တဲ့ ကာလာပါနီ-လီပူ လက်ခ်လမ်းမကြီးဟာ တရုတ်ရဲ့ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အိန္ဒိယ ဥတ္တာရာ ဟန်းပြည်နယ် အကြားဆက်သွယ်ထားတဲ့အတွက် နယ်မြေပိုင်ဆိုင်ကြောင်းအငြင်းပွားမှုဟာ အင်မတန် အရေးကြီးပါ တယ်။ ဒီပြဿနာဟာ ဒေသတွင်း အကျိုးစီးပွားရှိနေတဲ့ နီပေါ၊ တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေး အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက အိန္ဒိယဟာတိဗက် ဒေသ “ကိုင်လက်ရှ်” အနီး “မန်ဆာရိုဗာ”ကို မိုင်၅၀ အရှည်ရှိတဲ့ မော်တော်ကားလမ်းဖောက်လုပ်ခဲ့ပါတယ်။ လီပူလက်ခ်တောင်ကြားလမ်းအနီး “မန်ဆာရိုဗာ တောင်ပေါ်ရေကန်ကြီး”ကို ဘုရားဖူးလာရောက်ကြဖို့ ကြေညာဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီရေအိုင်ကြီးဟာ တိဗက် ဒေသ ကိုင်လက်ရှ်ရေခဲတောင်မှ ဆီးနှင်းပျော်ရည်တွေ စီးဝင်နေတဲ့ ရေချိုကန်ကြီးဖြစ်ပါတယ်။ အနီးမှာ အိန္ဒုမြစ်ကစီးဆင်းနေပြီး ဟိန္ဒူ-ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အထွတ်အမြတ်ထားရာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်ခြားစစ်ပွဲပြီးဆုံးကတည်းက လီပူလက်ခ်နယ်မြေဟာ နှစ် ဖက်စစ်တပ်အချင်းချင်း ဆက်လက်ရန်စောင်နေခဲ့ကြပါတယ်။ အဲဒီလမ်းဟာ နယ်ခြားဒေသ “အမှန်တ ကယ် ထိန်းချုပ်ရေးမျဉ်း” LOA တစ်လျှောက် တရုတ်တို့နဲ့ ထိပ်တိုက်တွေ့နေရတဲ့ အိန္ဒိယစစ်တပ်ကို ဥတ္တာ ရာဟန်းပြည်နယ်မှ ထောက်ပို့ပေးဖို့ အလွန်အသုံးဝင်ပါတယ်။ ဂါတီယာဘတ်မြို့မှစတင်ပြီး တိဗက်နယ်စပ် လီပူလက်ခ်တောင်ကြားမှာ အဆုံးသတ်တာဖြစ်လို့ နယူးဒေလီအတွက် အလွန် အရေးကြီးပါတယ်။

နီပေါနဲ့အိန္ဒိယအကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတာ နှစ်နေရာရှိပါတယ်။ နီပေါ-အိန္ဒိယ-တရုတ် သုံးနိုင်ငံဆုံရာ ၁၄ စတုရန်းမိုင် ကျယ်ဝန်းတဲ့ တြိဂံဒေသ ယခုဖော်ပြပါ ကာလာပါနီ နယ်မြေနဲ့ တခြားတစ်ခုကတော့ နီပေါနိုင်ငံ လုမ္ဗိနီ ပြည်နယ်နဲ့ဆက်စပ်နေပြီး ၇.၇ စတုရန်းမိုင်ကျယ်ဝန်းတဲ့ “ဆူစတာ” ဧရိယာဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ အဲဒီနေရာကို နယူးဒေလီက သူရဲ့ဘီဟားပြည်နယ် အနောက်မြောက်ပိုင်းအဖြစ် မှားယွင်းစွာ ထည့်သွင်းထားတယ်လို့ ခတ္တမန္ဒူက စွပ်စွဲပါတယ်။ အိန္ဒိယကတော့ အဲဒါ ကိုလိုနီခေတ် နီပေါနိုင်ငံသဘောတူထားတဲ့ မြေပုံတွေ အတိုင်းပဲလို့ ချေပပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွား နယ်ခြားဒေသရဲ့ တစ်ဖက်မှာတရုတ်က ကျေးရွာတွေကို တည်ဆောက် လာကြောင်းတွေ့ရှိရတဲ့အတွက် ICBR လို့ ခေါ်တဲ့ အိန္ဒိယ-တရုတ်နယ်ခြားလမ်းများကို အပူတပြင်း ဆောက်လုပ်ဖို့ ၂၀ဝ၅ ခုနှစ်မှာ နယူးဒေလီက စီမံကိန်းချမှတ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ တံတားတွေ၊ ဥမင်လိုဏ်ခေါင်းတွေ တည်ဆောက်ဖောက်လုပ်ဖို့ ပါဝင်ပါတယ်။ အိန္ဒိယနဲ့တရုတ်တို့အကြား ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီလိုက်ကြတဲ့အခါ နယူးဒေလီနဲ့ ခတ္တမန္ဒူအကြား လီပူလက်ခ် နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပါတယ်။

