Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာတော့မယ်လို့ လေဒီဂါဂါ ပြော

 81

Pika (NP News) - စက်တင်ဘာ ၂၆

အမေရိကန်အဆိုတော်နှင့်ရုပ်ရှင်သရုပ်ဆောင်လေဒီဂါဂါသည် Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်တစ်ခုကို လာမည့်စက်တင်ဘာလ (၂၇)ရက်နေ့တွင် ထွက်ရှိရန်စီစဉ်ထားကြောင်း သိရသည်။

အသက်(၃၈)နှစ်အရွယ် လေဒီဂါဂါသည် ရုပ်ရှင်သရုပ်ဆောင် Joaquin Phoenix နှင့်အတူ Joker: Folie A Deux ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဟာလီကွင်းဟုခေါ်သည့် သီချင်း(၁၃)ပုဒ်ပါဝင်သော အယ်လ်ဘမ်အသစ်ကို စက်တင်ဘာလ(၂၇)ရက်နေ့တွင် ထွက်ရှိရန်စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လေဒီဂါဂါက "Joker: Folie a Deux ဇာတ်ကားအတွက် အယ်လ်ဘမ် Harlequin က စက်တင်ဘာလ(၂၇)ရက်နေ့မှာ ထွက်ရှိမှာပါ"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် စတင်ထွက်ရှိလာမည့် Joker: Folie ‌a Deux ရုပ်ရှင်ဇာတ်ကားတွင် ဟာလီကွင်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သော ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လုံးဝမတူကွဲပြားမှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း လေဒီဂါဂါကပြောကြားခဲ့သည်။

လေဒီဂါဂါက "Joker: Folie a Deux ရုပ်ရှင်ဇာတ်ကားမှာ ဟာလီကွင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကျွန်မရဲ့ဗားရှင်းက ဘယ်သူနဲ့မှမတူဘဲ ကိုယ်ပိုင်ဖြစ်ပါတယ်။ ကျွန်မရဲ့ဗားရှင်းက ဒီရုပ်ရှင်၊ ဒီဇာတ်ကောင်အတွက် လုံးဝကိုက်ညီပါတယ်။ ဒီဇာတ်ကားကို လူတိုင်းရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ရှုခံစားသင့်တယ်လို ကျွန်မထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။ အဆိုပါဇာတ် ကားသည် ၎င်း၏ပေါ့ပ်စတားအရည်အချင်းများကို အကောင်းဆုံးအသုံးချထားခြင်းအားပြသမည့် ဇာတ်ကားတစ်ခုဖြစ်ကြောင်း လေဒီဂါဂါက ပြောဆိုခဲ့သည်။ လေဒီဂါဂါက "ဒီဇာတ်ကားမှာ သီချင်း၊ ကတာတွေနဲ့ အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်မှုတွေပါဝင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်တဲ့အချိန်အတွင်း လုပ်ခဲ့တဲ့အရာတွေအားလုံးကို ကျွန်မအရင်ကတစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်မရဲ့ အခန်းကဏ္ဍကလုံးဝအသစ် စက်စက်ဖြစ်ပြီး အရမ်းပျော်ဖို့ကောင်းတာကို တွေ့ရပါလိမ့်မယ်"ဟုပြောဆိုခဲ့ဖူးသည်။

zawgyi version
Joker: Folie A Deux ဇာတ္ကားအတြက္ အယ္လ္ဘမ္အသစ္တစ္ခုထြက္ရွိလာေတာ့မယ္လို႔ ေလဒီဂါဂါ ေျပာ
Pika (NP News) - စက္တင္ဘာ ၂၆

အေမရိကန္အဆိုေတာ္ႏွင့္႐ုပ္ရွင္သ႐ုပ္ေဆာင္ေလဒီဂါဂါသည္ Joker: Folie A Deux ဇာတ္ကားအတြက္ အယ္လ္ဘမ္တစ္ခုကို လာမည့္စက္တင္ဘာလ (၂၇)ရက္ေန႔တြင္ ထြက္ရွိရန္စီစဥ္ထားေၾကာင္း သိရသည္။

အသက္(၃၈)ႏွစ္အ႐ြယ္ ေလဒီဂါဂါသည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Joaquin Phoenix ႏွင့္အတူ Joker: Folie A Deux ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဟာလီကြင္းဟုေခၚသည့္ သီခ်င္း(၁၃)ပုဒ္ပါဝင္ေသာ အယ္လ္ဘမ္အသစ္ကို စက္တင္ဘာလ(၂၇)ရက္ေန႔တြင္ ထြက္ရွိရန္စီစဥ္ထားေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ ေလဒီဂါဂါက "Joker: Folie a Deux ဇာတ္ကားအတြက္ အယ္လ္ဘမ္ Harlequin က စက္တင္ဘာလ(၂၇)ရက္ေန႔မွာ ထြက္ရွိမွာပါ"ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလ(၄)ရက္ေန႔တြင္ စတင္ထြက္ရွိလာမည့္ Joker: Folie ‌a Deux ႐ုပ္ရွင္ဇာတ္ကားတြင္ ဟာလီကြင္းဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ေသာ ၎၏အခန္းက႑ႏွင့္ပတ္သက္ၿပီး လုံးဝမတူကြဲျပားမႈမ်ားကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္းလည္း ေလဒီဂါဂါကေျပာၾကားခဲ့သည္။

ေလဒီဂါဂါက "Joker: Folie a Deux ႐ုပ္ရွင္ဇာတ္ကားမွာ ဟာလီကြင္းအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ကြၽန္မရဲ႕ဗားရွင္းက ဘယ္သူနဲ႔မွမတူဘဲ ကိုယ္ပိုင္ျဖစ္ပါတယ္။ ကြၽန္မရဲ႕ဗားရွင္းက ဒီ႐ုပ္ရွင္၊ ဒီဇာတ္ေကာင္အတြက္ လုံးဝကိုက္ညီပါတယ္။ ဒီဇာတ္ကားကို လူတိုင္း႐ုပ္ရွင္႐ုံမွာ သြားေရာက္ၾကည့္ရႈခံစားသင့္တယ္လို ကြၽန္မထင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။ အဆိုပါဇာတ္ ကားသည္ ၎၏ေပါ့ပ္စတားအရည္အခ်င္းမ်ားကို အေကာင္းဆုံးအသုံးခ်ထားျခင္းအားျပသမည့္ ဇာတ္ကားတစ္ခုျဖစ္ေၾကာင္း ေလဒီဂါဂါက ေျပာဆိုခဲ့သည္။ ေလဒီဂါဂါက "ဒီဇာတ္ကားမွာ သီခ်င္း၊ ကတာေတြနဲ႔ အံ့ဩစရာေကာင္းတဲ့ သ႐ုပ္ေဆာင္မႈေတြပါဝင္ပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္တဲ့အခ်ိန္အတြင္း လုပ္ခဲ့တဲ့အရာေတြအားလုံးကို ကြၽန္မအရင္ကတစ္ခါမွမလုပ္ခဲ့ဖူးပါဘူး။ ဒါေၾကာင့္ ကြၽန္မရဲ႕ အခန္းက႑ကလုံးဝအသစ္ စက္စက္ျဖစ္ၿပီး အရမ္းေပ်ာ္ဖို႔ေကာင္းတာကို ေတြ႕ရပါလိမ့္မယ္"ဟုေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.