ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှာလူပေါင်း (၁)သန်းနီးပါး ဘေးလွတ်ရာကိုရွှေ့ပြောင်း

 939

ဂျန်ဇက် (NP News) - မေ ၂၇

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း (၁)သန်းနီးပါးဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်းသိရပါတယ်။ ဆိုင်ကလုန်း ရီမယ်လ်ဟာ မေလ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံ မြေနိမ့်ပိုင်းအရပ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အာဏာပိုင်တွေဟာ လူပေါင်း(၈)သိန်းကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါမုန်တိုင်းဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ Khepupara ဒေသကမ်းရိုးတန်းကိုဖြတ်သန်းဝင်ရောက်ခဲ့ပြီး တစ်နာရီကို လေတိုက်နှုန်း ၁၂၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့် ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက မုန်တိုင်းနဲ့ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး မုန်တိုင်းဖြတ်သန်းမယ့်လမ်းကြောင်းတစ်လျှောက်ရှိဒေသခံတွေကို ဘေးမကင်းတဲ့နေရာတွေ၊ အိမ်တွေကနေ အမြန်ဆုံးရွှေ့ပြောင်းဖို့ တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရဟာ မုန်တိုင်းနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးစင်တာတွေ၊ ယာယီနားခိုရာစခန်းတွေ ထောင်နဲ့ချီတည်ဆောက်ထားပြီးကယ်ဆယ်ရေးသမား တစ်သောင်းနီးပါးကို အဆင့်သင့်လုပ်ဆောင်ကာ ကယ်ဆယ်ပေးနေကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မုန်တိုင်းဒဏ် မကြာခဏခံစားခဲ့ရပြီး ပြီးခဲ့တဲ့ (၁၀) စုနှစ်အတွင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ်မေလကလည်း မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း (၃)ထောင်ကျော်သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ထိခိုက်နစ်နာပျက်စီးခဲ့ရကြောင်းသိရပါတယ်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာလူေပါင္း (၁)သန္းနီးပါး ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္း
ဂ်န္ဇက္ (NP News) - ေမ ၂၇

ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဆိုက္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူေပါင္း (၁)သန္းနီးပါးေဘးလႊတ္ရာကို ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္းသိရပါတယ္။ ဆိုင္ကလုန္း ရီမယ္လ္ဟာ ေမလ ၂၆ ရက္ေန႔မွာ ဘဂၤလားေဒရွ႕္ႏိုင္ငံ ေျမနိမ့္ပိုင္းအရပ္ေဒသကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး အာဏာပိုင္ေတြဟာ လူေပါင္း(၈)သိန္းေက်ာ္ကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါမုန္တိုင္းဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံ Khepupara ေဒသကမ္း႐ိုးတန္းကိုျဖတ္သန္းဝင္ေရာက္ခဲ့ၿပီး တစ္နာရီကို ေလတိုက္ႏႈန္း ၁၂၀ ကီလိုမီတာႏႈန္းနဲ႔ တိုက္ခတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဘဂၤလားေဒရွ႕္ ေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးဌာနက မုန္တိုင္းနဲ႔ပတ္သက္ၿပီး အျမင့္ဆုံးသတိေပးခ်က္ထုတ္ျပန္ထားၿပီး မုန္တိုင္းျဖတ္သန္းမယ့္လမ္းေၾကာင္းတစ္ေလွ်ာက္ရွိေဒသခံေတြကို ေဘးမကင္းတဲ့ေနရာေတြ၊ အိမ္ေတြကေန အျမန္ဆုံးေ႐ႊ႕ေျပာင္းဖို႔ ေတာင္းဆိုထားပါတယ္။ ဘဂၤလားေဒရွ႕္အစိုးရဟာ မုန္တိုင္းနဲ႔ပတ္သက္ၿပီး ကယ္ဆယ္ေရးစင္တာေတြ၊ ယာယီနားခိုရာစခန္းေတြ ေထာင္နဲ႔ခ်ီတည္ေဆာက္ထားၿပီးကယ္ဆယ္ေရးသမား တစ္ေသာင္းနီးပါးကို အဆင့္သင့္လုပ္ေဆာင္ကာ ကယ္ဆယ္ေပးေနေၾကာင္းသိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံဟာ မုန္တိုင္းဒဏ္ မၾကာခဏခံစားခဲ့ရၿပီး ၿပီးခဲ့တဲ့ (၁၀) စုႏွစ္အတြင္း မုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူေပါင္း ေထာင္ခ်ီေသဆုံးခဲ့ေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေမလကလည္း မိုခါဆိုက္ကလုန္းမုန္တိုင္းေၾကာင့္ လူေပါင္း (၃)ေထာင္ေက်ာ္ေသဆုံးခဲ့ၿပီး အေမရိကန္ေဒၚလာ ဘီလ်ံနဲ႔ခ်ီၿပီး ထိခိုက္နစ္နာပ်က္စီးခဲ့ရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.