၂၀၁၉ ခုနှစ်မှာ အဲဒီနယ်မြေတွေကို သူတို့ပိုင်ဖြစ်ကြောင်း တရားဝင်မြေပုံမှာ နယူးဒေလီက ထည့်သွင်းလိုက်တဲ့အခါ နီပေါနိုင်ငံတစ်ဝန်း အိန္ဒိယဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ၂၀၂၀ ပြည့်နှစ် ဥတ္တာရာဟန်းပြည်နယ်ကို အလည်အပတ်လာရောက်တဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူလူထုအစည်း အဝေးမိန့်ခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခတ္တမန္ဒူ အိန္ဒိယသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နယူးဒေလီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

နယ်စပ်ဒေသကိစ္စကို ဖြေရှင်းနေဆဲဖြစ်ပြီး အဲဒီနေရာက တည် ဆောက်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ နယူးဒေလီကိုတောင်းဆိုထားကြောင်း နီပေါအစိုးရက ဇန်နဝါရီ ၁၇ ရက်နေ့မှာပြောပါတယ်။ အိန္ဒိယစစ်တပ်အကြီးအကဲဟောင်းတစ်ဦးကတော့ နီပေါရဲ့ကန့်ကွက်မှုတွေနောက်ကွယ်မှာ တရုတ်က ကြိုးကိုင်နေတယ်လို့ စွပ်စွဲပါတယ်။ အဲဒီနယ်မြေတွေဟာ အိန္ဒိယအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ဆယ်စု နှစ်များစွာတည်ရှိခဲ့ပြီး နေထိုင်သူတွေကလည်း အိန္ဒိယနိုင်ငံသားတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ နီပေါတို့ရဲ့ မှတ်တမ်းတွေမှာတော့ ကွဲလွဲချက်တွေရှိနေပါတယ်။

၂၀၁၅ ခုနှစ် အိန္ဒိယဟာ နီပေါအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ခဲ့ပါတယ်။ ကုန်းတွင်းပိတ် တိုင်းပြည်ကိုဦးတည်တဲ့လမ်းတွေမှာ ကုန်စည်စီးဆင်းမှုကို ကန့်သတ်လိုက်ပါတယ်။ အထူးသဖြင့် ဆစ်ခ်ဘာသာဝင် ပန်ချာပီတို့ဟာ အိန္ဒိယစစ်တပ်မှာ စည်ကမ်းအသေဝပ်ဆုံး သစ္စာအရှိဆုံးအဖြစ် နာမည် ကျော်ပါတယ်၊ အလားတူ နီပေါလူမျိုး ဂေါ်ရခါးတို့ကလည်း တိုက်ရည်ခိုက်ရည်နဲ့ သူရသတ္တိအပြောင် မြောက်ဆုံးအဖြစ် ထင်ရှားပါတယ်၊ ဂေါ်ရခါးတွေကို တပ်သားသစ်အဖြစ်စုဆောင်းခြင်းမှ အိန္ဒိယက ရပ် တန့်လိုက်ပါတယ်။ လွတ်လပ်ရေးရရှိစဉ် ဗြိတိသျှ အိန္ဒိယတပ်မတော်တပ်မဟာ (၇)ခုမှာ ဂေါ်ရခါးတပ် ရင်း (၃၉)ရင်းရှိခဲ့ရာက ယခုအခါ (၆)ရင်းမှ (၁၀)ရင်း အထိကျဆင်းသွားပြီး ၂၀၃၇ ခုနှစ်မှာ ဂေါ်ရခါးတပ် ရင်းတွေ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ အိန္ဒိယရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် နီပေါအနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ချေးငွေတွေရရှိဖို့အတွက် တရုတ်နိုင်ငံဘက်သို့ ဦးလှည့်သွားခဲ့ပါတယ်။ အရင်က အိန္ဒိယနဲ့ နီးကပ်စွာဆက်ဆံခဲ့ပေမယ့် ခုအခါ လွတ်လပ်စွာရပ်တည်ရေးနည်းလမ်းကို ပိုမိုရှာဖွေနေပြီဖြစ်ပါတယ်။

