တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ

 386

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

တောင်ကိုရီးယား ဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီက သူမရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေး အကြောင်းကြားလာခဲ့ပါတယ်။

ဒီအကြာင်းကို ဆုန်းဒန်ဘီရဲ့ အေဂျင်စီ Blitzway Studio က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သားဦးလေးကတော့ ၂၀၂၅ ခုနှစ် ဧပြီလမှာ မွေးဖွားမယ်လို့ သိရပါတယ်။ ဆုန်းဒန်ဘီဟာ ၂၀၂၂ ခုနှစ် မေလက အမြန်စကိတ်သမားဟောင်း လီကျိုဟွတ်ခ်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်ထွက် ဒရာမာစီးရီးဖြစ်တဲ့ "Pure Love" နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာဖြစ်ပြီး လက်ရှိတော့ အနုပညာအလုပ်တွေ ခဏရပ်နားထားပါတယ်။ ၂၀၀၇ ခုနှစ် က တည်းက Solo အဆိုတော်အဖြစ်နဲ့ ပွဲဦးထွက်လာတဲ့ ဆုန်းဒန်ဘီဟာ အခု အသက် ၄၁ နှစ် ရှိပြီဖြစ်ပါတယ်။

သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် "Light and Shadow " "Mrs.Cop" "Pure Love" ဇာတ်လမ်းတွေနဲ့ လူသိများ ထင်ရှားခဲ့တာ ဖြစ်ပါတယ်။

zawgyi version
ေတာင္ကိုရီးယားဒရာမာ "Pure Love" ထဲက မင္းသမီး ဆုန္ဒန္ဘီ သားဦးကိုယ္ဝန္ လြယ္ထားရၿပီျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

ေတာင္ကိုရီးယား ဒရာမာ "Pure Love" ထဲက မင္းသမီး ဆုန္ဒန္ဘီက သူမရဲ႕ပထမဆုံးရင္ေသြးေလးကို လြယ္ထားရၿပီဆိုတဲ့အေၾကာင္း ပရိသတ္ေတြကို အသိေပး အေၾကာင္းၾကားလာခဲ့ပါတယ္။

ဒီအၾကာင္းကို ဆုန္းဒန္ဘီရဲ႕ ေအဂ်င္စီ Blitzway Studio က စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။ သားဦးေလးကေတာ့ ၂၀၂၅ ခုႏွစ္ ဧၿပီလမွာ ေမြးဖြားမယ္လို႔ သိရပါတယ္။ ဆုန္းဒန္ဘီဟာ ၂၀၂၂ ခုႏွစ္ ေမလက အျမန္စကိတ္သမားေဟာင္း လီက်ိဳဟြတ္ခ္နဲ႔ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၃ ခုႏွစ္ထြက္ ဒရာမာစီးရီးျဖစ္တဲ့ "Pure Love" နဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈကို ရရွိထားတာျဖစ္ၿပီး လက္ရွိေတာ့ အႏုပညာအလုပ္ေတြ ခဏရပ္နားထားပါတယ္။ ၂၀၀၇ ခုႏွစ္ က တည္းက Solo အဆိုေတာ္အျဖစ္နဲ႔ ပြဲဦးထြက္လာတဲ့ ဆုန္းဒန္ဘီဟာ အခု အသက္ ၄၁ ႏွစ္ ရွိၿပီျဖစ္ပါတယ္။

သူမဟာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ "Light and Shadow " "Mrs.Cop" "Pure Love" ဇာတ္လမ္းေတြနဲ႔ လူသိမ်ား ထင္ရွားခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.