ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာတွင် အာဃာတ နှင့် အငြိုးအတေးများ မကျန်စေရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေဟု တပ်ချုပ်ပြော

 5024

Pearl (NP News) - မေ ၂၅

ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာတွင် အာဃာတ နှင့် အငြိုးအတေးများ မကျန်စေရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ မေလ (၂၅)ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးမြို့၌ တွေ့ဆုံစဉ် အထက်ပါကဲ့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မကွေးတိုင်းအတွင်း တန်းစဉ်ကူးပြောင်းမှုများအားနည်းပြီး အတန်းပညာ တတ်မြောက်မှုများ အားနည်းနေသေးသည်ကိုတွေ့ရှိရသည်ဟု တပ်ချုပ်က ဆိုသည်။ အ လားတူ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရပြီး ဒေသ၏ အနာဂတ် ကောင်းမွန်စေရေးအတွက် ပညာရေးကို အလေးပေးဆောင်ရွက်ရန်အတွက်လည်း တပ်ချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအတေးများ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်အတွင်းရှိ ဒေသအချို့တို့၌ တပ်မတော် နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိပြီး မြို့ရွာအများအပြားတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။ ထို့ပြင် သိန်းနှင့်ချီသော လူဦးရေသည်လည်း ၎င်းတို့၏ မြို့ရွာအိုးအိမ်များကို စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။

zawgyi version
ေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ရာတြင္ အာဃာတ ႏွင့္ အၿငိဳးအေတးမ်ား မက်န္ေစေရး၊ ထိခိုက္မႈအနည္းဆုံးျဖစ္ရန္ ေဆာင္႐ြက္ေနဟု တပ္ခ်ဳပ္ေျပာ

Pearl (NP News) - ေမ ၂၅

ေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ရာတြင္ အာဃာတ ႏွင့္ အၿငိဳးအေတးမ်ား မက်န္ေစေရး၊ ထိခိုက္မႈအနည္းဆုံးျဖစ္ရန္ ေဆာင္႐ြက္ေနသည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ယမန္ေန႔ ေမလ (၂၅)ရက္တြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား၊ ခ႐ိုင္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ မေကြးၿမိဳ႕၌ ေတြ႕ဆုံစဥ္ အထက္ပါကဲ့ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံစဥ္ မေကြးတိုင္းအတြင္း တန္းစဥ္ကူးေျပာင္းမႈမ်ားအားနည္းၿပီး အတန္းပညာ တတ္ေျမာက္မႈမ်ား အားနည္းေနေသးသည္ကိုေတြ႕ရွိရသည္ဟု တပ္ခ်ဳပ္က ဆိုသည္။ အ လားတူ တန္းစဥ္ကူးေျပာင္းမႈတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းေနမႈမ်ားမရွိသည္ကို ေတြ႕ရွိရၿပီး ေဒသ၏ အနာဂတ္ ေကာင္းမြန္ေစေရးအတြက္ ပညာေရးကို အေလးေပးေဆာင္႐ြက္ရန္အတြက္လည္း တပ္ခ်ဳပ္က တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈရွိမွသာလွ်င္ ပညာေရးသည္လည္း ပိုမိုေကာင္းမြန္လာမည္ျဖစ္ၿပီး မိမိတို႔အေနျဖင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အာဃာတတရားမ်ား၊ အၿငိဳးအေတးမ်ား မရွိေစေရးအတြက္ ထိခိုက္မႈအနည္းဆုံးျဖစ္ရန္ ေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိတြင္ ႏိုင္ငံေတာ္အတြင္းရွိ ေဒသအခ်ိဳ႕တို႔၌ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး ၿမိဳ႕႐ြာအမ်ားအျပားတြင္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚေနလ်က္ရွိသည္။ ထို႔ျပင္ သိန္းႏွင့္ခ်ီေသာ လူဦးေရသည္လည္း ၎တို႔၏ ၿမိဳ႕႐ြာအိုးအိမ္မ်ားကို စြန႔္ခြာကာ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.