တရုတ်ကတော့ သူရဲ့ BRI ရပ်ဝန်းနဲ့ လမ်းစီမံကိန်းမှတစ်ဆင့် နိုင်ငံတကာနဲ့ကုန်သွယ်ရေးကို တိုးချဲ့ဖို့အတွက် အရေးပါတဲ့မိတ်ဖက်အဖြစ် နီပေါကို ရှုမြင်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ အိန္ဒိယက “ဆယ်လာဥမင်လိုဏ်ခေါင်း”ကို ဖွင့်လှစ်လိုက်ပါတယ်။ အာသံပြည်နယ် ဂူဝါဟတ္တိနဲ့ အာရူနာချယ်ပရာ ဒက်ရှ် ပြည်နယ် “တာဝမ်တောင်ကြား”မှာတည်ရှိပြီး ပေ ၁၃၀ဝ၀ ခန့်မြင့်မားတဲ့ ဟိမဝန္တာတောင်တန်း တွေ အောက်မှာ ဖြတ်သန်းဖောက်လုပ်ထားပါတယ်။ ကမ္ဘာ့အမြင့်ဆုံးဒေသ အရှည်ဆုံးနှစ်လမ်းသွား ဥမင် ဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုဖြစ်ပွားနေတယ်လို့ အများသိရှိထားကြတဲ့ နယ်စပ်မျဉ်းအရောက် ရာသီဥ တုမရွေး အချိန်တိုအတွင်း အရောက်သွားနိုင်မှာဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာ အကျိုးအမြတ်အနေနဲ့လည်း အလွန်ကြီးမားလှပါတယ်။

ဆီးနှင်းခဲတွေဖုံးလွှမ်းနေပြီး အရိုးကွဲမတတ် အေးမြလှတဲ့ ဆောင်းရာသီမှာပင် (၈) မိုင် နီးပါး ရှည် လျားတဲ့ တောင်ကြားလမ်းတွင်း ဖြတ်သန်းပြီး နယ်စပ်အရောက် တပ်ဖွဲ့ဝင်တွေ၊ စစ်လက်နက်တွေနဲ့ စက်ယန္တရားတွေကို လျင်မြန်စွာပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ မိုင် ၂၁၀ဝ ကျော်ရှည်လျားတဲ့ နယ်နိမိတ် တစ်လျှောက် နယူးဒေလီနဲ့ ကာလကြာရှည်အငြင်းပွားနေရပြီး မကြာသေးမီနှစ်များအတွင်း နျူကလီး ယား လက်နက်ပိုင် အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံတို့ထိပ်တိုက်တွေ့ခဲ့ရတာကြောင့် နယ်စပ်မှာ တည်ရှိနေတဲ့ အဲဒီဥမင်ဟာ ပေကျင်းရဲ့အာရုံကိုဖမ်းစာနိုင်ခဲ့ပါတယ်။ တာဝမ်းတောင်ကြားဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့မှ အဖြောင့်တိုင်းလျှင် မိုင် ၃၄၀ ခန့်သာ ကွာဝေးပါတယ်။

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံဟာ တောင်ပေါ်ဥမင်လိုဏ်ခေါင်းများမှတစ်ဆင့် နီပေါနဲ့ဆက်သွယ်ရန် စီမံကိန်းကို အဆိုပြုခဲ့ပေမယ့် ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် နှောင့်နှေးမှုတွေနဲ့ရင်ဆိုင် နေရပါ တယ်။ နီပေါနိုင်ငံအလယ်ပိုင်း “ပိုခါရာမြို့” မှာ တရုတ်အကူအညီနဲ့ လေဆိပ်တစ်ခုကို တည်ဆောက် ထားပြီး ဖြစ်သော်လည်း ဝေဟင်အန္တရာယ်ကင်းကြောင်း အိန္ဒိယက အာမမခံခြင်းနဲ့ လေယာဉ်ပျံသန်းမှုတွေကို ပိတ်ဆို့ထားပါတယ်။

zawgyi version
ျမန္မာႏွင့္မေဝးေသာ ဟိမဝႏၲာေတာင္တန္းေဒသ၏ ေပက်င္း-နယူးေဒလီ အားၿပိဳင္မႈ (သို႔မဟုတ္) နီေပါနယ္ေျမ ျပႆနာ (ေဆာင္းပါး)
Htay Oung(NP News) - ေမ ၂၃
တ႐ုတ္ဟာ နီေပါႏိုင္ငံအတြင္း ဩဇာလႊမ္းမိုးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ နီေပါႏိုင္ငံအတြင္း တ႐ုတ္ ရဲ႕ဆြဲေဆာင္မႈအျပည့္ရွိတဲ့တိုက္ကြက္ေတြဟာ ဟိမဝႏၲာေတာင္တန္းေဒသ ကုန္းတြင္းပိတ္ တိုင္းျပည္က အိႏၵိယကို အလဲထိုးသြားႏိုင္ပါတယ္။ အဲဒီအေတာအတြင္း နယူးေဒလီနဲ႔ ခတၱမႏၵဴတို႔ အၾကား မတည္မၿငိမ္ျဖစ္ေနတဲ့ ဆက္ဆံေရးကို မီးဟုန္းဟုန္းေတာက္ေလာင္ သြားေစႏိုင္တဲ့ကိစၥကေတာ့ အိႏၵိယက သူတို႔ပိုင္ဆိုင္ေၾကာင္းေျပာဆိုေနတဲ့ အျငင္းပြားနယ္ေျမေတြကို နီေပါက သူ႔ႏိုင္ငံရဲ႕ ေငြစကၠဴ သစ္မွာ ထည့္သြင္းေဖာ္ျပလိုက္ျခင္းပဲျဖစ္တယ္လို႔ “ယူေရးရွားတိုင္းမ္” ေမလ ၄ ရက္ကေဖာ္ျပပါတယ္။

