နှစ်နိုင်ငံအကြားပိုမိုလွယ်ကူစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ဗီယင်ကျန်းလေကြောင်းခရီးစဥ်သစ် စတင် ပြေးဆွဲ

 2371

ယွန်း (NP News) - ဇွန် ၂၆

နှစ်နိုင်ငံအကြားပိုမိုလွယ်ကူစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ဗီယင်ကျန်းလေကြောင်းခရီးစဥ်သစ်ကို ဇွန် ၂၅ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Terminal 1 တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ခရီးစဥ်သစ်သည် MAI ၏ ၁၉ ခုမြောက် ပြည်ပခရီးစဉ်ပြီး ရန်ကုန်မြို့နှင့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တို့ကို တိုက်ရိုက်ချိတ်ဆက်ကာ စတင်ပြေး ဆွဲခဲ့ခြင်းဖြစ်ပြီး အပတ်စဥ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- ဗီယင်ကျန်း ခရီးလမ်းကြောင်း အသစ်စတင်ပြေးဆွဲခြင်းသည် MAI ၏ အာဆီယံဒေသတွင်းခရီးစဥ် ကွန်ယက်ကို တိုးချဲ့ရန်နှင့် ခရီးသည်များကို ခရီးလမ်းကြောင်းများ ပိုမိုရွေးချယ်ခွင့်ရရှိနိုင်ရေးအတွက် ဖြစ်ကြောင်း MAI ၏ Chief Executive Officer ဖြစ်သည့် Mr. Tanes Kumar ကပြောသည်။

"ယခုအသစ်ထပ်မံပြေးဆွဲမှုသည် အရှေ့တောင်အာရှတွင် ကျွန်ုပ်တို့ရဲ့ကွန်ယက်ကို ပိုမိုခိုင်မာစေသည့်အပြင် ခရီးသည်များ၏ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်ကာ နှစ်နိုင်ငံအကြားချိတ်ဆက်သွားလာမှုများနှင့် ခရီးလမ်းကြောင်းများ ပိုမိုရွေးချယ်ခွင့်ရရှိ နိုင်စေမည်ဖြစ်သည်" ဟု Mr. Tanes Kumar က ဆိုသည်။

ထို့ပြင် Aviation Guard Lao (AGL) သည် လာအိုနိုင်ငံဈေးကွက်အတွင်း၌ MAI ၏ General Sales Agent (GSA) အဖြစ် ကိုယ်စားပြုတည်ရှိမည်ဖြစ်ပြီး လာအိုနိုင်ငံအတွင်း MAI ၏ အရောင်းပိုင်း၊ ဈေးကွက် နှင့် ကြော်ငြာ လုပ်ဆောင်မှုများကိုလည်း စီမံခန့်ခွဲရာတွင် အဓိကနေရာမှ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းမှုသည် ခရီးသည်များနှင့် ခရီးသွားအေဂျင်စီများအတွက် အပြည့်အဝပံ့ပိုးပေးနိုင်စေရန်အပြင် ဒေသခံမိတ်ဖက်လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန်နှင့် MAI အား လာအိုနိုင်ငံဈေးကွက် အတွင်းတွင် အခိုင်အမာတည်ရှိစေရန်အတွက် အထောက်အကူပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- ဗီယင်ကျန်းခရီးစဉ်အသစ်ကို ခရီးသွားလာလိုမှုနှင့် ရာသီအလိုက်ပေါ်မူတည်၍ MAI ၏ Airbus A320, Embraer 190 နှင့် ATR72-600 စသည့် လေယာဉ်အမျိုးအစားများဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအပါအဝင်၊ MAI နှင့် လေကြောင်းလုပ်ငန်းဆိုင် ရာဌာနအသီးသီးမှ ဂုဏ်သရေရှိ လူကြီးမင်းများ၊ MAI ၏ အရောင်းကိုယ်စားလှယ်များ၊ မိတ်ဖက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Zawgyi Version;
ႏွစ္ႏိုင္ငံအၾကားပိုမိုလြယ္ကူစြာသြားလာႏိုင္ေရးအတြက္ ရန္ကုန္-ဗီယင္က်န္းေလေၾကာင္းခရီးစဥ္သစ္ စတင္ ေျပးဆြဲ
ယြန္း (NP News) - ဇြန္ ၂၆

ႏွစ္ႏိုင္ငံအၾကားပိုမိုလြယ္ကူစြာသြားလာႏိုင္ေရးအတြက္ ရန္ကုန္-ဗီယင္က်န္းေလေၾကာင္းခရီးစဥ္သစ္ကို ဇြန္ ၂၅ ရက္တြင္ စတင္ေျပးဆြဲခဲ့ၿပီး အခမ္းအနားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ Terminal 1 တြင္ က်င္းပ ျပဳလုပ္ခဲ့သည္။

