အင်ဂျလီနာဂျိုလီနဲ့ သမီးဖြစ်သူ ဗီဗီအန်တို့ရဲ့ "The Outsiders" တေးဂီတပြဇာတ် Tony Award ဆုရရှိ

 1229

ရောင်နီ (NP News) - ဇွန် ၁၉

ဟောလိဝုဒ် သရုပ်ဆောင် အင်ဂျလီနာဂျိုလီနဲ့ သမီးဖြစ်သူ ဗီဗီအန်တို့ အတူတွဲဖက် ပါဝင်ထားတဲ့ "The Outsiders” တေးဂီတ ပြဇာတ်ဟာ ဂီတထူးချွန်ဆု Tony Awards ကို ရရှိခဲ့ပါတယ်။

S.E. Hinton novel ကိုအခြေခံထားတဲ့ “The Outsiders” တေးဂီတပြဇာတ်မှာ ဂျိုလီက ဂီတထုတ်လုပ်သူအဖြစ် အစအဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး သူမရဲ့ (၁၅)နှစ်အရွယ်သမီးငယ် ဗီဗီအန်ကတော့ လက်ထောက်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ အခုနှစ် ၂၀၂၄ ခုနှစ်ရဲ့ Tony Award ဆုပေးပွဲမှာ "The Outsiders” ဟာ အကောင်းဆုံး ဂီတဆုကိုရရှိခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း "The Outsiders” ပြဇာတ်နဲ့ ဒါရိုက်တာ ဒါညာတေမာ က ရရှိခဲ့ပါတယ်။

ဗီဗီအန်ဟာ ဂျိုလီရဲ့သမီးအရင်းတစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ သိုသိုဝှက်ဝှက်နေတတ်သူဖြစ်ကာ ဒီ "The Outsidera" ပြဇာတ်ကြောင့်သာ ပရိသတ်ရှေ့ ထွက်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။

zawgyi version
အင္ဂ်လီနာဂ်ိဳလီနဲ႔ သမီးျဖစ္သူ ဗီဗီအန္တို႔ရဲ႕ "The Outsiders" ေတးဂီတျပဇာတ္ Tony Award ဆုရရွိ
ေရာင္နီ (NP News) - ဇြန္ ၁၉

ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ အင္ဂ်လီနာဂ်ိဳလီနဲ႔ သမီးျဖစ္သူ ဗီဗီအန္တို႔ အတူတြဲဖက္ ပါဝင္ထားတဲ့ "The Outsiders” ေတးဂီတ ျပဇာတ္ဟာ ဂီတထူးခြၽန္ဆု Tony Awards ကို ရရွိခဲ့ပါတယ္။

S.E. Hinton novel ကိုအေျခခံထားတဲ့ “The Outsiders” ေတးဂီတျပဇာတ္မွာ ဂ်ိဳလီက ဂီတထုတ္လုပ္သူအျဖစ္ အစအဆုံး တာဝန္ထမ္းေဆာင္ခဲ့ၿပီး သူမရဲ႕ (၁၅)ႏွစ္အ႐ြယ္သမီးငယ္ ဗီဗီအန္ကေတာ့ လက္ေထာက္ထုတ္လုပ္သူအျဖစ္ ပါဝင္ခဲ့ပါတယ္။ အခုႏွစ္ ၂၀၂၄ ခုႏွစ္ရဲ႕ Tony Award ဆုေပးပြဲမွာ "The Outsiders” ဟာ အေကာင္းဆုံး ဂီတဆုကိုရရွိခဲ့ၿပီး အေကာင္းဆုံး ဒါ႐ိုက္တာဆုကိုလည္း "The Outsiders” ျပဇာတ္နဲ႔ ဒါ႐ိုက္တာ ဒါညာေတမာ က ရရွိခဲ့ပါတယ္။

ဗီဗီအန္ဟာ ဂ်ိဳလီရဲ႕သမီးအရင္းတစ္ဦးျဖစ္ၿပီး ဆိုရွယ္မီဒီယာမွာ သိုသိုဝွက္ဝွက္ေနတတ္သူျဖစ္ကာ ဒီ "The Outsidera" ျပဇာတ္ေၾကာင့္သာ ပရိသတ္ေရွ႕ ထြက္ေပၚလာခဲ့သူ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.