နီေပါနဲ႔အိႏၵိယတို႔ဟာ ဘာသာစကား၊ ကိုးကြယ္ယုံၾကည္မႈနဲ႔ ယဥ္ေက်းမႈဓေလ့ထုံးတမ္းေတြအရ နက္ရႈိင္းတဲ့နီးကပ္မႈေတြရွိခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ ျပည္သူေတြအခ်င္းခ်င္း ေဆြမ်ိဳးရင္းျခာပမာ ပြင့္လင္းစြာ ဆက္ဆံေနၾကေပမယ့္ နီေပါဟာ ဘယ္တုန္းကမွ အိႏၵိယရဲ႕နယ္ေျမအစိတ္အပိုင္း မျဖစ္ခဲ့ပါဘူး။ ၁၈၁၄ -၁၈၁၆ ခုႏွစ္ စစ္ပြဲမွာ ၿဗိတိသွ် အေရွ႕အိႏၵိယကုမၸဏီ စစ္တပ္ကို နီေပါတို႔အေရးနိမ့္ခဲ့လို႔သာ အဂၤလိပ္အိႏၵိ ယ ကိုလိုနီအင္ပါယာအတြင္း သြတ္သြင္းခံခဲ့ရဖူးတာေတာ့ရွိပါတယ္။ ဒါေပမဲ့ အိႏၵိယတိုက္ငယ္ လြတ္လပ္ ေရးမရရွိမီ ၁၉၂၃ ခုႏွစ္ကတည္းက နီေပါကို လုံးဝလြတ္လပ္တဲ့ႏိုင္ငံအျဖစ္ အဂၤလိပ္တို႔ကိုယ္တိုင္ အသိ အမွတ္ျပဳခဲ့ပါတယ္။

လြတ္လပ္ေရးရရွိၿပီးေနာက္ နယူးေဒလီ ဟာ ၁၉၅၀ ျပည့္ႏွစ္ ခတၱမႏၵဴနဲ႔ ခ်စ္ၾကည္ေရးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ သေဘာတူညီခ်က္အရ ေဂၚရခါး အမ်ားစု နီေပါႏိုင္ငံသားေတြဟာ အိႏၵိယႏိုင္ငံအတြင္း တရားဝင္ေနထိုင္ႏိုင္ခြင့္၊ အလုပ္လုပ္ကိုင္ပိုင္ခြင့္၊ ပညာသင္ယူပိုင္ခြင့္အျပင္ က်န္းမာေရးဝန္ေဆာင္မႈေတြ လည္း ခံစားႏိုင္ပါတယ္။ နီေပါတို႔ရဲ႕ နီပါလီဘာသာစကားဟာ အိႏၵိယမွာလည္း တရားဝင္ ႐ုံးသုံး ဘာသာ စကားျဖစ္ေနပါတယ္။

ဒါေပမဲ့ နီေပါနဲ႔အိႏၵိယတို႔အၾကား နယ္ျခားသတ္မွတ္ေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈရွိေနခဲ့ပါ တယ္။ ႏွစ္ႏိုင္ငံအၾကား ကာလီျမစ္ဟာ နယ္ျခားျဖစ္တယ္လို႔ ခတၱမႏၵဴကဆိုေပမယ့္ နီေပါနဲ႔ ၿဗိတိသွ်အိႏၵိ ယအစိုးရတို႔အၾကား နယ္ျခားသတ္မွတ္စဥ္ ကာလီျမစ္ဟာ လက္ရွိအေျခေနအတိုင္းမဟုတ္ဘူးလို႔ အိႏၵိယ ကျငင္းဆိုပါတယ္။ ၁၉၉၇ ခုႏွစ္ ကာလီျမစ္ ေရအားလွ်ပ္စစ္စီမံကိန္းကို ခတၱမႏၵဴက အေကာင္ အထည္ေဖာ္တဲ့အခါ ႏွစ္ႏိုင္ငံအျငင္းပြားမႈဟာ ပိုမိုျပင္းထန္သြားရပါတယ္။ ျမစ္တည္ရွိရာ ကာလာပန္နီ ေဒသဟာ ၁၉၆၂ ခုႏွစ္ တ႐ုတ္-အိႏၵိယနယ္စပ္ စစ္ပြဲၿပီးဆုံးကတည္းက ႏွစ္ႏိုင္ငံတပ္ေတြ ရန္ေစာင္ေနၾကရာ နယ္ေျမျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံ ပဲခူးတိုင္းေဒသႀကီးထက္ အနည္းငယ္ပိုႀကီးၿပီး လူဦးေရ သန္း ၃၀ ခန႔္ေနထိုင္တဲ့ ဟိမဝႏၲာေတာင္တန္းေဒသ ကုန္းတြင္းပိတ္ႏိုင္ငံငယ္ေလးဟာ တစ္ဖက္မွာလည္း တ႐ုတ္ႏိုင္ငံနဲ႔ နယ္ နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကိုေထာက္ခံထားၿပီး ေပက်င္းနဲ႔ တန္းတူ ညီမွ်မႈ၊ အျပန္အလွန္ေလးစားမႈနဲ႔ ဆက္ဆံလ်က္ရွိပါတယ္။ လြန္ခဲ့တဲ့ငါးႏွစ္အတြင္း ဆိုရွယ္လစ္ ဒီမိုကေရစီ နီေပါ ႏိုင္ငံမွာ တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈဟာ အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံမွ် ရွိေနခဲ့ပါတယ္။

