စေတနာ့ဝန်ထမ်း ၃ ဦး အသတ်ခံရပြီးနောက် ဟေတီတွင် ကင်ညာရဲတပ်ဖွဲ့များ အမြန်ဆုံး တပ်ဖြန့်ပေးရန် အမေရိကန်တောင်းဆို

 1119

ALynn (NP News) - မေ ၂၅

ဟေတီတွင် စေတနာ့ဝန်ထမ်း ၃ ဦး အသတ်ခံရပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကင်ညာဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ကို ဟေတီတွင် အလျင်အမြန် ဖြန့်ကျက်ထားရန် တောင်းဆိုလိုက်သည်။

အကျိုးအမြတ်မယူသော Haiti Inc မစ်ရှင်အဖွဲ့မှ ၎င်း၏စေတနာ့ဝန်ထမ်း သုံးဦးသည် ကြာသပတေးနေ့ (မေလ ၂၃ ရက်) ညတွင် ဟေတီနိုင်ငံ၊ မြို့တော်ပေါ်အော်ပရင့်စ်၌ လက်နက်ကိုင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ကြေညာအပြီး မကြာမီမှာတွင် အမေရိကန်က ထိုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ မြို့တော်သည် အင်အားကြီးလက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်ကျရောက်သွားချိန်မှစ၍ မြို့တော်အနှံ့ အသေအပျောက်ပြင်းထန်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်လာစေသည်။ လတ်တလောမှာပင် ကင်ညာသမ္မတ ဝီလီယံရူတိုသည် ဝါရှင်တန်ဒီစီသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး သမ္မတဘိုင်ဒင်အပါအဝင် အခြားသော အမေရိကန်အကြီးတန်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ဟေတီတပ်ဖြန့်မှုအပါအဝင် အခြားသောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကြာသပတေးနေ့တွင် ရူတိုနှင့် ဆွေးနွေးရာ၌ ကင်ညာဦးဆောင်သည့် တပ်ဖွဲ့၏ "အလျင် အမြန် တပ်ဖြန့်မှု"ကို သမ္မတဘိုင်ဒင်က ထောက်ခံကြိုဆိုခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့ပြီး ဟေတီရှိ လက်ရှိ လုံခြုံရေးအခြေအနေသည် အချိန်ဆွဲ၍ မရတော့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အသတ်ခံရသူများထဲတွင် သမီးဖြစ်သူ နာတာလီလွိုက်နှင့် သမက်ဖြစ်သူ ဒေဗီလွိုက်တို့ ပါဝင် ကြောင်း Missouri ပြည်နယ်ကိုယ်စားလှယ် Ben Baker က သောကြာနေ့တွင် အတည်ပြုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နိုင်ငံအတွင်း အချိန်ပြည့်စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ဒေဗီလွိုက် သည် ၂၀၀၀ ခုနှစ်တွင် ဟေတီနိုင်ငံတွင် စတင်ခဲ့သော Missions in Haiti Inc အဖွဲ့အစည်း တည်ထောင်သူများ၏ သားလည်းဖြစ်သည်။ တတိယမြောက်သေဆုံးသူနှင့် ပတ်သက်၍မူ အတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုလအစောပိုင်းတွင် ဟေတီနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက “အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ရာနှင့်ချီသောလူများသည် အကြမ်းဖက်မှုများအတွင်း ချောင်ပိတ်မိနေကြောင်း”သတိပေးခဲ့သည်။ ကင်ညာသည် ကုလ ကျောထောက် နောက်ခံပြုမစ်ရှင်များတွင် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ တပ်ဖြန့်ပေးသွားမည်ဖြစ် ကြောင်း ကတိကဝတ်ပြုထားပြီး ယင်းတွင် အမေရိကန်က ငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်သည်။ အများဆုံး တပ်ဖြန့်မှုသည် တပ်ဖွဲ့ဝင် ၂,၅၀၀ အထိရှိနိုင်ကြောင်း ခန့်မှန်း ရသည်။ သို့သော် ၎င်းမစ်ရှင်သည် မည်သည့်အချိန်တွင် စတင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ကင်ညာသမ္မတရူတို၏ အမေရိကန်ခရီးစဉ်နှင့်အတူ စတင်သွားဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

zawgyi version
ေစတနာ့ဝန္ထမ္း ၃ ဦး အသတ္ခံရၿပီးေနာက္ ေဟတီတြင္ ကင္ညာရဲတပ္ဖြဲ႕မ်ား အျမန္ဆုံး တပ္ျဖန႔္ေပးရန္ အေမရိကန္ေတာင္းဆို
ALynn (NP News) - ေမ ၂၅

ေဟတီတြင္ ေစတနာ့ဝန္ထမ္း ၃ ဦး အသတ္ခံရၿပီးေနာက္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ကင္ညာဦးေဆာင္ေသာ လုံၿခဳံေရးတပ္ဖြဲ႕ကို ေဟတီတြင္ အလ်င္အျမန္ ျဖန႔္က်က္ထားရန္ ေတာင္းဆိုလိုက္သည္။

