BLACKPINK အဖွဲ့ဝင် Rose က American Label Atlantic Records နဲ့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုး

 116

ရောင်နီ (NP News) - စက်တင်ဘာ ၂၈

BLACKPINK ရဲ့အဖွဲ့ဝင် Rosé ဟာ ကမ္ဘာကျော်တေးဂီတကုမ္ပဏီတစ်ခုဖြစ်တဲ့ Atlantic Records နဲ့ အတူ ကမ္ဘာလုံးဆိုင်ရာဂီတလှုပ်ရှားမှုတွေအတွက် ပြင်ဆင်နေပါတယ်။

ဒီအကြောင်းကို THEBLACKLABEL က Rosé ကို ကမ္ဘာလုံးဆိုင်ရာဂီတဈေးကွက်ထဲ ဝင်ရောက်ဖို့ Atlantic Records နဲ့ သီးသန့်စာချုပ်တစ်ခု ချုပ်ဆိုလိုက်တဲ့အကြောင်း စက်တင်ဘာလ ၂၇ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Atlantic Records ဟာ Warner Music Group လက်အောက်မှာရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး Bruno Mars၊ Coldplay၊ Ed Sheeran နဲ့ အခြားအနုပညာရှင်များစွာအတွက် ဂီတအမျိုးအစား ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဆောင်ရွက်ပေးနေတဲ့ ကမ္ဘာကျော်တေးဂီတ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေဟာ အဖွဲ့တစ်ဖွဲ့အနေနဲ့သာ YG Entertainments အေဂျင်စီနဲ့ သက်တမ်းတိုးထားတာဖြစ်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက်ကတော့ အခြားကုမ္ပဏီတွေနဲ့ လွတ်လပ်စွာ စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ Rose က American Label Atlantic Records နဲ႔ စာခ်ဳပ္ခ်ဳပ္ဆို လက္မွတ္ေရးထိုး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈

BLACKPINK ရဲ႕အဖြဲ႕ဝင္ Rosé ဟာ ကမာၻေက်ာ္ေတးဂီတကုမၸဏီတစ္ခုျဖစ္တဲ့ Atlantic Records နဲ႔ အတူ ကမာၻလုံးဆိုင္ရာဂီတလႈပ္ရွားမႈေတြအတြက္ ျပင္ဆင္ေနပါတယ္။

ဒီအေၾကာင္းကို THEBLACKLABEL က Rosé ကို ကမာၻလုံးဆိုင္ရာဂီတေဈးကြက္ထဲ ဝင္ေရာက္ဖို႔ Atlantic Records နဲ႔ သီးသန႔္စာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုလိုက္တဲ့အေၾကာင္း စက္တင္ဘာလ ၂၇ ရက္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Atlantic Records ဟာ Warner Music Group လက္ေအာက္မွာရွိတဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး Bruno Mars၊ Coldplay၊ Ed Sheeran နဲ႔ အျခားအႏုပညာရွင္မ်ားစြာအတြက္ ဂီတအမ်ိဳးအစား က်ယ္က်ယ္ျပန႔္ျပန႔္ ကိုင္တြယ္ေဆာင္႐ြက္ေပးေနတဲ့ ကမာၻေက်ာ္ေတးဂီတ ကုမၸဏီတစ္ခုျဖစ္ပါတယ္။

BLACKPINK အဖြဲ႕ဝင္ေတြဟာ အဖြဲ႕တစ္ဖြဲ႕အေနနဲ႔သာ YG Entertainments ေအဂ်င္စီနဲ႔ သက္တမ္းတိုးထားတာျဖစ္ၿပီး တစ္ကိုယ္ေတာ္လႈပ္ရွားမႈေတြအတြက္ကေတာ့ အျခားကုမၸဏီေတြနဲ႔ လြတ္လပ္စြာ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.