လမ္ပီယာဒူရာ၊ လီပူလက္ခ္နဲ႔ ကာလာပါနီ တို႔လိုနယ္ေျမေတြကို အသစ္႐ိုက္ႏွိပ္မယ့္ နီေပါ ႐ူပီး ၁၀ဝ တန္ေငြ စကၠဴသစ္မွာ ထည့္သြင္းေဖာ္ျပဖို႔ ခတၱမႏၵဴဝန္ႀကီးခ်ဳပ္ ပြတ္ရွ္ပါးကမဲလ္ဒါဟဲက ဆုံးျဖတ္ လိုက္ပါတယ္။ အဲဒီနယ္ေျမေတြကိုပိုင္ဆိုင္ေၾကာင္း အိႏၵိယရဲ႕ေျပာဆိုခ်က္ေတြဟာ တရားမဝင္ဘူးလို႔ လည္း ေဝဖန္လိုက္ပါတယ္။ အိႏၵိယနဲ႔ပိုင္ဆိုင္မႈအျငင္းပြားေနဆဲ နယ္ေျမေတြကို ထည့္သြင္းေဖာ္ျပမယ့္ ေငြစကၠဴသစ္အတြက္ ဒီဇိုင္းေရးဆြဲျခင္းကို ဧၿပီလနဲ႔ ေမလ နီေပါအစိုးရအဖြဲ႕အစည္းအေဝးေတြမွာ အတည္ျပဳခဲ့ပါတယ္။

အဲဒီနယ္ေျမ သုံးခုစလုံးဟာ နီေပါႏိုင္ငံအေနာက္ေျမာက္ပိုင္း အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံအၾကား တည္ရွိေနပါတယ္။ အထူးသျဖင့္ လီပူလက္ခ္ေတာင္ၾကားလမ္းမွာအဆုံးသတ္တဲ့ ကာလာပါနီ-လီပူ လက္ခ္လမ္းမႀကီးဟာ တ႐ုတ္ရဲ႕ တိဗက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနဲ႔ အိႏၵိယ ဥတၱာရာ ဟန္းျပည္နယ္ အၾကားဆက္သြယ္ထားတဲ့အတြက္ နယ္ေျမပိုင္ဆိုင္ေၾကာင္းအျငင္းပြားမႈဟာ အင္မတန္ အေရးႀကီးပါ တယ္။ ဒီျပႆနာဟာ ေဒသတြင္း အက်ိဳးစီးပြားရွိေနတဲ့ နီေပါ၊ တ႐ုတ္နဲ႔ အိႏၵိယတို႔အၾကား ဆက္ဆံေရး အေပၚ သက္ေရာက္မႈရွိႏိုင္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္တုန္းက အိႏၵိယဟာတိဗက္ ေဒသ “ကိုင္လက္ရွ္” အနီး “မန္ဆာ႐ိုဗာ”ကို မိုင္၅၀ အရွည္ရွိတဲ့ ေမာ္ေတာ္ကားလမ္းေဖာက္လုပ္ခဲ့ပါတယ္။ လီပူလက္ခ္ေတာင္ၾကားလမ္းအနီး “မန္ဆာ႐ိုဗာ ေတာင္ေပၚေရကန္ႀကီး”ကို ဘုရားဖူးလာေရာက္ၾကဖို႔ ေၾကညာဖိတ္ေခၚခဲ့ပါတယ္။ အဲဒီေရအိုင္ႀကီးဟာ တိဗက္ ေဒသ ကိုင္လက္ရွ္ေရခဲေတာင္မွ ဆီးႏွင္းေပ်ာ္ရည္ေတြ စီးဝင္ေနတဲ့ ေရခ်ိဳကန္ႀကီးျဖစ္ပါတယ္။ အနီးမွာ အိႏၵဳျမစ္ကစီးဆင္းေနၿပီး ဟိႏၵဴ-ဂ်ိန္းဘာသာနဲ႔ ဗုဒၶဘာသာတို႔ရဲ႕ အထြတ္အျမတ္ထားရာ ျဖစ္ပါတယ္။

