ဖက်ရှင်ကုမ္ပဏီ Christian Louboutin ၊ Taylor Swift ရဲ့ Eras Tour အတွက် ဖိနပ်အရံ ၂၅ဝ ကျော် ဒီဇိုင်းထုတ်ခဲ့

 288

ရောင်နီ (NP News) - မေ ၂၇

အမေရိကန်ပေါ့စ်ဘုရင်မ တေလာဆွဖ် ရဲ့ Eras Tour အတွက် Luxury ဖက်ရှင်ကုမ္ပဏီ Christian Louboutin ဟာ ဖိနပ်အရံ ၂၅ဝ ထိ ဒီဇိုင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာကျော်စူပါစတား တေလာဆွဖ် နဲ့ Christian Louboutin ဟာ 2018 Reputation Tour မှစ ဖက်ရှင်အတွက် လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ ဖျော်ဖြေတင်ဆက်သူတွေအတွက် ဖိနပ်ဒီဇိုင်းဆွဲရာမှာ "ဖျော်ဖြေရာမှာ ကျွမ်းကျင်မှုနဲ့ အာရုံစူးစိုက်မှုများစွာ လိုအပ်ပါတယ်၊ ဒါကြောင့် ဝတ်စုံ ဒါမှမဟုတ် ဖိနပ်အတွက် ဖန်တီးတဲ့အခါ အာရုံထွေပြားနေတာမျိုး မဖြစ်ရပါဘူး" လို့ Louboutin က ဆိုပါတယ်။

တေလာဆွဖ်ရဲ့ Eras Tour အတွက် new edition ဒီဇိုင်းတွေ ဖန်တီးဖြစ်ခဲ့တယ်လို့ Louboutin က ဆိုပါတယ်။
"သူမက သူ့ပရိသတ်တွေကို ဖျော်ဖြေရတာ၊ စပရိုက်တွေ တစ်ခုပြီးတစ်ခု လုပ်ရတာကို သဘောကျတယ် ဒါကြောင့် ပိုဆန်းတာတွေ ဖန်တီးဖြစ်တယ်" လို့ ၎င်းက တေလာဆွဖ်ကို ရည်ညွှန်းပြီး ဆိုခဲ့ပါတယ်။ တေလာရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ Eras Tour မှာ Christian Louboutin ဟာ မတူညီတဲ့ဖက်ရှင်ဖိနပ်ပေါင်း ၂၅၀ ကျော် ဒီဇိုင်းထုတ်ပေးခဲ့ပါတယ်။

Zawgyi Version;
ဖက္ရွင္ကုမၸဏီ Christian Louboutin ၊ Taylor Swift ရဲ႕ Eras Tour အတြက္ ဖိနပ္အရံ ၂၅ဝ ေက်ာ္ ဒီဇိုင္းထုတ္ခဲ့
ေရာင္နီ (NP News) - ေမ ၂၇

အေမရိကန္ေပါ့စ္ဘုရင္မ ေတလာဆြဖ္ ရဲ႕ Eras Tour အတြက္ Luxury ဖက္ရွင္ကုမၸဏီ Christian Louboutin ဟာ ဖိနပ္အရံ ၂၅ဝ ထိ ဒီဇိုင္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။

ကမာၻေက်ာ္စူပါစတား ေတလာဆြဖ္ နဲ႔ Christian Louboutin ဟာ 2018 Reputation Tour မွစ ဖက္ရွင္အတြက္ လက္တြဲခဲ့ၾကတာျဖစ္ပါတယ္။ ေဖ်ာ္ေျဖတင္ဆက္သူေတြအတြက္ ဖိနပ္ဒီဇိုင္းဆြဲရာမွာ "ေဖ်ာ္ေျဖရာမွာ ကြၽမ္းက်င္မႈနဲ႔ အာ႐ုံစူးစိုက္မႈမ်ားစြာ လိုအပ္ပါတယ္၊ ဒါေၾကာင့္ ဝတ္စုံ ဒါမွမဟုတ္ ဖိနပ္အတြက္ ဖန္တီးတဲ့အခါ အာ႐ုံေထြျပားေနတာမ်ိဳး မျဖစ္ရပါဘူး" လို႔ Louboutin က ဆိုပါတယ္။

ေတလာဆြဖ္ရဲ႕ Eras Tour အတြက္ new edition ဒီဇိုင္းေတြ ဖန္တီးျဖစ္ခဲ့တယ္လို႔ Louboutin က ဆိုပါတယ္။
"သူမက သူ႔ပရိသတ္ေတြကို ေဖ်ာ္ေျဖရတာ၊ စပ႐ိုက္ေတြ တစ္ခုၿပီးတစ္ခု လုပ္ရတာကို သေဘာက်တယ္ ဒါေၾကာင့္ ပိုဆန္းတာေတြ ဖန္တီးျဖစ္တယ္" လို႔ ၎က ေတလာဆြဖ္ကို ရည္ၫႊန္းၿပီး ဆိုခဲ့ပါတယ္။ ေတလာရဲ႕ကမာၻလွည့္ေဖ်ာ္ေျဖပြဲ Eras Tour မွာ Christian Louboutin ဟာ မတူညီတဲ့ဖက္ရွင္ဖိနပ္ေပါင္း ၂၅၀ ေက်ာ္ ဒီဇိုင္းထုတ္ေပးခဲ့ပါတယ္။

Related news

© 2021. All rights reserved.