ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU

 292

Pika (NP News) - စက်တင်ဘာ ၂၇

တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများထံ ဝမ်(၂၂၅)သန်း လှူဒါန်းခဲ့ပြီး စက်တင်ဘာလ(၁၈) ရက်နေ့တွင် ၎င်း၏ပွဲဦးထွက်နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြောင်းသိရသည်။

IU သည် ၎င်း၏နာမည်နှင့် ပရိသတ်ကလပ့် UAENA တို့ကို ပေါင်းစပ်ထားသော IUAENA အမည်ဖြင့် စုစုပေါင်း ဝမ်(၂၂၅)သန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း EDAM Entertainment ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ IU သည် အဆိုပါဝမ် (၂၂၅)သန်းကို ရှားပါးရောဂါရှိသော ကလေးငယ်များ အတွက်ကိုရီးယားအဖွဲ့အစည်း၊ “Milk Delivery Asking About the Elderly” ကမ်းပိန်းတို့ကို လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

IU သည် ၎င်း၏ပွဲဦးထွက်နှစ်ပတ်လည်နေ့ကို နှစ်စဉ်လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့်် ဖြတ်သန်းလေ့ရှိ သူဖြစ် ကြောင်းလည်းသိရသည်။ အဆိုပါလှူဒါန်းမှုတွင် ရှားပါးရောဂါရှိသောကလေးငယ်များကို ထောက်ပံ့ပေးမှုများလုပ် ဆောင်ပေးခြင်း၊ တစ်ယောက်တည်း နေထိုင်သော သက်ကြီးရွယ်အိုများဆီသို့ သွားရောက်လည်ပတ်ကာ နွားနို့များ လှူဒါန်းပေးခြင်း၊ မသန်စွမ်းများအတွက် အသုံးပြုနေသည့် သက်တမ်းရင့်နေသော ဓာတ်လှေကားများကို လဲလှယ် ပေးခြင်း၊ မိဘမဲ့ကလေးဂေဟာများအတွက် လိုအပ်သောပစ္စည်းများကို ထောက်ပံ့ပေးခြင်းအပြင် အခြားအကြောင်း အရာကိစ္စများ ပါဝင်ကြောင်းသိရသည်။

ယခုနှစ်အစောပိုင်းတွင် IU သည် ၎င်း၏မွေးနေ့တွင် အကြားအာရုံချို့ယွင်းသော ကလေးငယ်များကို ကူညီ ထောက်ပံ့ပေးခြင်းအပါအဝင် အဖွဲ့အစည်းပေါင်းများစွာကို ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့ကြောင်းသိရသည်။ IU က " IUAENA အမည်နဲ့ နှစ်တိုင်းအဓိပ္ပာယ်ရှိတဲ့ လှူဒါန်းမှုတွေကို လုပ်ဆောင်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီလှူဒါန်းမှုကို လက်ခံရရှိ သူတွေအတွက်တော့ အထူးလက်ဆောင် တစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်။ အမြဲတမ်း ချစ်ပေးပြီး အားပေးနေကြတဲ့ ပရိ သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
ဝမ္(၂၂၅)သန္းလႉဒါန္းၿပီး ပြဲဦးထြက္ ႏွစ္ပတ္လည္ေန႔ကို ျဖတ္သန္းခဲ့တဲ့ ေတာင္ကိုရီးယားနာမည္ေက်ာ္အဆိုေတာ္ IU
Pika (NP News) - စက္တင္ဘာ ၂၇

ေတာင္ကိုရီးယားနာမည္ေက်ာ္အဆိုေတာ္ IU သည္ အက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္းမ်ားထံ ဝမ္(၂၂၅)သန္း လႉဒါန္းခဲ့ၿပီး စက္တင္ဘာလ(၁၈) ရက္ေန႔တြင္ ၎၏ပြဲဦးထြက္ႏွစ္ပတ္လည္ေန႔ကို က်င္းပခဲ့ေၾကာင္းသိရသည္။

IU သည္ ၎၏နာမည္ႏွင့္ ပရိသတ္ကလပ့္ UAENA တို႔ကို ေပါင္းစပ္ထားေသာ IUAENA အမည္ျဖင့္ စုစုေပါင္း ဝမ္(၂၂၅)သန္း လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း EDAM Entertainment ကုမၸဏီက ထုတ္ျပန္ေၾကညာခဲ့သည္။ IU သည္ အဆိုပါဝမ္ (၂၂၅)သန္းကို ရွားပါးေရာဂါရွိေသာ ကေလးငယ္မ်ား အတြက္ကိုရီးယားအဖြဲ႕အစည္း၊ “Milk Delivery Asking About the Elderly” ကမ္းပိန္းတို႔ကို လႉဒါန္းခဲ့ျခင္းလည္းျဖစ္သည္။

IU သည္ ၎၏ပြဲဦးထြက္ႏွစ္ပတ္လည္ေန႔ကို ႏွစ္စဥ္လႉဒါန္းမႈမ်ားျပဳလုပ္ျခင္းျဖင့္္ ျဖတ္သန္းေလ့ရွိ သူျဖစ္ ေၾကာင္းလည္းသိရသည္။ အဆိုပါလႉဒါန္းမႈတြင္ ရွားပါးေရာဂါရွိေသာကေလးငယ္မ်ားကို ေထာက္ပံ့ေပးမႈမ်ားလုပ္ ေဆာင္ေပးျခင္း၊ တစ္ေယာက္တည္း ေနထိုင္ေသာ သက္ႀကီး႐ြယ္အိုမ်ားဆီသို႔ သြားေရာက္လည္ပတ္ကာ ႏြားႏို႔မ်ား လႉဒါန္းေပးျခင္း၊ မသန္စြမ္းမ်ားအတြက္ အသုံးျပဳေနသည့္ သက္တမ္းရင့္ေနေသာ ဓာတ္ေလွကားမ်ားကို လဲလွယ္ ေပးျခင္း၊ မိဘမဲ့ကေလးေဂဟာမ်ားအတြက္ လိုအပ္ေသာပစၥည္းမ်ားကို ေထာက္ပံ့ေပးျခင္းအျပင္ အျခားအေၾကာင္း အရာကိစၥမ်ား ပါဝင္ေၾကာင္းသိရသည္။

ယခုႏွစ္အေစာပိုင္းတြင္ IU သည္ ၎၏ေမြးေန႔တြင္ အၾကားအာ႐ုံခ်ိဳ႕ယြင္းေသာ ကေလးငယ္မ်ားကို ကူညီ ေထာက္ပံ့ေပးျခင္းအပါအဝင္ အဖြဲ႕အစည္းေပါင္းမ်ားစြာကို ဝမ္သန္း(၂၀ဝ)လႉဒါန္းခဲ့ေၾကာင္းသိရသည္။ IU က " IUAENA အမည္နဲ႔ ႏွစ္တိုင္းအဓိပၸာယ္ရွိတဲ့ လႉဒါန္းမႈေတြကို လုပ္ေဆာင္ရတဲ့အတြက္ ဝမ္းသာမိပါတယ္။ ဒီလႉဒါန္းမႈကို လက္ခံရရွိ သူေတြအတြက္ေတာ့ အထူးလက္ေဆာင္ တစ္ခုျဖစ္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ အၿမဲတမ္း ခ်စ္ေပးၿပီး အားေပးေနၾကတဲ့ ပရိ သတ္ေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.