၁၉၆၂ ခုႏွစ္ တ႐ုတ္-အိႏၵိယ နယ္ျခားစစ္ပြဲၿပီးဆုံးကတည္းက လီပူလက္ခ္နယ္ေျမဟာ ႏွစ္ ဖက္စစ္တပ္အခ်င္းခ်င္း ဆက္လက္ရန္ေစာင္ေနခဲ့ၾကပါတယ္။ အဲဒီလမ္းဟာ နယ္ျခားေဒသ “အမွန္တ ကယ္ ထိန္းခ်ဳပ္ေရးမ်ဥ္း” LOA တစ္ေလွ်ာက္ တ႐ုတ္တို႔နဲ႔ ထိပ္တိုက္ေတြ႕ေနရတဲ့ အိႏၵိယစစ္တပ္ကို ဥတၱာ ရာဟန္းျပည္နယ္မွ ေထာက္ပို႔ေပးဖို႔ အလြန္အသုံးဝင္ပါတယ္။ ဂါတီယာဘတ္ၿမိဳ႕မွစတင္ၿပီး တိဗက္နယ္စပ္ လီပူလက္ခ္ေတာင္ၾကားမွာ အဆုံးသတ္တာျဖစ္လို႔ နယူးေဒလီအတြက္ အလြန္ အေရးႀကီးပါတယ္။

နီေပါနဲ႔အိႏၵိယအၾကား နယ္ေျမပိုင္ဆိုင္မႈအျငင္းပြားေနတာ ႏွစ္ေနရာရွိပါတယ္။ နီေပါ-အိႏၵိယ-တ႐ုတ္ သုံးႏိုင္ငံဆုံရာ ၁၄ စတုရန္းမိုင္ က်ယ္ဝန္းတဲ့ ႀတိဂံေဒသ ယခုေဖာ္ျပပါ ကာလာပါနီ နယ္ေျမနဲ႔ တျခားတစ္ခုကေတာ့ နီေပါႏိုင္ငံ လုမၺိနီ ျပည္နယ္နဲ႔ဆက္စပ္ေနၿပီး ၇.၇ စတုရန္းမိုင္က်ယ္ဝန္းတဲ့ “ဆူစတာ” ဧရိယာျဖစ္ပါတယ္။ ေဂါတမဗုဒၶ ဖြားျမင္ေတာ္မူရာနဲ႔ တစ္ဆက္တည္းျဖစ္တဲ့ အဲဒီေနရာကို နယူးေဒလီက သူရဲ႕ဘီဟားျပည္နယ္ အေနာက္ေျမာက္ပိုင္းအျဖစ္ မွားယြင္းစြာ ထည့္သြင္းထားတယ္လို႔ ခတၱမႏၵဴက စြပ္စြဲပါတယ္။ အိႏၵိယကေတာ့ အဲဒါ ကိုလိုနီေခတ္ နီေပါႏိုင္ငံသေဘာတူထားတဲ့ ေျမပုံေတြ အတိုင္းပဲလို႔ ေခ်ပပါတယ္။

ပိုင္ဆိုင္မႈအျငင္းပြား နယ္ျခားေဒသရဲ႕ တစ္ဖက္မွာတ႐ုတ္က ေက်း႐ြာေတြကို တည္ေဆာက္ လာေၾကာင္းေတြ႕ရွိရတဲ့အတြက္ ICBR လို႔ ေခၚတဲ့ အိႏၵိယ-တ႐ုတ္နယ္ျခားလမ္းမ်ားကို အပူတျပင္း ေဆာက္လုပ္ဖို႔ ၂၀ဝ၅ ခုႏွစ္မွာ နယူးေဒလီက စီမံကိန္းခ်မွတ္ခဲ့ပါတယ္။ အဲဒီအစီအစဥ္မွာ တံတားေတြ၊ ဥမင္လိုဏ္ေခါင္းေတြ တည္ေဆာက္ေဖာက္လုပ္ဖို႔ ပါဝင္ပါတယ္။ အိႏၵိယနဲ႔တ႐ုတ္တို႔အၾကား ေဒသတြင္း ဖြံ႕ၿဖိဳးမႈဆိုင္ရာ ကုန္သြယ္ေရးသေဘာတူညီလိုက္ၾကတဲ့အခါ နယူးေဒလီနဲ႔ ခတၱမႏၵဴအၾကား လီပူလက္ခ္ နယ္ေျမပိုင္ဆိုင္မႈနဲ႔ပတ္သက္တဲ့ အျငင္းပြားမႈဟာ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိသြားပါတယ္။

