အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

 1337

Pika (NP News) - ဇွန် ၂၅

ဇွန်လအစောပိုင်းက ကျူးဘားနိုင်ငံကို ရောက်ရှိလာတဲ့ ရုရှားရေတပ်ရဲ့ Gorshkov ဖရီးဂိတ်သင်္ဘောဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ ရဟတ်ယာဉ်ကိုအသုံးပြုပြီး ရေငုပ်သင်္ဘောရှာဖွေရေး စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ(၂၅)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီရဟတ်ယာဉ်ရဲ့အဖွဲ့သားတွေဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေငုပ်သင်္ဘောကို ခြေရာခံတာနဲ့ ရှာဖွေတာ တွေအတွက် မဟာဗျူဟာမြောက်နည်းဗျူဟာတွေကို လေ့ကျင့်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရဟတ်ယာဉ်ရဲ့အဖွဲ့သားတွေဟာ Gorshkov ဖရီးဂိတ်သင်္ဘောနဲ့ ကီလိုမီတာ(၅၀) ကျော်အကွာမှာ ရေငုပ်သင်္ဘောတွေကို ရှာဖွေမှုအတွက် အစီအစဉ်တွေကို လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် Gorshkov ဖရီးဂိတ်သင်္ဘောကုန်းပတ်ပေါ်ကို ရဟတ်ယာဉ်ဆင်းသက်မှု(၅)ကြိမ်ခန့် ပြုလုပ်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။ ရုရှားရေတပ်ရဲ့ Gorshkov ဖရီးဂိတ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံး Kazan ရေငုပ် သင်္ဘောတို့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ လေ့ကျင့်ပြီးနောက် ဇွန်လ(၁၂) ရက်မှာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့ကို ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ ကျူးဘားနိုင်ငံကို ရုရှားစစ်သင်္ဘော တွေ ရောက်ရှိလာပြီးနောက် တစ်ရက်အကြာမှာ အမေရိကန်က ရေငုပ်သင်္ဘောတစ်စီးကို ကျူးဘားနိုင်ငံ ဂွါတာနာမိုပင်လယ်အော်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အတၱလႏၲိတ္သမုဒၵရာအတြင္း စစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္
Pika (NP News) - ဇြန္ ၂၅

ဇြန္လအေစာပိုင္းက က်ဴးဘားႏိုင္ငံကို ေရာက္ရွိလာတဲ့ ႐ုရွားေရတပ္ရဲ႕ Gorshkov ဖရီးဂိတ္သေဘၤာဟာ အတၱလႏၲိတ္သမုဒၵရာအတြင္းမွာ ရဟတ္ယာဥ္ကိုအသုံးျပဳၿပီး ေရငုပ္သေဘၤာရွာေဖြေရး စစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဇြန္လ(၂၅)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီရဟတ္ယာဥ္ရဲ႕အဖြဲ႕သားေတြဟာ အတၱလႏၲိတ္သမုဒၵရာအတြင္း ေရငုပ္သေဘၤာကို ေျခရာခံတာနဲ႔ ရွာေဖြတာ ေတြအတြက္ မဟာဗ်ဴဟာေျမာက္နည္းဗ်ဴဟာေတြကို ေလ့က်င့္ခဲ့ၾကတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ရဟတ္ယာဥ္ရဲ႕အဖြဲ႕သားေတြဟာ Gorshkov ဖရီးဂိတ္သေဘၤာနဲ႔ ကီလိုမီတာ(၅၀) ေက်ာ္အကြာမွာ ေရငုပ္သေဘၤာေတြကို ရွာေဖြမႈအတြက္ အစီအစဥ္ေတြကို ေလ့က်င့္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒါ့ျပင္ Gorshkov ဖရီးဂိတ္သေဘၤာကုန္းပတ္ေပၚကို ရဟတ္ယာဥ္ဆင္းသက္မႈ(၅)ႀကိမ္ခန႔္ ျပဳလုပ္ခဲ့ၾကတယ္လို႔ လည္း သိရပါတယ္။ ႐ုရွားေရတပ္ရဲ႕ Gorshkov ဖရီးဂိတ္သေဘၤာနဲ႔ န်ဴကလီးယားစြမ္းအင္သုံး Kazan ေရငုပ္ သေဘၤာတို႔ အတၱလႏၲိတ္သမုဒၵရာအတြင္းမွာ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြ ေလ့က်င့္ၿပီးေနာက္ ဇြန္လ(၁၂) ရက္မွာ က်ဴးဘားႏိုင္ငံ ဟာဗားနားၿမိဳ႕ကို ေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။ က်ဴးဘားႏိုင္ငံကို ႐ုရွားစစ္သေဘၤာ ေတြ ေရာက္ရွိလာၿပီးေနာက္ တစ္ရက္အၾကာမွာ အေမရိကန္က ေရငုပ္သေဘၤာတစ္စီးကို က်ဴးဘားႏိုင္ငံ ဂြါတာနာမိုပင္လယ္ေအာ္မွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္စခန္းကို ေစလႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.