EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်

 290

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ရဲ့အေဂျင်စီက D.O နဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာလ ပြောဆိုသူ တွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းကို D.O ရဲ့အေဂျင်စီ Soosoo က စက်တင်ဘာလ ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အနုပညာရှင်ကို အသရေဖျက်မှု၊ လိမ်လည်လှည့်ဖြားမှုများ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ၊ စော်ကားမှုများနဲ့ သရေဖျက်တဲ့ မသမာတဲ့ပို့စ်တွေကို ပြင်းပြင်းထန် ထန်အရေးယူဖို့ စီစဉ်ထားပါတယ်။ အချိန်နဲ့ တပြေးညီ စောင့်ကြည့်စစ်ဆေးမှုနဲ့ အစီရင်ခံစာများမှ တစ်ဆင့် ကျွန်တော်တို့ရဲ့အနုပညာရှင်နဲ့ပတ်သက်တဲ့စော်ကားပုတ်ခတ်ခြင်း၊ အသရေဖျက်ခြင်းဆိုင်ရာ မသမာတဲ့ ဆိုရှယ် မီဒီယာပို့စ်တွေကို အွန်လိုင်းမှာ စဉ်ဆက်မပြတ်တင်နေကြတာကို ကျွန်တော်တို့ တွေ့ရှိ အတည်ပြုထားပါတယ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆက်စပ်အထောက်အထားတွေနဲ့ပစ္စည်းတွေကို စုဆောင်းနေပြီး ဒီလိုပြောဆိုမှုတွေကို ဆက်လက် လျစ်လျူမရှုနိုင်တော့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ အနုပညာရှင်ရဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် မလိုလားအပ်တဲ့ပို့စ်တွေနဲ့ပတ်သက်တဲ့ အထောက် အထားတွေကို စုဆောင်းဖို့နဲ့အခြေအနေကို စောင့်ကြည့်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် D.O ရဲ့ပရိသတ်များအနေနဲ့လည်း အန္တရာယ်ရှိတဲ့ ပို့စ်များ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်မှုများနဲ့ စော်ကားမှုတွေလို ရာဇဝတ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေ တွေ့ရှိရင် ကျွန်တော်တို့ရဲ့တရားဝင်အီးမေးလ်လိပ်စာ ([email protected]) ကို တိုင်ကြားနိုင်ပါတယ်" လို့ ပြောကြားထားပါတယ်။

EXO အဖွဲ့ဝင် D.O ဟာ လူကြိုက်များတဲ့ idol တစ်ယောက်ဖြစ်သလို single songs သီချင်းတွေနဲ့ အောင်မြင်မှုတွေ ရရှိထားပြီး Pure Love၊ My Annoying Brother၊ 100 days my Prince ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် အသိအမှတ်ပြုမှုကို ရရှိထားပါတယ်။

Zawgyi Version;
EXO အဖြဲ႕ဝင္ ဒိုကြမ္ဆို (D.O.) ကို ရည္ၫႊန္းတဲ့ ညစ္ညမ္းတဲ့ပိုစ့္ေတြနဲ႔ ေကာလဟာေတြ ေျပာဆိုသူေတြကို တရားဥပေဒအရ အေရးယူမည္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

EXO အဖြဲ႕ဝင္ ဒိုကြမ္ဆို (D.O.) ရဲ႕ေအဂ်င္စီက D.O နဲ႔ပတ္သက္ၿပီး ညစ္ညမ္းတဲ့ပိုစ့္ေတြနဲ႔ ေကာလဟာလ ေျပာဆိုသူ ေတြကို တရားဥပေဒအရ အေရးယူသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီအေၾကာင္းကို D.O ရဲ႕ေအဂ်င္စီ Soosoo က စက္တင္ဘာလ ၂၀ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
"ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕အႏုပညာရွင္ကို အသေရဖ်က္မႈ၊ လိမ္လည္လွည့္ျဖားမႈမ်ား (သို႔မဟုတ္) ပုဂၢိဳလ္ေရးဆိုင္ရာ တိုက္ခိုက္မႈမ်ား၊ ေစာ္ကားမႈမ်ားနဲ႔ သေရဖ်က္တဲ့ မသမာတဲ့ပို႔စ္ေတြကို ျပင္းျပင္းထန္ ထန္အေရးယူဖို႔ စီစဥ္ထားပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ေစာင့္ၾကည့္စစ္ေဆးမႈနဲ႔ အစီရင္ခံစာမ်ားမွ တစ္ဆင့္ ကြၽန္ေတာ္တို႔ရဲ႕အႏုပညာရွင္နဲ႔ပတ္သက္တဲ့ေစာ္ကားပုတ္ခတ္ျခင္း၊ အသေရဖ်က္ျခင္းဆိုင္ရာ မသမာတဲ့ ဆိုရွယ္ မီဒီယာပို႔စ္ေတြကို အြန္လိုင္းမွာ စဥ္ဆက္မျပတ္တင္ေနၾကတာကို ကြၽန္ေတာ္တို႔ ေတြ႕ရွိ အတည္ျပဳထားပါတယ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ဆက္စပ္အေထာက္အထားေတြနဲ႔ပစၥည္းေတြကို စုေဆာင္းေနၿပီး ဒီလိုေျပာဆိုမႈေတြကို ဆက္လက္ လ်စ္လ်ဴမရႈႏိုင္ေတာ့ေၾကာင္း ဆုံးျဖတ္လိုက္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ အႏုပညာရွင္ရဲ႕အခြင့္အေရးေတြကို ကာကြယ္ဖို႔အတြက္ မလိုလားအပ္တဲ့ပို႔စ္ေတြနဲ႔ပတ္သက္တဲ့ အေထာက္ အထားေတြကို စုေဆာင္းဖို႔နဲ႔အေျခအေနကို ေစာင့္ၾကည့္ဖို႔ အစြမ္းကုန္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ D.O ရဲ႕ပရိသတ္မ်ားအေနနဲ႔လည္း အႏၲရာယ္ရွိတဲ့ ပို႔စ္မ်ား (သို႔မဟုတ္) ပုဂၢိဳလ္ေရးဆိုင္ရာတိုက္ခိုက္မႈမ်ားနဲ႔ ေစာ္ကားမႈေတြလို ရာဇဝတ္မႈဆိုင္ရာလုပ္ေဆာင္ခ်က္ေတြ ေတြ႕ရွိရင္ ကြၽန္ေတာ္တို႔ရဲ႕တရားဝင္အီးေမးလ္လိပ္စာ ([email protected]) ကို တိုင္ၾကားႏိုင္ပါတယ္" လို႔ ေျပာၾကားထားပါတယ္။

EXO အဖြဲ႕ဝင္ D.O ဟာ လူႀကိဳက္မ်ားတဲ့ idol တစ္ေယာက္ျဖစ္သလို single songs သီခ်င္းေတြနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားၿပီး Pure Love၊ My Annoying Brother၊ 100 days my Prince ဇာတ္ကားေတြနဲ႔ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ပရိသတ္ အသိအမွတ္ျပဳမႈကို ရရွိထားပါတယ္။

Related news

© 2021. All rights reserved.