မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောပဋိပက္ခများအပေါ် အမေရိကန်အစိုးရ၏ ချဉ်းကပ်မှု ပြောင်းလဲလာဖွယ်ရှိနေဟု ခန့်မှန်းမှုများ ထွက်ပေါ်

 5321

ဂျန်ဇက် (NP News) - ဇွန် ၂၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစီဖိတ်ဒေသရေးရာလက်ထောက်ဝန်ကြီး ဒန်နီရယ် ကရီတန်ဘရင်းသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ဗီယက်နမ်မှာ မြန်မာရေတပ် တပ်ဖွဲ့တပ်မှူးတစ်ဦးဖြစ်သော ကျော်လင်းဇော်နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံတွင်ဖြစ်ပွားသော ပဋိပက္ခနှင့် ပတ်သက်ပြီးအမေရိကန်၏ ချဉ်းကပ်ပုံ ပြောင်းလဲလာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးသည် ပြီးခဲ့သောဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ဟနွိုင်းမြို့ သို့လာရောက်ခဲ့ပြီး ဗီယက်နမ်အစိုးရတာဝန်ရှိသူများအပြင် မြန်မာရေတပ် တပ်မှူးတစ်ဦးဖြစ်သော ကျော်ဇောလင်း နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဗီယက်နမ်နိုင်ငံသို့ ရုရှားသမ္မတပူတင် သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ပြီးခဲ့သော သီတင်းပတ်တွင် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဆူဆန်စတီဗင်ဆန်၊ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့တောင်အာရှရေးရာဒါရိုက်တာဖြစ်သူ ပီတာလိုမန်တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် မြန်မာရေတပ် တပ်မှူးတို့ တွေ့ဆုံဆွေးနွေးသည်ဆိုသောသတင်းကို တုံ့ပြန်ဖြေဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်မြန်မာရေတပ်တပ်မှူး တို့တွေ့ဆုံဆွေးနွေးသည်ဆိုသောသတင်းကို အတည်ပြုခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက "မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့၊ ဒီမိုကရစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိဖို့၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ အပြင် ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့ နဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကို ဟန့်တားမှုမရှိစေဖို့ အမေရိကန်အစိုးရဟာ ကန့်သတ်ထားတဲ့ ပုဂ္ဂလိက ဆက်သွယ်ရေးလမ်းကြောင်းတွေ အပါအဝင် မြန်မာအစိုးရကို တောင်းဆိုဖိအားပေးတာတွေ လုပ်ဆောင်နေတယ်" ဟု ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နှင့် မြန်မာရေတပ်တပ်မှူး ၏တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးသည် မကြာမီတွင် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရန် နှင့် နှစ်နိုင်ငံကြားအပြန်အလှန် ဆက်ဆံရေးလမ်းကြောင်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်နီးစပ်သောသတင်းအရင်းမြစ်တစ်ဦးက "အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခများ တည်ငြိမ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ၊ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့်လမ်းကြောင်း တွေ ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတယ်။ ဒါပေမယ့် မြန်မာအစိုးရအဖွဲ့အတွင်းမှာ ကွဲပြားတဲ့အမြင်တွေ ရှိနေတယ်။ မြန်မာ အစိုးရဟာ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်တွေကို အပြည့်အဝလိုက်နာခြင်းထက် တစ်စိတ်တစ်ပိုင်းသာ လိုက်နာလိုတာမျိုးတွေလည်း ရှိနေတယ်" ဟု ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်၏ မူဝါဒအပြောင်းအလဲရှိမည်မဟုတ်ကြောင်း၊ မျက်နှာချင်းတွေ့ဆုံဆွေးနွေးပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး ချိန်ညှိနေကြောင်း ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာပဋိပကၡမ်ားအေပၚ အေမရိကန္အစိုးရ၏ ခ်ဥ္းကပ္မႈ ေျပာင္းလဲလာဖြယ္ရွိေနဟု ခန႔္မွန္းမႈမ်ား ထြက္ေပၚ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၆

