ပြင်သစ်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားအစိုးရသတင်းထုတ်ပြန်

 974

Pika (NP News) - ဇွန် ၂၆

ရုရှားအစိုးရဟာ ပြင်သစ်နဲ့ဆွေးနွေးမှုတွေကို ဘယ်တုန်းကမှငြင်းဆိုခဲ့တာမျိုးမရှိသလို ပြင်သစ်ဖက်က အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့အတွက် အသင့်ရှိနေတယ်လို့ ရုရှာအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ဇွန်လ(၂၅)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အင်အားကြီးနိုင်ငံတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲတွေ လုပ် ဆောင်ဖို့အတွက် ၎င်းရဲ့ဆန္ဒတွေကို အကြိမ်ကြိမ်ပြသခဲ့တယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က 'ပူတင်ဟာ အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေမှာ တိကျတဲ့ရလဒ်တွေကို ရရှိဖို့အတွက် သူ့ရဲ့ပွင့်လင်းမြင်သာမှုတွေကို အကြိမ်ကြိမ်ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေက အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့အတွက် အဆင်သင့်ရှိနေပါတယ်။ အဲဒီလိုမျိုးဆွေးနွေးပွဲတွေအတွက် အခြေအနေသတ်မှတ်ထားတာမျိုးတွေ မရှိပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။

Generation Do It Yourself podcast မှာ စကားပြောဆိုချိန်အတွင်း ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးပွဲတွေလုပ်ဆောင်မယ့် အလားအလာတွေကို ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ပူတင်နဲ့အဆက်အသွယ်မရှိခဲ့ပေမယ့်လည်း ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မက်ခရွန်က ပြောဆိုခဲ့တယ်လို့သိရပါတယ်။ မက်ခရွန်က 'ကျွန်တော်ပူတင်နဲ့ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ကအရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်' လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

zawgyi version
ျပင္သစ္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ႐ုရွားအစိုးရသတင္းထုတ္ျပန္
Pika (NP News) - ဇြန္ ၂၆

႐ုရွားအစိုးရဟာ ျပင္သစ္နဲ႔ေဆြးေႏြးမႈေတြကို ဘယ္တုန္းကမွျငင္းဆိုခဲ့တာမ်ိဳးမရွိသလို ျပင္သစ္ဖက္က အဆင္သင့္ျဖစ္တဲ့အခ်ိန္မွာ ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔အတြက္ အသင့္ရွိေနတယ္လို႔ ႐ုရွာအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ဇြန္လ(၂၅)ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ အင္အားႀကီးႏိုင္ငံေတြနဲ႔ အဓိပၸါယ္ရွိတဲ့ေဆြးေႏြးပြဲေတြ လုပ္ ေဆာင္ဖို႔အတြက္ ၎ရဲ႕ဆႏၵေတြကို အႀကိမ္ႀကိမ္ျပသခဲ့တယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က 'ပူတင္ဟာ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးပြဲေတြမွာ တိက်တဲ့ရလဒ္ေတြကို ရရွိဖို႔အတြက္ သူ႔ရဲ႕ပြင့္လင္းျမင္သာမႈေတြကို အႀကိမ္ႀကိမ္ျပသခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕မိတ္ဖက္ေတြက အဆင္သင့္ျဖစ္တဲ့အခ်ိန္မွာ ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔အတြက္ အဆင္သင့္ရွိေနပါတယ္။ အဲဒီလိုမ်ိဳးေဆြးေႏြးပြဲေတြအတြက္ အေျခအေနသတ္မွတ္ထားတာမ်ိဳးေတြ မရွိပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။

Generation Do It Yourself podcast မွာ စကားေျပာဆိုခ်ိန္အတြင္း ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးပြဲေတြလုပ္ေဆာင္မယ့္ အလားအလာေတြကို ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္းသိရပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ပူတင္နဲ႔အဆက္အသြယ္မရွိခဲ့ေပမယ့္လည္း ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ မက္ခ႐ြန္က ေျပာဆိုခဲ့တယ္လို႔သိရပါတယ္။ မက္ခ႐ြန္က 'ကြၽန္ေတာ္ပူတင္နဲ႔ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ကအေရးႀကီးတယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္' လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.