၂၀၁၉ ခုႏွစ္မွာ အဲဒီနယ္ေျမေတြကို သူတို႔ပိုင္ျဖစ္ေၾကာင္း တရားဝင္ေျမပုံမွာ နယူးေဒလီက ထည့္သြင္းလိုက္တဲ့အခါ နီေပါႏိုင္ငံတစ္ဝန္း အိႏၵိယဆန႔္က်င္ေရးဆႏၵျပပြဲေတြ ျဖစ္ေပၚလာပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ဥတၱာရာဟန္းျပည္နယ္ကို အလည္အပတ္လာေရာက္တဲ့ ဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ ဟိႏၵဴလူထုအစည္း အေဝးမိန႔္ခြန္းနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္ေပးဖို႔ နီေပါႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးကို ဆင့္ေခၚခဲ့ ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခတၱမႏၵဴ အိႏၵိယသံ႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ နယူးေဒလီရဲ႕ ရပ္တည္ခ်က္ဟာ ရွင္းလင္းျပတ္သားၿပီး တစ္သမတ္တည္းရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

နယ္စပ္ေဒသကိစၥကို ေျဖရွင္းေနဆဲျဖစ္ၿပီး အဲဒီေနရာက တည္ ေဆာက္ေရးလုပ္ငန္းေတြကို ရပ္တန႔္ဖို႔ နယူးေဒလီကိုေတာင္းဆိုထားေၾကာင္း နီေပါအစိုးရက ဇန္နဝါရီ ၁၇ ရက္ေန႔မွာေျပာပါတယ္။ အိႏၵိယစစ္တပ္အႀကီးအကဲေဟာင္းတစ္ဦးကေတာ့ နီေပါရဲ႕ကန႔္ကြက္မႈေတြေနာက္ကြယ္မွာ တ႐ုတ္က ႀကိဳးကိုင္ေနတယ္လို႔ စြပ္စြဲပါတယ္။ အဲဒီနယ္ေျမေတြဟာ အိႏၵိယအစိုးရရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ဆယ္စု ႏွစ္မ်ားစြာတည္ရွိခဲ့ၿပီး ေနထိုင္သူေတြကလည္း အိႏၵိယႏိုင္ငံသားေတြျဖစ္ၾကပါတယ္။ ဒါေပမဲ့ နီေပါတို႔ရဲ႕ မွတ္တမ္းေတြမွာေတာ့ ကြဲလြဲခ်က္ေတြရွိေနပါတယ္။

၂၀၁၅ ခုႏွစ္ အိႏၵိယဟာ နီေပါအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကိုခ်မွတ္ခဲ့ပါတယ္။ ကုန္းတြင္းပိတ္ တိုင္းျပည္ကိုဦးတည္တဲ့လမ္းေတြမွာ ကုန္စည္စီးဆင္းမႈကို ကန႔္သတ္လိုက္ပါတယ္။ အထူးသျဖင့္ ဆစ္ခ္ဘာသာဝင္ ပန္ခ်ာပီတို႔ဟာ အိႏၵိယစစ္တပ္မွာ စည္ကမ္းအေသဝပ္ဆုံး သစၥာအရွိဆုံးအျဖစ္ နာမည္ ေက်ာ္ပါတယ္၊ အလားတူ နီေပါလူမ်ိဳး ေဂၚရခါးတို႔ကလည္း တိုက္ရည္ခိုက္ရည္နဲ႔ သူရသတၱိအေျပာင္ ေျမာက္ဆုံးအျဖစ္ ထင္ရွားပါတယ္၊ ေဂၚရခါးေတြကို တပ္သားသစ္အျဖစ္စုေဆာင္းျခင္းမွ အိႏၵိယက ရပ္ တန႔္လိုက္ပါတယ္။ လြတ္လပ္ေရးရရွိစဥ္ ၿဗိတိသွ် အိႏၵိယတပ္မေတာ္တပ္မဟာ (၇)ခုမွာ ေဂၚရခါးတပ္ ရင္း (၃၉)ရင္းရွိခဲ့ရာက ယခုအခါ (၆)ရင္းမွ (၁၀)ရင္း အထိက်ဆင္းသြားၿပီး ၂၀၃၇ ခုႏွစ္မွာ ေဂၚရခါးတပ္ ရင္းေတြ လုံးဝေပ်ာက္ကြယ္သြားပါလိမ့္မယ္။ အိႏၵိယရဲ႕ စီးပြားေရးပိတ္ဆို႔မႈေၾကာင့္ နီေပါအေနနဲ႔ ရင္းႏွီး ျမႇဳပ္ႏွံမႈေတြနဲ႔ ေခ်းေငြေတြရရွိဖို႔အတြက္ တ႐ုတ္ႏိုင္ငံဘက္သို႔ ဦးလွည့္သြားခဲ့ပါတယ္။ အရင္က အိႏၵိယနဲ႔ နီးကပ္စြာဆက္ဆံခဲ့ေပမယ့္ ခုအခါ လြတ္လပ္စြာရပ္တည္ေရးနည္းလမ္းကို ပိုမိုရွာေဖြေနၿပီျဖစ္ပါတယ္။

