ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အရှိန်မြင့်ထိုးစစ်ဆင်မှုတွေ မကြာခင် အဆုံးသတ်ဖွယ်ရှိနေဟု ဆို

 653

ဂျန်ဇက် (NP News) - ဇွန် ၂၅

ဟားမက်စ်အဖွဲ့အပေါ် အရှိန်မြင့်ထိုးစစ်ဆင်နေခြင်းတွေဟာ မကြာမီမှာ အဆုံးသတ်ဖွယ်ရှိတယ်လို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထည့်သွင်းပြောဆို ခဲ့ပြီး ရာဖယ်မြို့ကို အရှိန်မြင့်တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ နေတန်ရာဟုက အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ အဆုံးသတ်တော့မှာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက အရပ်သားတွေကို ပစ်မှတ်မထားဘဲ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကိုသာ ပစ်မှတ်ထားတာမျိုးဖြစ်ကြောင်း ပြောပါတယ်။

ဂါဇာဒေသကို တိုက်ခိုက်မှုတွေ ထိုးစစ်ဆင်တိုက်ခိုက်မှုအဆုံးသတ်ချိန်မှာ အစ္စရေးနိုင်ငံမြောက်ခြမ်းကို ပစ်ခတ်နေ တဲ့ဟစ်ဘိုလာအုပ်စုတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုထားပါတယ်။ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်မှာ နှစ်ဖက်တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာနေပါတယ်။

အစ္စရေးဝန်ကြီးချုပ်က ဂါဇာကမ်းမြောင်ဒေသက ဟားမက်စ်အဖွဲ့ကို ဖယ်ရှားရေးအချက်နဲ့ ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ပြန်လွှတ်ပေးမယ့်အချက်ပါမယ်ဆိုရင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် အပစ်ခတ်ရပ်စဲရေးရယူနိုင်တာမျိုး မရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာေဒသရွိ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အေပၚ အရွိန္ျမင့္ထိုးစစ္ဆင္မႈေတြ မၾကာခင္ အဆုံးသတ္ဖြယ္ရွိေနဟု ဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၅

ဟားမက္စ္အဖြဲ႕အေပၚ အရွိန္ျမင့္ထိုးစစ္ဆင္ေနျခင္းေတြဟာ မၾကာမီမွာ အဆုံးသတ္ဖြယ္ရွိတယ္လို႔ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ထည့္သြင္းေျပာဆို ခဲ့ၿပီး ရာဖယ္ၿမိဳ႕ကို အရွိန္ျမင့္တိုက္ခိုက္ေနတာေတြ အဆုံးသတ္ဖြယ္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ေနတန္ရာဟုက အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို အရွိန္ျမင့္ထိုးစစ္ဆင္တိုက္ခိုက္ေနတာေတြ အဆုံးသတ္ေတာ့မွာျဖစ္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္မႈေတြက အရပ္သားေတြကို ပစ္မွတ္မထားဘဲ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ကိုသာ ပစ္မွတ္ထားတာမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။

ဂါဇာေဒသကို တိုက္ခိုက္မႈေတြ ထိုးစစ္ဆင္တိုက္ခိုက္မႈအဆုံးသတ္ခ်ိန္မွာ အစၥေရးႏိုင္ငံေျမာက္ျခမ္းကို ပစ္ခတ္ေန တဲ့ဟစ္ဘိုလာအုပ္စုေတြကို တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ထပ္မံေျပာဆိုထားပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ဟစ္ဘိုလာအုပ္စုက အစၥေရးႏိုင္ငံဘက္ျခမ္းကို တိုက္ခိုက္ခဲ့ရာ လက္ရွိအခ်ိန္မွာ ႏွစ္ဖက္တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာေနပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က ဂါဇာကမ္းေျမာင္ေဒသက ဟားမက္စ္အဖြဲ႕ကို ဖယ္ရွားေရးအခ်က္နဲ႔ ဖမ္းဆီးခံထားရသူ ၁၀၀ ေက်ာ္ျပန္လႊတ္ေပးမယ့္အခ်က္ပါမယ္ဆိုရင္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးျဖစ္လာႏိုင္ေၾကာင္း ေျပာပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ဂါဇာစစ္ပြဲအဆုံးသတ္ဖို႔ ႏိုင္ငံတကာက ေတာင္းဆိုေနေပမယ့္ အပစ္ခတ္ရပ္စဲေရးရယူႏိုင္တာမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.