အက်ိဳးအျမတ္မယူေသာ Haiti Inc မစ္ရွင္အဖြဲ႕မွ ၎၏ေစတနာ့ဝန္ထမ္း သုံးဦးသည္ ၾကာသပေတးေန႔ (ေမလ ၂၃ ရက္) ညတြင္ ေဟတီႏိုင္ငံ၊ ၿမိဳ႕ေတာ္ေပၚေအာ္ပရင့္စ္၌ လက္နက္ကိုင္ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရေၾကာင္း ေၾကညာအၿပီး မၾကာမီမွာတြင္ အေမရိကန္က ထိုကဲ့သို႔ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။ ၿမိဳ႕ေတာ္သည္ အင္အားႀကီးလက္နက္ကိုင္အဖြဲ႕၏ ထိန္းခ်ဳပ္မႈေအာက္က်ေရာက္သြားခ်ိန္မွစ၍ ၿမိဳ႕ေတာ္အႏွံ႔ အေသအေပ်ာက္ျပင္းထန္ေသာ တိုက္ခိုက္မႈမ်ားကို ျဖစ္ေပၚလာေစသည္။ လတ္တေလာမွာပင္ ကင္ညာသမၼတ ဝီလီယံ႐ူတိုသည္ ဝါရွင္တန္ဒီစီသို႔ အလည္အပတ္ေရာက္ရွိခဲ့ၿပီး သမၼတဘိုင္ဒင္အပါအဝင္ အျခားေသာ အေမရိကန္အႀကီးတန္းေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး ေဟတီတပ္ျဖန႔္မႈအပါအဝင္ အျခားေသာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။

ၾကာသပေတးေန႔တြင္ ႐ူတိုႏွင့္ ေဆြးေႏြးရာ၌ ကင္ညာဦးေဆာင္သည့္ တပ္ဖြဲ႕၏ "အလ်င္ အျမန္ တပ္ျဖန႔္မႈ"ကို သမၼတဘိုင္ဒင္က ေထာက္ခံႀကိဳဆိုခဲ့ေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူက ေသာၾကာေန႔တြင္ ေျပာၾကားခဲ့ၿပီး ေဟတီရွိ လက္ရွိ လုံၿခဳံေရးအေျခအေနသည္ အခ်ိန္ဆြဲ၍ မရေတာ့ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့သည္။
အသတ္ခံရသူမ်ားထဲတြင္ သမီးျဖစ္သူ နာတာလီလြိဳက္ႏွင့္ သမက္ျဖစ္သူ ေဒဗီလြိဳက္တို႔ ပါဝင္ ေၾကာင္း Missouri ျပည္နယ္ကိုယ္စားလွယ္ Ben Baker က ေသာၾကာေန႔တြင္ အတည္ျပဳခဲ့သည္။ ၎တို႔ႏွစ္ဦးသည္ ႏိုင္ငံအတြင္း အခ်ိန္ျပည့္ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့ၾကၿပီး ေဒဗီလြိဳက္ သည္ ၂၀၀၀ ခုႏွစ္တြင္ ေဟတီႏိုင္ငံတြင္ စတင္ခဲ့ေသာ Missions in Haiti Inc အဖြဲ႕အစည္း တည္ေထာင္သူမ်ား၏ သားလည္းျဖစ္သည္။ တတိယေျမာက္ေသဆုံးသူႏွင့္ ပတ္သက္၍မူ အတိအက် ထုတ္ျပန္ထားျခင္းမရွိေသးေပ။

ယခုလအေစာပိုင္းတြင္ ေဟတီႏိုင္ငံရွိ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉးက “အမ်ိဳးသမီးႏွင့္ ကေလးသူငယ္မ်ားအပါအဝင္ ရာႏွင့္ခ်ီေသာလူမ်ားသည္ အၾကမ္းဖက္မႈမ်ားအတြင္း ေခ်ာင္ပိတ္မိေနေၾကာင္း”သတိေပးခဲ့သည္။ ကင္ညာသည္ ကုလ ေက်ာေထာက္ ေနာက္ခံျပဳမစ္ရွင္မ်ားတြင္ ရဲတပ္ဖြဲ႕ဝင္ ၁,၀၀၀ တပ္ျဖန႔္ေပးသြားမည္ျဖစ္ ေၾကာင္း ကတိကဝတ္ျပဳထားၿပီး ယင္းတြင္ အေမရိကန္က ေငြေၾကးေထာက္ပံ့မႈမ်ား ေပးသြားမည္ျဖစ္သည္။ အမ်ားဆုံး တပ္ျဖန႔္မႈသည္ တပ္ဖြဲ႕ဝင္ ၂,၅၀၀ အထိရွိႏိုင္ေၾကာင္း ခန႔္မွန္း ရသည္။ သို႔ေသာ္ ၎မစ္ရွင္သည္ မည္သည့္အခ်ိန္တြင္ စတင္မည္ကို ရွင္းရွင္းလင္းလင္းမသိရေသးဘဲ ကင္ညာသမၼတ႐ူတို၏ အေမရိကန္ခရီးစဥ္ႏွင့္အတူ စတင္သြားဖြယ္ရွိေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

Related news

© 2021. All rights reserved.