တ႐ုတ္ကေတာ့ သူရဲ႕ BRI ရပ္ဝန္းနဲ႔ လမ္းစီမံကိန္းမွတစ္ဆင့္ ႏိုင္ငံတကာနဲ႔ကုန္သြယ္ေရးကို တိုးခ်ဲ႕ဖို႔အတြက္ အေရးပါတဲ့မိတ္ဖက္အျဖစ္ နီေပါကို ရႈျမင္ပါတယ္။ ၂၀၂၄ ခုႏွစ္ မတ္လမွာ အိႏၵိယက “ဆယ္လာဥမင္လိုဏ္ေခါင္း”ကို ဖြင့္လွစ္လိုက္ပါတယ္။ အာသံျပည္နယ္ ဂူဝါဟတၱိနဲ႔ အာ႐ူနာခ်ယ္ပရာ ဒက္ရွ္ ျပည္နယ္ “တာဝမ္ေတာင္ၾကား”မွာတည္ရွိၿပီး ေပ ၁၃၀ဝ၀ ခန႔္ျမင့္မားတဲ့ ဟိမဝႏၲာေတာင္တန္း ေတြ ေအာက္မွာ ျဖတ္သန္းေဖာက္လုပ္ထားပါတယ္။ ကမာၻ႔အျမင့္ဆုံးေဒသ အရွည္ဆုံးႏွစ္လမ္းသြား ဥမင္ ဟာ တ႐ုတ္ႏိုင္ငံနဲ႔ တင္းမာမႈျဖစ္ပြားေနတယ္လို႔ အမ်ားသိရွိထားၾကတဲ့ နယ္စပ္မ်ဥ္းအေရာက္ ရာသီဥ တုမေ႐ြး အခ်ိန္တိုအတြင္း အေရာက္သြားႏိုင္မွာျဖစ္တဲ့အတြက္ စစ္ေရးဆိုင္ရာ အက်ိဳးအျမတ္အေနနဲ႔လည္း အလြန္ႀကီးမားလွပါတယ္။

ဆီးႏွင္းခဲေတြဖုံးလႊမ္းေနၿပီး အ႐ိုးကြဲမတတ္ ေအးျမလွတဲ့ ေဆာင္းရာသီမွာပင္ (၈) မိုင္ နီးပါး ရွည္ လ်ားတဲ့ ေတာင္ၾကားလမ္းတြင္း ျဖတ္သန္းၿပီး နယ္စပ္အေရာက္ တပ္ဖြဲ႕ဝင္ေတြ၊ စစ္လက္နက္ေတြနဲ႔ စက္ယႏၲရားေတြကို လ်င္ျမန္စြာပို႔ေဆာင္ေပးႏိုင္ပါလိမ့္မယ္။ မိုင္ ၂၁၀ဝ ေက်ာ္ရွည္လ်ားတဲ့ နယ္နိမိတ္ တစ္ေလွ်ာက္ နယူးေဒလီနဲ႔ ကာလၾကာရွည္အျငင္းပြားေနရၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း န်ဴကလီး ယား လက္နက္ပိုင္ အိမ္နီးခ်င္းအင္အားႀကီး ႏွစ္ႏိုင္ငံတို႔ထိပ္တိုက္ေတြ႕ခဲ့ရတာေၾကာင့္ နယ္စပ္မွာ တည္ရွိေနတဲ့ အဲဒီဥမင္ဟာ ေပက်င္းရဲ႕အာ႐ုံကိုဖမ္းစာႏိုင္ခဲ့ပါတယ္။ တာဝမ္းေတာင္ၾကားဟာ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ေျမာက္ပိုင္း ပူတာအိုၿမိဳ႕မွ အေျဖာင့္တိုင္းလွ်င္ မိုင္ ၃၄၀ ခန႔္သာ ကြာေဝးပါတယ္။

၂၀၂၂ ခုႏွစ္ တ႐ုတ္ႏိုင္ငံဟာ ေတာင္ေပၚဥမင္လိုဏ္ေခါင္းမ်ားမွတစ္ဆင့္ နီေပါနဲ႔ဆက္သြယ္ရန္ စီမံကိန္းကို အဆိုျပဳခဲ့ေပမယ့္ ေငြေၾကးဆိုင္ရာ ျပႆနာေတြေၾကာင့္ ေႏွာင့္ေႏွးမႈေတြနဲ႔ရင္ဆိုင္ ေနရပါ တယ္။ နီေပါႏိုင္ငံအလယ္ပိုင္း “ပိုခါရာၿမိဳ႕” မွာ တ႐ုတ္အကူအညီနဲ႔ ေလဆိပ္တစ္ခုကို တည္ေဆာက္ ထားၿပီး ျဖစ္ေသာ္လည္း ေဝဟင္အႏၲရာယ္ကင္းေၾကာင္း အိႏၵိယက အာမမခံျခင္းနဲ႔ ေလယာဥ္ပ်ံ သန္းမႈေတြကို ပိတ္ဆို႔ထားပါတယ္။

Related news

© 2021. All rights reserved.