လက်စ်ဗီဂတ်စ်ရှိုးမှာ မလေးရှားဒီဇိုင်နာနှစ်ယောက်ရဲ့ စိတ်ကြိုက်ဝတ်စုံကို ဝတ်ဆင်ပြခဲ့တဲ့ လေဒီဂါဂါ

 1159

ရောင်နီ (NP News) - ဇွန် ၂၆

အဆိုတော်၊ သရုပ်ဆောင် လေဒီဂါဂါ ဟာ တနင်္လာနေ့(ဇွန် ၂၄ ရက်) က ပြုလုပ်တဲ့ Las Vegas ရှိုးပွဲတစ်ခုမှာ မလေးရှားဒီဇိုင်နာ နှစ်ယောက်အဖွဲ့ဖြစ်တဲ့ Rizman Ruzaini ရဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ အနီရောင်ဂါဝန်ကို ၀တ်ဆင်ခဲ့ပါတယ်။

အနုစိတ်လက်ရာနဲ့ အသေးစိတ်ကျတဲ့ဖန်တီးမှုတွေကြောင့် လူသိများတဲ့ ဖက်ရှင်ဒီဇိုင်နာ Rizman Nordin နဲ့ Ruzaini Jamil တို့ ၂ ယောက်တွဲဖန်တီးတဲ့ Swarovski ကျောက်မျက်ရတနာများတွေကို inspire ယူ ဖန်တီးခဲ့တဲ့ အဆိုပါ ဝတ်စုံဒီဇိုင်းဟာ မလေးရှားနိုင်ငံမှာလည်း လေးလေးစားစား အမြတ်တနိုးထား ဝတ်ဆင်ရတဲ့ ဝတ်စုံဖြစ် တယ်လို့ သိရပါတယ်။ Rizman Ruzaini ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်ရှိ Victoria and Albert ပြတိုက် (V&A) မှာ ပြုလုပ်တဲ့ Campbell's career ပွဲမှာ ပြသနိုင်ခဲ့ပြီးနောက် ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းမှာ ဖန်တီးမှုများကို ပြသနိုင်တဲ့ ပထမဆုံး မလေးရှားဒီဇိုင်နာအဖွဲ့ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် လေဒီဂါဂါ၊ ဘီယွန်းစေးတို့နဲ့ အလုပ်လုပ်ဆောင်နေတဲ့ stylist တစ်ဦး အပါအဝင် ဟောလိဝုဒ်အေဂျင်စီ တွေရဲ့ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိခဲ့ပြီး အခုလို နာမည်ကျော်တွေအတွက် ဖက်ရှင်ဖန်တီးမှုတွေ ပြုလုပ်လာခဲ့ပါ တယ်။

Zawgyi Version;
လက္စ္ဗီဂတ္စ္ရႈိးမွာ မေလးရွားဒီဇိုင္နာႏွစ္ေယာက္ရဲ႕ စိတ္ႀကိဳက္ဝတ္စုံကို ဝတ္ဆင္ျပခဲ့တဲ့ ေလဒီဂါဂါ
ေရာင္နီ (NP News) - ဇြန္ ၂၆

အဆိုေတာ္၊ သ႐ုပ္ေဆာင္ ေလဒီဂါဂါ ဟာ တနလၤာေန႔(ဇြန္ ၂၄ ရက္) က ျပဳလုပ္တဲ့ Las Vegas ရႈိးပြဲတစ္ခုမွာ မေလးရွားဒီဇိုင္နာ ႏွစ္ေယာက္အဖြဲ႕ျဖစ္တဲ့ Rizman Ruzaini ရဲ႕ စိတ္ႀကိဳက္ဖန္တီးထားတဲ့ အနီေရာင္ဂါဝန္ကို ၀တ္ဆင္ခဲ့ပါတယ္။

အႏုစိတ္လက္ရာနဲ႔ အေသးစိတ္က်တဲ့ဖန္တီးမႈေတြေၾကာင့္ လူသိမ်ားတဲ့ ဖက္ရွင္ဒီဇိုင္နာ Rizman Nordin နဲ႔ Ruzaini Jamil တို႔ ၂ ေယာက္တြဲဖန္တီးတဲ့ Swarovski ေက်ာက္မ်က္ရတနာမ်ားေတြကို inspire ယူ ဖန္တီးခဲ့တဲ့ အဆိုပါ ဝတ္စုံဒီဇိုင္းဟာ မေလးရွားႏိုင္ငံမွာလည္း ေလးေလးစားစား အျမတ္တႏိုးထား ဝတ္ဆင္ရတဲ့ ဝတ္စုံျဖစ္ တယ္လို႔ သိရပါတယ္။ Rizman Ruzaini ဟာ ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ရွိ Victoria and Albert ျပတိုက္ (V&A) မွာ ျပဳလုပ္တဲ့ Campbell's career ပြဲမွာ ျပသႏိုင္ခဲ့ၿပီးေနာက္ ဂုဏ္သိကၡာရွိ အဖြဲ႕အစည္းမွာ ဖန္တီးမႈမ်ားကို ျပသႏိုင္တဲ့ ပထမဆုံး မေလးရွားဒီဇိုင္နာအဖြဲ႕ ျဖစ္လာခဲ့ပါတယ္။

အဲဒီေနာက္ ေလဒီဂါဂါ၊ ဘီယြန္းေစးတို႔နဲ႔ အလုပ္လုပ္ေဆာင္ေနတဲ့ stylist တစ္ဦး အပါအဝင္ ေဟာလိဝုဒ္ေအဂ်င္စီ ေတြရဲ႕ဖုန္းေခၚဆိုမႈေတြကို လက္ခံရရွိခဲ့ၿပီး အခုလို နာမည္ေက်ာ္ေတြအတြက္ ဖက္ရွင္ဖန္တီးမႈေတြ ျပဳလုပ္လာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.