အဆိုပါ ခရီးစဥ္သစ္သည္ MAI ၏ ၁၉ ခုေျမာက္ ျပည္ပခရီးစဥ္ၿပီး ရန္ကုန္ၿမိဳ႕ႏွင့္ လာအိုႏိုင္ငံ၊ ဗီယင္က်န္းၿမိဳ႕တို႔ကို တိုက္႐ိုက္ခ်ိတ္ဆက္ကာ စတင္ေျပး ဆြဲခဲ့ျခင္းျဖစ္ၿပီး အပတ္စဥ္ အဂၤါေန႔ႏွင့္ ၾကာသပေတးေန႔တိုင္း ေျပးဆြဲသြား မည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္- ဗီယင္က်န္း ခရီးလမ္းေၾကာင္း အသစ္စတင္ေျပးဆြဲျခင္းသည္ MAI ၏ အာဆီယံေဒသတြင္းခရီးစဥ္ ကြန္ယက္ကို တိုးခ်ဲ႕ရန္ႏွင့္ ခရီးသည္မ်ားကို ခရီးလမ္းေၾကာင္းမ်ား ပိုမိုေ႐ြးခ်ယ္ခြင့္ရရွိႏိုင္ေရးအတြက္ ျဖစ္ေၾကာင္း MAI ၏ Chief Executive Officer ျဖစ္သည့္ Mr. Tanes Kumar ကေျပာသည္။

"ယခုအသစ္ထပ္မံေျပးဆြဲမႈသည္ အေရွ႕ေတာင္အာရွတြင္ ကြၽႏ္ုပ္တို႔ရဲ႕ကြန္ယက္ကို ပိုမိုခိုင္မာေစသည့္အျပင္ ခရီးသည္မ်ား၏ လိုအပ္ခ်က္မ်ားကိုပါ ျဖည့္ဆည္းေပးႏိုင္ကာ ႏွစ္ႏိုင္ငံအၾကားခ်ိတ္ဆက္သြားလာမႈမ်ားႏွင့္ ခရီးလမ္းေၾကာင္းမ်ား ပိုမိုေ႐ြးခ်ယ္ခြင့္ရရွိ ႏိုင္ေစမည္ျဖစ္သည္" ဟု Mr. Tanes Kumar က ဆိုသည္။

ထို႔ျပင္ Aviation Guard Lao (AGL) သည္ လာအိုႏိုင္ငံေဈးကြက္အတြင္း၌ MAI ၏ General Sales Agent (GSA) အျဖစ္ ကိုယ္စားျပဳတည္ရွိမည္ျဖစ္ၿပီး လာအိုႏိုင္ငံအတြင္း MAI ၏ အေရာင္းပိုင္း၊ ေဈးကြက္ ႏွင့္ ေၾကာ္ျငာ လုပ္ေဆာင္မႈမ်ားကိုလည္း စီမံခန႔္ခြဲရာတြင္ အဓိကေနရာမွ ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းမႈသည္ ခရီးသည္မ်ားႏွင့္ ခရီးသြားေအဂ်င္စီမ်ားအတြက္ အျပည့္အဝပံ့ပိုးေပးႏိုင္ေစရန္အျပင္ ေဒသခံမိတ္ဖက္လုပ္ငန္းရွင္မ်ားႏွင့္ ဆက္ဆံေရးပိုမိုေကာင္းမြန္လာေစရန္ႏွင့္ MAI အား လာအိုႏိုင္ငံေဈးကြက္ အတြင္းတြင္ အခိုင္အမာတည္ရွိေစရန္အတြက္ အေထာက္အကူေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္- ဗီယင္က်န္းခရီးစဥ္အသစ္ကို ခရီးသြားလာလိုမႈႏွင့္ ရာသီအလိုက္ေပၚမူတည္၍ MAI ၏ Airbus A320, Embraer 190 ႏွင့္ ATR72-600 စသည့္ ေလယာဥ္အမ်ိဳးအစားမ်ားျဖင့္ ဝန္ေဆာင္မႈေပးသြားမည္ျဖစ္သည္။

အဆိုပါအခမ္းအနားသို႔ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုသံအမတ္ႀကီးအပါအဝင္၊ MAI ႏွင့္ ေလေၾကာင္းလုပ္ငန္းဆိုင္ ရာဌာနအသီးသီးမွ ဂုဏ္သေရရွိ လူႀကီးမင္းမ်ား၊ MAI ၏ အေရာင္းကိုယ္စားလွယ္မ်ား၊ မိတ္ဖက္လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.