၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ

 229

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

၂၀၂၄ ခုနှစ်အတွက် Seoul International Drama Awards ဆုပေးပွဲကို ဆိုးလ်မြို့၊ KBS Hall မှာ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူးများအဖြစ် အစီအစဉ်တင်ဆက်သူ ဘဲ့ဆွန်းဂျယ်နဲ့ သရုပ်ဆောင် ဆိုလ်အင်နာတို့က ဆောင်ရွက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဒါရိုက်တာ ပက်ခ်ချန်းဝုခ်က “The Sympathizer” ဇာတ်လမ်းတွဲနဲ့ ယခုနှစ်ရဲ့ ရွှေငှက်ဆုကိုရရှိခဲ့ပြီး “Lovely Runner” သရုပ်ဆောင်များဖြစ်တဲ့ မင်းသား ဗြောင်ဝူဆော့ခ်နဲ့ ကင်ဟေယွန်းတို့ကတော့ Asia Star Awards ကို ရရှိခဲ့ကြပါတယ်။ အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ဒါရိုက်တာ ပက်ခ် အင်ဂျေက နာမည်ကြီးစီးရီး “Moving” နဲ့ ရရှိခဲ့ပြီး အကောင်းဆုံး ဒရာမာဆုကိုတော့ "Moving” နဲ့ Queen of Tears” တို့က အသီးသီးရရှိကြပါတယ်။အကောင်းဆုံး သရုပ်ဆောင်ဆုကိုတော့ Mask Girl ဇာတ်လမ်းတွဲနဲ့ အာဂျေဟောင်နဲ့ ယွန်းဟေရန်တို့က အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။

Seoul International Drama Awards ဟာ တီဗီဒရမ်မာထုတ်လုပ်ရေး နဲ့ မီဒီယာလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ရုပ်မြင်သံကြားဒရာမာတွေအတွက် ဆုတံဆိပ်များ ချီးမြှင့်ပေးတဲ့ပွဲ ဖြစ်ပါတယ်။

zawgyi version
၂၀၂၄ ခုႏွစ္ရဲ႕ Seoul International Drama Awards အတြက္ ဆုရွိသူမ်ား ေပၚထြက္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

၂၀၂၄ ခုႏွစ္အတြက္ Seoul International Drama Awards ဆုေပးပြဲကို ဆိုးလ္ၿမိဳ႕၊ KBS Hall မွာ စက္တင္ဘာ ၂၅ ရက္က က်င္းပခဲ့ပါတယ္။

အခမ္းအနားမႉးမ်ားအျဖစ္ အစီအစဥ္တင္ဆက္သူ ဘဲ့ဆြန္းဂ်ယ္နဲ႔ သ႐ုပ္ေဆာင္ ဆိုလ္အင္နာတို႔က ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီအခမ္းအနားမွာ ဒါ႐ိုက္တာ ပက္ခ္ခ်န္းဝုခ္က “The Sympathizer” ဇာတ္လမ္းတြဲနဲ႔ ယခုႏွစ္ရဲ႕ ေ႐ႊငွက္ဆုကိုရရွိခဲ့ၿပီး “Lovely Runner” သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ မင္းသား ေျဗာင္ဝူေဆာ့ခ္နဲ႔ ကင္ေဟယြန္းတို႔ကေတာ့ Asia Star Awards ကို ရရွိခဲ့ၾကပါတယ္။ အေကာင္းဆုံး ဒါ႐ိုက္တာဆုကိုေတာ့ ဒါ႐ိုက္တာ ပက္ခ္ အင္ေဂ်က နာမည္ႀကီးစီးရီး “Moving” နဲ႔ ရရွိခဲ့ၿပီး အေကာင္းဆုံး ဒရာမာဆုကိုေတာ့ "Moving” နဲ႔ Queen of Tears” တို႔က အသီးသီးရရွိၾကပါတယ္။အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုကိုေတာ့ Mask Girl ဇာတ္လမ္းတြဲနဲ႔ အာေဂ်ေဟာင္နဲ႔ ယြန္းေဟရန္တို႔က အသီးသီးရရွိခဲ့ၾကတယ္လို႔ သိရပါတယ္။

Seoul International Drama Awards ဟာ တီဗီဒရမ္မာထုတ္လုပ္ေရး နဲ႔ မီဒီယာလုပ္ငန္းနယ္ပယ္မွ ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ႐ုပ္ျမင္သံၾကားဒရာမာေတြအတြက္ ဆုတံဆိပ္မ်ား ခ်ီးျမႇင့္ေပးတဲ့ပြဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.