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အေရွ႕အာရွႏွင့္ ပစီဖိတ္ေဒသေရးရာလက္ေထာက္ဝန္ႀကီး ဒန္နီရယ္ ကရီတန္ဘရင္းသည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ဗီယက္နမ္မွာ ျမန္မာေရတပ္ တပ္ဖြဲ႕တပ္မႉးတစ္ဦးျဖစ္ေသာ ေက်ာ္လင္းေဇာ္ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ရာ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေသာ ပဋိပကၡႏွင့္ ပတ္သက္ၿပီးအေမရိကန္၏ ခ်ဥ္းကပ္ပုံ ေျပာင္းလဲလာဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးသည္ ၿပီးခဲ့ေသာဇြန္လ ၂၁ ရက္ ႏွင့္ ၂၂ ရက္တို႔တြင္ ဟႏြိဳင္းၿမိဳ႕ သို႔လာေရာက္ခဲ့ၿပီး ဗီယက္နမ္အစိုးရတာဝန္ရွိသူမ်ားအျပင္ ျမန္မာေရတပ္ တပ္မႉးတစ္ဦးျဖစ္ေသာ ေက်ာ္ေဇာလင္း ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။ ဗီယက္နမ္ႏိုင္ငံသို႔ ႐ုရွားသမၼတပူတင္ သြားေရာက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးသည္ ၿပီးခဲ့ေသာ သီတင္းပတ္တြင္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ ဆူဆန္စတီဗင္ဆန္၊ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ အေရွ႕ေတာင္အာရွေရးရာဒါ႐ိုက္တာျဖစ္သူ ပီတာလိုမန္တို႔လည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

ဗီယက္နမ္ႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံးက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ႏွင့္ ျမန္မာေရတပ္ တပ္မႉးတို႔ ေတြ႕ဆုံေဆြးေႏြးသည္ဆိုေသာသတင္းကို တုံ႔ျပန္ေျဖဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးႏွင့္ျမန္မာေရတပ္တပ္မႉး တို႔ေတြ႕ဆုံေဆြးေႏြးသည္ဆိုေသာသတင္းကို အတည္ျပဳျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေစဖို႔၊ ဒီမိုကရစီလမ္းေၾကာင္းအေပၚ ျပန္လည္ေရာက္ရွိဖို႔၊ အားလုံးပါဝင္တဲ့ေတြ႕ဆုံေဆြးေႏြးမႈေတြ အျပင္ ျပည္သူေတြရဲ႕ဆႏၵကိုေလးစားဖို႔ နဲ႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြကို ဟန႔္တားမႈမရွိေစဖို႔ အေမရိကန္အစိုးရဟာ ကန႔္သတ္ထားတဲ့ ပုဂၢလိက ဆက္သြယ္ေရးလမ္းေၾကာင္းေတြ အပါအဝင္ ျမန္မာအစိုးရကို ေတာင္းဆိုဖိအားေပးတာေတြ လုပ္ေဆာင္ေနတယ္" ဟု ေျပာသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ႏွင့္ ျမန္မာေရတပ္တပ္မႉး ၏ေတြ႕ဆုံေဆြးေႏြးမႈႏွင့္ ပတ္သက္ၿပီး ႏွစ္ဖက္စလုံးသည္ မၾကာမီတြင္ ထပ္မံေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ ႏွင့္ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ ဆက္ဆံေရးလမ္းေၾကာင္း ပိုမိုေကာင္းမြန္ေစရန္ ရည္႐ြယ္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ အဆိုပါကိစၥႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

အဆိုပါကိစၥႏွင့္နီးစပ္ေသာသတင္းအရင္းျမစ္တစ္ဦးက "အေမရိကန္အစိုးရဟာ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ ပဋိပကၡမ်ား တည္ၿငိမ္ဖို႔၊ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ ၊ ျမန္မာအစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္မယ့္လမ္းေၾကာင္း ေတြ ဖြင့္လွစ္ဖို႔ ႀကိဳးပမ္းေနတယ္။ ဒါေပမယ့္ ျမန္မာအစိုးရအဖြဲ႕အတြင္းမွာ ကြဲျပားတဲ့အျမင္ေတြ ရွိေနတယ္။ ျမန္မာ အစိုးရဟာ အေမရိကန္အစိုးရရဲ႕ေတာင္းဆိုခ်က္ေတြကို အျပည့္အဝလိုက္နာျခင္းထက္ တစ္စိတ္တစ္ပိုင္းသာ လိုက္နာလိုတာမ်ိဳးေတြလည္း ရွိေနတယ္" ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျမန္မာႏိုင္ငံအေပၚထားရွိေသာ အေမရိကန္၏ မူဝါဒအေျပာင္းအလဲရွိမည္မဟုတ္ေၾကာင္း၊ မ်က္ႏွာခ်င္းေတြ႕ဆုံေဆြးေႏြးၿပီး အေမရိကန္အစိုးရက ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားႏွင့္ပတ္သက္ၿပီး ခ်ိန္ညႇိေနေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.